Automobile, Featured, Review

Googleက အလိုအလျောက်မောင်းနှင်တဲ့ကားသစ်တစ်မျိုးကို ပြသ

Googleက အလိုအလျောက်မောင်းနှင်တဲ့ကားသစ်တစ်မျိုးကို ပြသ

Googleရဲ့ အလိုအလျှောက် မောင်းနှင်တဲ့ ကားများကို မြန်မာအိုင်စီတီ စာဖတ်ပရိသတ်များ မြင်တွေ့ခဲ့ပြီးပါပြီ။ အခုတစ်ခါမှာတော့ ကားဒီဇိုင်းအသစ်တစ်မျိုးကို Googleက ထပ်မံပြသလိုက်ပါတယ်။ အဲဒီကားနဲ့ အရင်ကားများနဲ့ မတူတဲ့အချက်က ကားအသစ်မှာ စတီယာရင်နဲ့ ခြေနင်းများ မပါရှိတာဖြစ်ပါတယ်။ Google X စီမံကိန်းက အဲဒီကားများကို တီထွင်နေတာ ဖြစ်ပါတယ်။

Googleက Toyotaနဲ့ Lexusတို့ရဲ့ ကားများမှာလည်း သူ့ရဲ့ အလိုအလျှောက် မောင်းနှင်တဲ့ နည်းပညာကို ထည့်သွင်းပြသခဲ့ပြီးပါပြီ။ အခုကားသစ်ကို Recode Conferenceမှာ ကြေညာခဲ့တာ ဖြစ်ပြီး လူနှစ်ယောက်စီးနင်းနိုင်တဲ့ ဒီဇိုင်းအသစ်ဖြစ်ပါတယ်။ ကားမှာ ကွန်ပြူတာနဲ့ Sensorများ တပ်ဆင်ထားပြီး လူရဲ့ အကူအညီလုံး၀မပါဘဲ အလိုအလျှောက် မောင်းနှင်တာဖြစ်ပါတယ်။

အခုပြသတဲ့ကားဟာ နမူနာပုံစံ အဆင့်သာ ရှိသေးတယ်လို့ Googleက ပြောပါတယ်။ အဲဒီကားကို နွေရာသီမှာ စမ်းသပ်ဖို့ အစီးရေ တစ်ရာ၀န်းကျင် တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အရင်ကပြသခဲ့တဲ့ ကားများမှာတော့ အလိုအလျှောက်မောင်းနှင်မှုစနစ် မှားယွင်းသွားရင် လူကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ စတီယာရင်နဲ့ ခြေနင်းများပါရှိပါတယ်။ အခုကားသစ်ကို Googleက အတော်လေး စိတ်ချယုံကြည်ပုံ ပေါ်ပါတယ်။

Googleရဲ့ မဟာ ရည်မှန်းချက်ကတော့ လူများမောင်းနှင်တဲ့ ကားများထက် ပိုမိုလုံခြုံဘေးကင်းစေတဲ့ ကားများကို တီထွင်ဖို့ ဖြစ်ပါတယ်။ အမေရိကန်မှာ ကားမတော်တဆမှုကြောင့် တစ်နှစ်လျှင် လူပေါင်း ၃၃၀၀၀ အသက်ဆုံးရှုံးနေပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၁.၂ သန်း ဖြစ်ပါတယ်။ Googleက လူတွေထက် အာရုံခံမှုကောင်းပြီး ပိုမိုလျှင်မြန်စွာ တုန့်ပြန်နိုင်တဲ့ သူတို့ နည်းပညာကို အသုံးပြုခြင်းဖြင့် မတော်တဆမှုများရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို လျှော့ချနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Googleရဲ့ အလိုအလျှောက် မောင်းနှင်တဲ့ကားကို အောက်ကဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *