News

Appleနဲ့ Samsungတို့ရဲ့ တိုက်ပွဲ

ပြိုင်ဆိုင်မှုအင်အား ပြင်းထန်လာနေတဲ့ ကမ္ဘာကျော်မိုဘိုင်း လုပ်ငန်းစုကြီးနှစ်ခုဖြစ်တဲ့ Appleနဲ့ Samsungတို့ဟာ ပြင်းထန်တဲ့ မိုဘိုင်းဈေးကွက်တစ်ခုကို ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံမှာ ရင်ဆိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ Samsung ဘက်ကအရေးနိမ့်ခဲ့တာကို Appleရဲ့အင်တာနက် စာမျက်နှာတစ်ချို့မှာ ကြေညာထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို အရေးနိမ့်ခဲ့တဲ့အတွက် Samsungတံဆိပ် မိုဘိုင်းပစ္စည်းအချို့ အမေရိကန်မှာ ရောင်းချခွင့် ပိတ်ပင်ခံရနို်င်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံက မိုဘိုင်းဈေးကွက်တွေရဲ့ စစ်တမ်းအရ Appleထက် Samsungက ရောင်းချမှုအား အကောင်းဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် အဲဒီတံဆိပ်နှစ်မျိုးစလုံးကို အမေရိကန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ကော်ပိုရေးရှင်း (ITC)မှ ဦးဆောင်စစ်ဆေးမှုများ ပြုလုပ်ကာ အဲ့ဒီတံဆိပ်နှစ်မျိုးစလုံးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ထုတ်ဖော်ကြေညာပေးခဲ့ပါတယ်။ အဲ့ဒီလို စစ်ဆေးဖော်ထုတ်ရာမှာ Samsungဘက်က နည်းပညာတစ်ချို့က Appleရဲ့ နည်းပညာအချို့ကို တုပပြုလုပ်ထားတာ တွေ့ရပါတယ်လို့ဆိုပါတယ်။

ဒီစစ်ဆေးမှုမှာ Apple ကို Samsung က ရှုံးနိမ့်သွားတဲ့အတွက် ၎င်းအမှတ်တံဆိပ် ပစ္စည်းအချို့ကို အမေရိကန်နိုင်ငံမှာ ရောင်းချခွင့် ရပ်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။ အရင်နှစ်တွေကလည်း အဲ့ဒီအင်အားကြီး မိုဘိုင်းလုပ်ငန်းစု နှစ်ခုဟာ ယှဉ်ပြိုင်မှုများနှင့် ပိတ်ဆို့မှုများရှိခဲ့ပေမယ့် Samsungက အရှိန်အဟုန်ကြီးကြီးနဲ့ ထိုးဖောက်နိုင်ခဲ့လို့ မိုဘိုင်းဈေးကွက်မှာ ထိပ်ဆုံးနေရာက ရပ်တည်မြဲ ရပ်တည်ခဲ့ပါတယ်။ ခုအချိန်မှာ အမှန်တကယ် Samsungမိုဘိုင်းပစ္စည်းများ ရောင်းချခွင့်ရပ်ဆိုင်းရပါက သူ့အတွက် ကြီးမားတဲ့ ဈေးကွက်ဆုံးရှုံးမှုဖြစ်မယ်လို့ Samsungပရိသတ်များရဲ့ အင်တာနက် စာမျက်နှာများမှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဈေးကွက်အတွင်း နေရာအခိုင်အမာ ရရှိနေပြီးမှ အခုလိုရောင်းချခွင့် ရပ်ဆိုင်းရတော့မယ် ဆိုတဲ့အတွက် Samsungရဲ့ ကမ္ဘာအနှံ့အပြား ရောင်းချရမှုမှာ အမေရိကန်လို နိုင်ငံကြီးတစ်ခုစာ ဝင်ငွေဆုံးရှုံးမှုဟာ အလွန်တရာ ကြီးမားလွန်းလှတဲ့အတွက် Appleကို တန်ပြန်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ Samsungပရိသတ် စာမျက်နှာများမှာ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအင်အားကြီးမိုဘိုင်း လုပ်ငန်းစုနှစ်ခုရဲ့ တိုက်ပွဲကတော့ အဆုံးသတ်နိုင်ဦးမှာ မဟုတ်ပါဘူး။ Appleအနေနဲ့လည်း Samsungရဲ့ နည်းပညာတွေကို တုပပြုလုပ်ထားတာမျိုးတွေကို Appleရဲ့မိုဘိုင်း ပစ္စည်းအချို့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *