Mobile

စွမ်အားအမြင့်ဆုံး Laptop (သို့) ASUS VX7SX-S1115V

Laptop တစ်လုံး ဝယ်တော့မယ် ဆိုရင်လူတိုင်းက ကိုယ်အသုံးပြုမယ့်ရည်ရွယ်ချက်အလိုက်ဝယ်ကြတာများပါတယ်။ ဥပမာ ဂိမ်းကစားမယ့်သူက Graphic ကောင်း၊ မကောင်းကြည့်မယ်။ ရုံးအလုပ်ကိစ္စတွေကို မြန်မြန်ဆန်ဆန် ပြုလုပ်ချင်သူတွေကတော့ Memory နဲ့ Processor ကို ကြည့်မှာပါ။ အခု ASUS ရဲ့ VX7SX-S1115V ကတော့ ဒီလိုမျိုး စွမ်းအားမြင့်မြင့်နဲ့ Laptop ကိုမှ လိုချင်တဲ့သူတွေအတွက် အကောင်းဆုံးစိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါတယ်။ အကြောင်းကတော့ သူ့မှာပါတဲ့ CPU က Intel 2760 QM (2.40 GHz) လို့ဆိုထားပြီး 3.50 GHz ထိတောင် Turbo မြင့်တက်သွားနိုင်စွမ်းရှိပါသေးတယ်။

ပြီးတော့ သုံးထားတဲ့ Memory ပမာဏကို ကြည့်မယ်ဆိုရင်လည်း 8GB ဖြစ်နေတဲ့အတွက် Desktop ထက်တောင် ပိုနေတယ်လို့ဆိုရပါမယ်။ ကွန်ပျူတာ ဝယ်သူူတိုင်း နီးပါး စိတ်ဝင်တစားကြည့်ရတဲ့ Graphic အပိုင်းကတော့ ဒီ Laptop ကို ထိပ်ဆုံးကို အရောက်ပို့ပေးတဲ့ စွမ်းအင်တွေ ရှိပါတယ်။ nVidia GeForce GTX 560M (3GB DDR5) တဲ့။ အံ့သြလို့မဆုံး နိုင်အောင်ပါပဲ။ သာမာန် ဂိမ်းတွေမဆိုထားနဲ့ Gamer တွေအနေနဲ့ နာက် ၃ နှစ် လောက်ထိ ကြိုက်တဲ့ဂိမ်းကို specification မကြည့်ဘဲ အလွတ်ဝယ်နိုင် ကစားနိုင်ပြီဖြစ်ပါတယ်။ သြော်၊ ဂိမ်းဆိုလို့ လူတွေက ဒီ Laptop ရဲ့ မျက်နှာပြင် အကျယ်ကို သိချင်နေကြမယ်။ ၁၅.၆ လက်မရှိတဲ့ မျက်နှာပြင်က resolution ကို 1920 x 1080 ပေးနိုင်တဲ့အတွက် Full HD ရတယ်ဆိုတာ မှန်းမကြည့်ဘဲ သိနိုင်ပါတယ်။

ပြောရရင်တော့ ဒီလိုမျိုး Screen Display မျိုးရှိတာက တခြား Laptop တွေလို Monitor သပ်သပ်ဝယ်ကြည့်ရမယ့် ဒုက္ခမျိုးက ကင်းေ၀းစေပါတယ်။ နောက်တစ်ခုအနေနဲ့ ဒီ Laptop ရဲ့အားသာချက် ကိုပြရမယ်ဆိုရင် Blu-ray DVD ပါလာတာပါပဲ။ လက်ရှိ အချိန်မှာ ဘယ်သူမှ Blu-ray DVD အချပ်တွေကို ဝယ်ကြည့်ဖို့ စိတ်ကူး မိမှာမဟုတ်ပေမယ့် သုံးထားတဲ့ Lens ရဲ့ ကြာရှည်ခံနိုင်မှုကတော့ အခြား ရိုးရိုး DVD တွေထက်စာရင် သက်တမ်းပိုရှည်ပါတယ်။ ASUS က ဒီ Laptop ကို ကိုယ့်ရဲ့ အချက်အလက်တွေသာမက မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အချက်အလက်တွေကိုပါ သိမ်းထားစေချင်ပုံပါပဲ။ Hard Disk ကို 1 TB ထည့်ထားပေးပါတယ်။

Laptop တစ်ခုကို ဝယ်တော့မယ်ဆိုရင် အဓိကအကျဆုံးနဲ့ အရေးကြီးဆုံး သတိထားကြည့်ရမှာက သူ့ရဲ့ Battery သက်တမ်းဖြစ်ပါတယ်။ Battery သက်တမ်းက ကြာရှည်ခံလေ အပြင်ပိုသယ်သွားလို့ရလေ၊ ပြောရရင် အပြင်လျှောက်သယ်သွားပြီး အလုပ် လုပ်လို့ရမယ်၊ ကြွားလို့ရမယ်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ASUS က ဒီအချက် ကိုလည်း လက်လွတ်မခံပဲ Laptop အတွင်းမှာ 8 Cells Battery ထည့်ပေးထားတာကြောင့် အနည်းဆုံး ၄ နာရီတော့ Laptop အတွင်း program ပေါင်းမျိုးစုံ ဖွင့်ပြီး စိတ်ကြိုက် သုံးနေနိုင်ပါလိမ့်မယ်။

အားသာချက်
Laptop တစ်ခုလုံးကို ဘက်ပေါင်းစုံနေရာလွတ်မကျန်အောင် စွမ်းအားမြင့် ပစ္စည်းတွေပဲ အသုံးပြုထားတဲ့အတွက် Laptop တစ်လုံးထဲနဲ့ အကုန်သုံးချင်သူတွေအဖို့ အကောင်းဆုံးလို့ဆိုနိုင်ပါတယ်။

အားနည်းချက်
ထည့်သွင်းထားတဲ့ ပစ္စည်းအလိုက် Laptop တစ်လုံးချင်းစီရဲ့ ဈေးနှုန်းက မြင့်မားပါတယ်။ ထို့အပြင် အနည်းငယ် အလေးချိန်စီးသလို ဖြစ်နေတဲ့ အတွက် သယ်ယူ သွားချိန်မှာ အနည်းငယ်တော့ မသက်မသာဖြစ်ရပါလိမ့်မယ်။

ခြုံငုံသုံးသပ်ချက်
အဆုံးသတ်အနေနဲ့ ဆိုရရင်တော့ ကိုယ့်မှာလည်း ငွေကြေးတတ်နိုင်တယ်၊ Desktop လည်းမဝယ်ချင်ဘူး၊ အားလုံးလည်း လုပ်ချင်တယ်ဆိုရင် ASUS VX7SX-S1115V ဟာ သင်ဝယ်ယူဖို့ ရွေးချယ်ရမယ့်အထဲမှာ အကောင်းဆုံး တစ်ခုအနေနဲ့ ရှိနေပါလိမ့်မယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *