News

LGမှ ရန်ကုန် နည်းပညာတက္ကသိုလ်(YTU)ကို နည်းပညာပိုင်း ကူညီမည်ဟုဆို

ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)ကို LG ကုမ္ပဏီက နည်းပညာပိုင်းမှာ အကူအညီပေးသွားမှာ ဖြစ်တယ်လို့ မြန်မာပြည်ရှိ LGကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ “နည်းပညာနဲ့ နှီးနွယ်တ့ဲ အရာအားလုံးကို အကူညီပေးဖို ့ဆောင်ရွက်သွားမှာ ဖြစ်ပြီး LGကုမ္ပဏီမှ ဖြန့်ချိမယ့် ဖုန်းတွေရဲ့ နည်းပညာကိုလည်း ရန်ကုန်နည်းပညာတက္ကသိုလ်နဲ ့စပ်သပ်ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု LG Electronics (Myanmar Branch)မှ မန်နေဂျင်းဒါရိုက်တာ Mr. Min Parkမှ ပြောကြားခဲ့ပါတယ်။

LG ကုမ္ပဏီဟာ လက်ရှိမှာ မြန်မာနိုင်ငံသို့ ဖုန်းတင်သွင်း ရောင်းချမှုတွေ ပြုလုပ်နေပြီး နောက်နှစ်များတွင် မြန်မာ့ဖုန်းဈေးကွက်မှာ ယခုထက်ပိုပြီး ရောင်းအားမြင့်တက်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Mr. Min Parkက ပြောပါတယ်။ မြန်မာ့ဈေးကွက်ထဲကို နည်းပညာဆန်းသစ်ထားတဲ ့ LGရဲ့ G2 စမတ်ဖုန်းတွေကို အောက်တိုဘာလမှာ တင်သွင်းဖြန့်ချိဖို ့ဆောင်ရွက်နေပြီး LG စမတ်ဖုန်းတွေကို မြန်မာနိုင်ငံနှင့် အဆင်ပြေအောင် မြန်မာဘာသာကိုလည်း ထည့်သွင်းထားတယ်လို ့သိရပါတယ်။ LG မှ လတ်တစ်လောမှာ မိုးရာသီ ပရိုမိုရှင်းအစီအစဉ်အနေနဲ့ L3, L5, L7, L9, 4X HD, Nexus 4, Optimus Gစမတ်ဖုန်းတွေကို ၁၃ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချ လျက်ရှိပြီး LG Optimus G Pro ကိုလည်း သြဂုတ်လ ၁၀ ရက်နေ့က မြန်မာ OS စနစ်ပါ၀င်တဲ့ဖုန်း အဖြစ်နဲ့ မြန်မာနိုင်ငံမှာ ဖြန့်ချိခဲ့ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *