News

LG က စမတ်ဖုန်းအတွက် HD LCD Display Panel အသစ် မိတ်ဆက်

LG နည်းပညာကုမ္ပဏီမှ စမတ်ဖုန်းတွေအတွက် အရည်သွေးမြင့် Display Panel ဖြစ်သည့် Quad HD AH-IPS LCD Panel ကို သြဂုတ်လ (၂၂) ရက်နေ့တွင် ဆိုးလ်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။ ၅ ဒဿမ ၅ လက်မရှိသည့် Quad Panel သည် 2560x 1440 resolution နှင့် 538 ppi (Pixel Per Inch) အစရှိသည့် အရည်အသွေးတို့ကို ပိုင်ဆိုင်ထားပြီး နောက်ထပ်ထွက်ရှိမည့် စမတ်ဖုန်းများတွင် စတင်အသုံးပြုသွားနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
“LG ရဲ့ စမတ်ဖုန်းတွေကို ပထမဦးဆုံးအနေနဲ့ ၂၀၁၂ ခုနှစ်က စပြီး Full HD display တွေကို အသုံးပြုပြီး ကြည့်ရှုသူတွေအတွက် resolution မြင့်မြင့်နဲ့ ကြည့်ရှုနိုင်အောင် ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခု ကဲ့သို့ ထုတ်လုပ်နိုင်မှုက မိုဘိုင်းဖုန်းတွေရဲ့ resolution စနစ်ကို မြှင့်တင်ပေးနိုင်သလို ဈေးကွက်မှာလည်း ဦးဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ဖြစ်ပေါ်စေပါတယ်”ဟု LG Electronic ကုမ္ပဏီ၏ Display’s IT and Mobile Development Group ၏ အကြီးအကဲနှင့် Vice President ဖြစ်သူ Dr. Byeong-koo Kim က ပြောကြားခဲ့ ပါသည်။ ထို့နောက် Dr.Byeong-koo Kim က နောက်ပိုင်းတွင် အသစ်ထွက်ရှိလာမည့် စမတ်ဖုန်းများတွင် ယခု တီထွင်ထုတ်လုပ်လိုက်သည့် Display Panel ကို အသုံးပြုသွားမည်ဟု ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *