ယနေ့အချိန် ပြည်တွင်း၌ ဖုန်းဖြင့် ဆက်သွယ်ခေါ်ဆိုမှုများ များပြား လာသည့် အပြင် ဈေးနှုန်းနည်းပါးပြီး သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း စာတိုဖြင့် အပြန်အလှန်ဆက်သွယ်သည့် SMS ပေးပို့ခြင်းကလည်း ခေတ်စားလာခဲ့ပါတယ်။ ယခု မိတ်ဆက်ပေးချင်တာကတော့ Apple မှ iOS 5.1 ထုတ်လုပ်ခြင်းနှင့်အတူ ပူတွဲ ပါဝင်ခဲ့သည့် iMessage ပဲဖြစ်ပါတယ်။ iPhone အသုံးပြုသူများမှာ မိမိတို့၏ ဖုန်း၌ wi fi connection ရရှိနေပါက iMessage ကို sign in ဝင်ရောက်ကာ သူငယ်ချင်း အချင်းချင်း အပြန်အလှန် message ပေးပို့နိုင်မည် ဖြစ်ပြီး ထူးခြားချက်ကတော့ ၄င်းဟာ အင်တာနက် ကွန်နက်ရှင်ကိုသာ အသုံးပြုသည့် အတွက် message ပေးပို့သူများမှာ မည်သည့် နှုန်းထားမှ ပေးစရာမလိုပဲ အခမဲ့ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ယခင်အချိန်များတွင် ပြည်တွင်း ကော်နက်ရှင် အခက်အခဲများကြောင့် messaging software များကို အသုံးပြုနိုင်ခြင်း ခက်ခဲခဲ့ရာမှ ယခု အခါတွင် အသုံးပြုလာနိုင်ခြင်း ဖြစ်ပါတယ်။
iMessage ကို ပြည်တွင်း၌ အသုံးပြုနိုင်ပြီ

07
May