News, Review

Googleက Android Deviceများတွင် ကျန်းမာရေး၀န်ဆောင်မှုပေးမယ့် Google Fitကို ကြေညာ

Google Fit Is Android's New Health and Fitness Tracking Service

Googleက ဇွန်လ ၂၅ ရက်မှာ ကျင်းပပြုလုပ်တဲ့ Google I/O Developers Conferenceမှာ Android Deviceများမှာ အသုံးပြုနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေးကို စောင့်ကြည့်တိုင်းတာပေးနိုင်တဲ့ Google Fitကို ကြေညာလိုက်ပါတယ်။

Googleက Google Fitဟာ Open Platformဖြစ်ပြီး Developerများ Appများရေးသားရာတွင် Google Fitရဲ့ စွမ်းဆောင်ချက်များကို အသုံးပြုနိုင်မယ်လို့ ကြေညာပါတယ်။ Google Fitရဲ့ SDKကို လာမယ့် ရက်သတ္တပတ်များမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။ Developerများက သူတို့ရဲ့ Appမှာ အသုံးပြုသူရဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေး သတင်းအချက်အလက်များကို ရယူနိုင်ပြီး အဲဒီသတင်းအချက်အလက်များကို Google Fitက တစ်စုတစ်စည်းထဲသိမ်းပေးမှာပါ။

မိုဘိုင်းဖုန်းများနဲ့ စမတ်နာရီလို ချပ်၀တ်တန်ဆာကွန်ပြူတာများမှ Sensorများကို အသုံးပြုခြင်းဖြင့် ၀တ်ဆင်သူများဟာ မိမိရဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေးကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်အောင် ကူညီပေးမယ့် Noom Appဟာ လေ့ကျင့်ခန်းပြုလုပ်မှု သတင်းအချက်အလက်များနဲ့ ကိုယ်အလေးချိန်ကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနိုင်သလို စားသောက်တဲ့ အမူအကျင့်များကို သိရှိပြီး အကြံပြုပြသပေးမှာပါ။ ကွတ်ကီးစားတာသိပ်များနေရင် တားမြစ်ပေးမှာဖြစ်ပါတယ်။

Noomဟာ Google Fitရဲ့ အစောဆုံး လက်တွဲဖော်တစ်ဦးဖြစ်ပြီး အခြားလက်တွဲဖော်ကုမ္ပဏီများမှာ Nike+, LF, Adidas, Basis, Runtastic, RunKeeper, Polar, HTC and Motorola တို့ဖြစ်ပါတယ်။

Appleကလည်း မကြာသေးမီ ရက်သတ္တပတ်များကပဲ iOS 8မှာ ထည့်သွင်းပေးမယ့် Health Appအသစ်နဲ့ HealthKitဆိုတဲ့ ကျန်းမာရေး၀န်ဆောင်မှုကို ကြေညာခဲ့ပါတယ်။ သဘောတရားက Appleရဲ့ Passbook Appနဲ့ ဆင်တူပါတယ်။ Passbookက ရုပ်ရှင်လက်မှတ်များ၊ ကူပွန်များနဲ့ လေကြောင်းလိုင်းထွက်ခွာခွင့် လက်မှတ်များကို တစ်နေရာထဲမှာ သိမ်းပေးမှာဖြစ်ပါတယ်။ Nikeလို Third-Party Appsများမှ သတင်းအချက်အလက်များကိုလည်း တစ်နေရာထဲမှာ သိမ်းပေးမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *