News

“Play & Share LG G2” ပြိုင်ပွဲ၀င်ရန် LG မှဖိတ်ခေါ်ခြင်း

LG Electronic ကုမ္ပဏီမှ Online event တစ်ခုအနေဖြင့် “Like & Share LG G2” ပြိုင်ပွဲကို သြဂုတ်လ (၂၁) ရက်နေ့မှ စက်တင်ဘာလ (၁၁) ရက်နေ့အထိ သုံးစွဲသူတွေအတွက် စီစဉ်ထားကြောင်း LG ကုမ္ပဏီမှ သြဂုတ်လ (၂၂) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
LG သုံးစွဲသူများအတွက် နောက်ဆုံး ထုတ်လုပ်လိုက်သည့် Premium Smart phone ဖြစ်သည့် G2 ၏ feature များကို စမ်းသပ်နိုင်မယ့် အခွင့်အရေးတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အခွင့်အရေး ကို ပါ၀င်ယှဉ်ပြိုင်လိုသူများအနေဖြင့် Facebook နှင့် Twitter စသည် ့Social Network Sites များတွင် ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်၊သတင်းများကို Share ပေးရုံဖြင့် LG G2 smartphone, LG Bluetooth Headset နှင့် Google Play Store Gift Card များကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယှဉ်ပြိုင်ရမည့် Website မှာ http://g2-event.LGmobile.com တွင် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘာသာစကား ခုနှစ်မျိုးဖြင့် အဆိုပါ ပြိုင်ပွဲအကြောင်းအရာ များကို ရေးသားဖော်ပြထားကြောင်း သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *