Featured, Review

Googleက 3D Tabletကို ပြသ

Googleက ပတ်၀န်းကျင်ရှိ အရာများကို 3Dပုံရိပ်အနေနဲ့ ပုံဖော်နိုင်ပြီး Sensorများတပ်ဆင်ထားတဲ့ စမတ်ဖုန်းများကို တီထွင်နေပါတယ်။ အဆိုပါ စီမံကိန်းကို Project Tangoလို့ အမည်ပေးထားပါတယ်။ အခုတော့ Googleက 3D Tabletကို ထပ်မံပြသလိုက်ပါတယ်။ Googleက 3D Smartphoneကို လွန်ခဲ့တဲ့ လေးလက ပြသခဲ့တာ ဖြစ်ပါတယ်။ 3D Smartphoneများဟာ အဆောက်အဦးအတွင်း လမ်းညွှန်ပေးနိုင်သလို အမြင်အာရုံ ထောက်ပံ့မှုများ ပြုလုပ်နိုင်ပါတယ်။ ဂိမ်းကစားတဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အခုပြသလိုက်တဲ့ တက်ဘလက်ကို ဒေါ်လာ ၁၀၂၄နဲ့ ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ Googleက 3D တက်ဘလက် အလုံးရေ ထောင်နဲ့ ချီပြီး ထုတ်လုပ်နေတယ်လို့ အခြား သတင်းများက ဖော်ပြခဲ့ဖုးပါတယ်။

တက်ဘလက်ကို Nvidiaနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ခုနစ်လက်မအရွယ် မျက်နှာပြင်တပ်ဆင်ထားပါတယ်။ Tegra K1 Processor, 4GB RAM, 128GB Storageနဲ့ LTE ဆက်သွယ်မှု အသုံးပြုနိုင်ပါတယ်။ 3D Smartphoneထက် ထူးခြားချက်ကတော့ ပတ်၀န်းကျင်ရှိ အရာ၀တ္ထုများကို တိုင်းတာနိုင်ပြီး 3D ပုံရိပ်များအဖြစ် ပုံဖော်နိုင်တဲ့ ကင်မရာနဲ့ စွမ်းရည်မြင့် Sensorများ တပ်ဆင်ထားတာဖြစ်ပါတယ်။ အဆောက်အဦးအတွင်း လမ်းညွှန်မှုများကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Googleက တက်ဘလက်ကို အသုံးချနိုင်တဲ့ နည်းလမ်းများစွာ ရှိတယ်လို့ ပြောပါတယ်။ အဓိက အနေနဲ့ အများပြည်သူ အဆောက်အဦးများရဲ့ အတွင်းပိုင်းကို ပုံဖော်နိင်ဖို့ ဖြစ်ပါတယ်။ Googleက Developerများကို တက်ဘလက်များ ပံ့ပိုးပေးထားပြီး အနာဂတ် မိုဘိုင်း 3D Sensorနည်းပညာကို တိုးတက်စေဖို့ ဖြစ်ပါတယ်။

Googleရဲ့ Advanced Technology and Projects Group (ATAP)က Tango Smartphoneကို ပြသခဲ့စဉ်က သူတို့ရဲ့ နည်းပညာဟာ အစောပိုင်း အဆင့်ပဲ ရှိပါသေးတယ်လို့ ၀န်ခံခဲ့ပါတယ်။ အခုတော့ Googleက အဲဒီနည်းပညာကို Developerများကို ဖြန့်ချီပေးလိုက်ပြီဖြစ်တဲ့အတွက် Tango Smartphone, Tabletများဟာ မကြာမီမှာ စားသုံသူများလက်ထဲ ရောက်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။ သူတို့ရဲ့ နည်းပညာဟာ ဘယ်အခြေအနေ ရောက်ပြီလဲဆိုတာကို ကြေညာခြင်းမရှိပေမယ့် ATAPက အနာဂတ်ဟာ အလွန်ဆန်းကြယ်တော့မယ်လို့ ပြောပါတယ်။

Googleရဲ့ 3D Tabletကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *