သွားရင်းလာရင်း Facebookအသုံးပြု နိုင်အောင် Facebookဗားရှင်း အသစ်ကို တင်ဆက် ပေးလိုက်ပါတယ်။ အန်းဒရွိုက်မှာ အသုံးပြုရမှာ ဖြစ်ပြီး ဖိုင်အရွယ်အစား 4.0MBနဲ့ ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ ဒီဗားရှင်းမှာ ဓာတ်ပုံတွေကို Photo Viewerကနေ တစ်ဆင့် သင့်ရဲ့စမတ်ဖုန်းထဲ တစ်ခါတည်း သိမ်းဆည်းနိုင်ပြီး News Feedမှာ ဓာတ်ပုံတွေ ပေါ်ရမယ့်နေရာမှာ Blankမဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Galaxy S4, S3, Note 2, Nexus 4, HTC One X, One X+နဲ့ HTC Oneစတဲ့ စမတ်ဖုန်းတွေရဲ့ Lock Screenကိုလည်း Facebook Homeအနေနဲ့ ထားပြီး သင့်သူငယ်ချင်းတွေရဲ့ Updateတွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့Lock Screenထိပ်ဆုံးမှာ Status Barကို Defaultအနေနဲ့ ပြထားပေးပြီး ဒီဗားရှင်း အသစ်ဟာ Samsung Galaxy S4, HTC Oneနဲ့ Nexus 4စမတ်ဖုန်းတွေ အတွက်ကိုလည်း Supportပေးထားတယ် လို့သိရပါတယ်။
အန်းဒရွိုက်အတွက် Facebookဗားရှင်း အသစ်

29
Aug