Mobile

ဘယ်စမတ်ဖုန်းတွေ ၀ယ်ကြမှာလဲ?

ဘယ်စမတ်ဖုန်းဟာ သင့်အတွက် အကောင်းဆုံးဆိုတာကို မြန်မာအိုင်စီတီ ပရိတ်သတ်ကြီး ရွေးချယ်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

၁။ နံပါတ်တစ် Suggestလုပ်ချင်တာကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Motorolaရဲ့ Moto Xစမတ်ဖုန်းပါ။ ၁၉၉ဒေါ်လာ သတ်မှတ်ထားပြီး ကြာရှည်ခံတဲ့ Batteryသက်တမ်း၊ စတိုင်ကျလှပမှုနဲ့ အတူ ကောင်းမွန်မြန်ဆန်တဲ့ ကင်မရာတွေနဲ့ ရွေးချယ်၀ယ်ယူသင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေ နှစ်သက်မယ့် ဒီဇိုင်းလည်းရှိပြီး အသံနဲ့ထိန်းချုပ်တဲ့ စနစ်ပါ၀င်လာတာ ကလည်း နှစ်သက်စရာပါ။ မကြိုက်တဲ့ အချက်လေးတွေကတော့ အချက်အလက်သိုလှောင်မှုကို ထပ်ပြီးမတိုးနိုင်တဲ့ အပြင်Screenဟာလည်း အခြားဖုန်းတွေလို ကြီးကြီးမားမားနဲ့ ပါးလွှာမှုမရှိပါဘူး။ ဒါပေမယ့် သက်တောင့်သက်သာဖြစ်တဲ့ ဒီဇိုင်း၊ အသံထိန်းချုပ်မှုစနစ်၊ ကြာရှည်ခံတဲ့ Batteryအစရှိတဲ့ အချက်တွေနဲ့တင် Moto Xဟာ အန်းဒရွိုက်ပြိုင်ဘက်ကောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ အဆိုပါ ဖုန်းနဲ့ ပတ်သက်လို့ ဒီနေရာမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။

၂။ နောက်တစ်ခုကတော့ Nokia Lumia 1020ပါ။ အဆိုပါ ဖုန်းနဲ့ ပတ်သက်ပြီး မြန်မာအိုင်စီတီရဲ့ Reviewကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ ယနေ့ခေတ်မှာ လူငယ်တွေအသုံးအများဆုံး ကင်မရာကို ဦးစားပေး တည်ဆောက်ထားတာ ဖြစ်လို့ 41MPနဲ့ ဒီစမတ်ဖုန်းဟာ ရုပ်ထွက်အရည်အသွေးလည်း အထူးပြောစရာမလိုအောင် ကောင်းမွန်လှပါတယ်။ ဒါ့အပြင် Photo Editလုပ်ဖို့ Optionတွေများစွာ ပါ၀င်လာတာကလည်း Lumia 1020ရဲ့ ဆွဲဆောင်မှု တစ်ရပ်ဖြစ်ပါတယ်။ အပြစ်လေးတွေကတော့ ကင်မရာအတွက် တပ်ဆင်ပေးထားတဲ့ Lensဟာ ကြီးမားနေပြီး Camera Appတွေ များစွာ ထည့်ထားတာဟာ ခေါင်းရှုပ်စေပါတယ်။ ပြီးတော့ ပုံမှန်ရိုက်ကူးဖို့ အတွက်လည်း Manual F-Stop Controlနဲ့ Presetကို မတွေ့ရပါဘူး။ မိုဘိုင်းအသုံးပြု ဓာတ်ပုံချစ်သူတွေကတော့ ဒီဖုန်းလေးကို နှစ်သက်မှာ သေချာပါတယ်။ သို့သော်လည်း ပုံမှန်အသုံးပြုချင်သူ အတွက်တော့ ဈေးပိုသက်သာတဲ့ ရိုးရိုး စမတ်ဖုန်းတစ်လုံးကို ၀ယ်ယူလိုက်တာ ပိုကောင်းပါလိမ့်မယ်။

၃။ လက်ရှိ ပြည်တွင်းမှာ နာမည်ကြီးနေတဲ့ HTC ONEစမတ်ဖုန်းပါ။ အံ့သြဖွယ်ရာ ဒီဇိုင်းနဲ့ ငေးမောသွားစေမယ့် Displayဆိုတဲ့ အချက်နှစ်ချက်နဲ့တင် HTC ONEကို ရွေးချယ်ဖို့ လုံလောက်သွားပြီ လို့ဆိုပါတယ်။ အဆိုပါ ဖုန်းဟာ လှပတဲ့ သတ္တုကိုယ်ထည်၊ စွမ်းရည်ပြည့်၀တဲ့ Quad-Core Porcessor, လှပတဲ့ 1080p ရုပ်ထွက်အရည်အသွေးနဲ့ 4.7inches အကျယ်ရှိ Displayနဲ့ အန်းဒရွိုက်ဗားရှင်းကို Jelly Beanအသုံးပြု ထားခြင်းဟာလည်း ၎င်းရဲ့ ဆွဲဆောင်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် SD Cardထပ်ထည့်လို့ မရတဲ့အပြင် Batteryလည်း ဖြုတ်လို့မရပါဘူး။ ဒါ့အပြင် ၎င်းဖုန်းဟာ အမေရိကန် Telecomဖြစ်တဲ့ Verizonမှာလည်း သုံးလို့ မရသေးဘူးဆိုတာ သိရှိရပါတယ်။

၄။ တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီထုတ် Galaxy S4ဟာလည်း ၀ယ်ယူဖို့ စဉ်းစားရမယ့် ထိပ်တန်း စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ပရိသတ်ကြီးကို သတင်းပေးချင်တာ ကတော့ မကြာခင်မှာ Galaxy S4ကို လှပတဲ့ အရောင်တစ်မျိုးနဲ့ အသစ်ထပ်မံ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ microSD ကဒ်အသုံးပြုနိုင်ပြီး Quad-Core Processor, ကောင်းမွန်လှတဲ့ ကင်မရာနဲ့ အန်းဒရွိုက်ဗားရှင်း 4.2.2အသုံးပြုထား ပါတယ်။ ယခုလက်ရှိ ပြည်တွင်းမှာလည်း ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

၅။ နောက်တစ်ခုကတော့ Appleရဲ့ လက်ရှိနောက်ဆုံးထွက် iPhone 5ပါ။ Apple ထုတ်ကုန်တွေရဲ့ ထုံးစံအတိုင်း အရည်အသွေးပိုင်းကတော့ ထိပ်တန်းပါပဲ။ ထို့အတူ ဈေးကလည်း ထိပ်တန်းပါပဲဗျာ။ အဆိုပါ iPhone 5မှာ ပိုမိုကျယ်ပြန့်ပြီး ပါးလွှာတဲ့ Screenနဲ့ အတူ A6 Processorတပ်ဆင်ထားပြီး ပေါ့ပါးတဲ့ခံစားမှု ရရှိစေမှာပါ။ NFCစနစ်တော့ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ မကြာခင် ထွက်ရှိလာမယ့် iPhone မျိုးဆက်သစ်ရဲ့ သတင်းကိုလည်း ဒီနေရာမှာ လေ့လာနိုင်ပါတယ်ဗျာ။

၆။ LGရဲ့ Optimus G Proစမတ်ဖုန်းပါ။ အမေရိကန် Telecomဖြစ်တဲ့ AT&Tမှာတော့ ၉၉ဒေါ်လာပဲ ရှိပါတယ်။ Iron-Pumping Processor, လှပကြီးမားတဲ့ ၅.၅လက်မအရွယ် မြင်ကွင်းနဲ့ 13MPအရည်အသွေး ရှိတဲ့ ကင်မရာတွေ အပြင် Jelly Bean အန်းဒရွိုက်ဗားရှင်း အသုံးပြုထားပါတယ်။ အဆိုပါ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး မြန်မာအိုင်စီတီက ရေးသားထားတဲ့ သတင်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ အဆိုပါ စမတ်ဖုန်းမှာ မြန်မာစာ OSပါ၀င်တယ်လို့ ကြေညာထားတာ ပါပဲ။ Snapdragon 600 Processorနဲ့ ပါးလွှာပြီး တောက်ပတဲ့ မျက်နှာပြင်တွေဟာလည်း LGရဲ့ ဆွဲဆောင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ၅.၅လက်မရှိတဲ့ အဆိုပါ အရွယ်အစားဟာ အလွန်ကြီးမားတယ်လို့ ပြောဆိုနေကြပြီး ၎င်းရဲ့ Batteryသက်တမ်းဟာလည်း ကြာရှည်မခံတာကို တွေ့ရပါတယ်။ Samsung Galaxy Note 2ထက်တော့ ဈေးသက်သာပြီး AT&T Telecomအတွက်တော့ အကောင်းဆုံး Phabletဖြစ်တယ်လို့ သိရပါတယ်။

၇။ Samsung Galaxy Note 2ပါ။ အားလုံးသိတဲ့ အတိုင်း S-Penဆိုတဲ့ Stylusပါတဲ့ အပြင် အဆိုပါ စမတ်ဖုန်းဟာ Phabletတွေရဲ့ ခေတ်ဦးလို့ ဆိုရမှာပါ။ အန်းဒရွိုက်ဗားရှင်း 4.1ကို အသုံးပြုထားပြီး အရမ်းကောင်းမွန်တဲ့ ကင်မရာနဲ့ Quad-Core Processor, ကြာရှည်ခံတဲ့ Batteryစတာတွေဟာ အဆိုပါ ဖုန်းကို ၀ယ်ယူဖို့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖုန်းရဲ့ အရမ်းကို ကြီးမာနေတဲ့ အရွယ်အစားဟာ သယ်ရပြုရ အဆင်မပြေဘူးလို့ ဆိုပါတယ်။

၈။နောက်ဆုံးတစ်ခုက Samsungရဲ့ Galaxy S3 စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ 8MP Camera, Dual-Core Processorနဲ့ S Beamဆိုတဲ့ Softwareတွေ ပါ၀င်လာတဲ့ အပြင် အန်းဒရွိုက်ဗားရှင်း 4.0 ICSကို အသုံးပြုထားပြီး ပြည်တွင်းမှာ ၀ယ်ယူရရှိနိုင်တဲ့ နာမည်ကြီး ဖုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

4 thoughts on “ဘယ်စမတ်ဖုန်းတွေ ၀ယ်ကြမှာလဲ?

  1. T Ra Zaw says:

    Why not XPERIA Z in the list ? Should be…

  2. Thein Win says:

    S4 ကို ပုိႀကိဳက္တယ္ဗ်ာ။

  3. Nai Win Kyaw says:

    S 4 က ဓာတ်ပုံ ရိုက်ရင် ပေါ်တာကြာတယ် …..

  4. Zay Yar Win Htut says:

    iphone 5 ပဲဗျာ….

Leave a Reply

Your email address will not be published. Required fields are marked *