Mobile

HTC Desire One X+

htc-desire-onex+

သင့်ဘ၀ စူပါပါဝါ

HTC One X+ သည် အလျင်မြန်ဆုံးသော နောက်ဆုံပေါ် ၁.၇ ဂစ်ဂါဟက်(စ်) GHz Quad Core Processor နှင့် စွမ်းအားဖြည့်ထားပါတယ်။ ယခင်ကထက် ပေါ့ပါးသွက်လက်၍ တု့ံပြန်စွမ်းအားကောင်းသော မိုဘိုင်း အတွေ့အကြုံတို့ကို ခံစားရမှာပါ။ ဒါကြောင့် အရင်က မရနိုင်သော မြန်ဆန်တဲ့နှုန်းနှင့် သင်လိုရာ အချက် အလက် အကြောင်းအရာတို့ကို ကူးယူရှာဖွေနိုင်ပါပြီ။ စွမ်းအားအတွက် HTC One X+ ဘက်ထရီကို စံချိန် အမြန်ဆုံး ပြုလုပ်ထားတဲ့အတွက် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။ 2100mAh ကို သုံးတဲ့ အတွက် တစ်ခါဘက်ထရီသွင်းထားရုံနှင့် တစ်နေကုန် အသုံးပြုနိုင်ပြီး ပုံမှန်ထက် ၃၅% ပိုမိုအသုံးပြုနိုင် ပါတယ်။ ၈၉ ဂစ်ဂါဘိုဒ် (GB) သိုလှောင်နိုင်ခြင်း၊ အကန့်အသတ်မရှိ စွမ်းအား တစ်ပေါင်းတည်း ထည့်သွင်း တည်ဆောက်ထားသော ၆၄ ဂစ်ဂါဘိုဒ် (GB) သိုလှောင်စွမ်းအားဟာ ထုတ်လုပ်မှု စွမ်းရည်ကို မြင့်မား လာအောင် ပြုလုပ်ပေးပြီး အပိုပါ၀င်သော ၂၅ ဂစ်ဂါဘိုဒ် (GB) Dropbox ရဲ့ စွမ်းအင်ဟာ အဆုံးအစမဲ့ ဖြစ်နိုင်စွမ်းအားကို ပေးစွမ်းထားပါတယ်။ ဓာတ်ပုံ 30000 (သို့မဟုတ်) သီချင်းအပုဒ်ရေ 15000 (သို့မဟုတ်) 100 နာရီစာရှိသော HD ဗီဒီယိုအခွေတွေအထိ သိမ်းဆည်းထားနိုင်စွမ်း ရှိပါတယ်။

Beats Audio ရဲ့ အားသာချက် Hi-Fi ရဲ့ စံနှုန်းအသစ်

သင့်အတွက် လိုအပ်နေတဲ့ အရာကတော့ အပြင်းစားတေးသံတွေကို နားသောတဆင်နိုင်ဖို့အတွက် ဆူညံ သံတွေကို ၁၀ဆ လျော့ကျသွားအောင် တီထွင်ထားပြီး ထွက်လာတဲ့ အသံလှိုင်းတွေကို အကောင်းဆုံး ဖြစ်အောင် ညှိပေးဖို့ပဲဖြစ်ပါတယ်။ အဲလိုဖြစ်အောင် Beats Audio နည်းတွေနဲ့ ပေါင်းစပ်လိုက်ခြင်းဖြင့် စတီဒီယိုမှာ ကိုယ်တိုင်နားဆင်ရတဲ့အလား သီချင်းတွေကို ကောင်းမွန်စွာ နားဆင်နိုင်ပါလိမ့်မယ်။ ဒီထက် ပိုကောင်းချင်လျင်တော့ Dr Dre က ထုတ်တဲ့ နားကြပ်နဲ့ တွဲသုံးပြီး ပိုထူးခြားတဲ့ အသံတွေကို နားဆင် နိုင်ပါတယ်။

အံ့ဖွယ်ကင်မရာ

ဓာတ်ပုံပညာရှင်ကို စိတ်အားထက်သန်သူတို့အတွက် ကျွနု်ပ်တို့ရဲ့ မျိုးဆက်သစ် (Image Sense) နည်းပညာဟာ သင့်ရဲ့ရိုက်ချက်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးပါလိမ့်မယ်။ ဓာတ်ပုံပညာရဲ့ နယ်ပယ်ကို ဒီထက်ပို၍ ကျယ်ပြန့်စေနိုင်တဲ့ အဂါၤရပ်တွေနှင့် ဖွဲ့စည်းထားပါတယ်။ ထိလိုက်ရုံဖြင့် ချိန်ပေးခြင်းနှင့် ရိုက်ကူးပေးခြင်းကို တစ်ချက်တည်းဖြင့် လုပ်ဆောင်ပေးပါလိမ့်မည်။ ချက်ချင်းနိုးကြားစေတဲ့ လုပ်ငန်းတာ၀န်ကတော့ ပါဝါခလုတ်ကို နှိပ်ရုံဖြင့် ကင်မရာကို စတင်သက်၀င်လှုပ်ရှားစေပါတယ်။
မှိန်ဖျော့သော အလင်းထဲမှ ရိုက်ကူးချက်တွေကို တောက်ပလင်းလက်လာအောင် ပြုလုပ်ချက်
ကျွနု်ပ်တို့ရဲ့ ကျယ်ပြန့်သော F2.0 တွင်် ကျဉ်းနိုင်၊ ချဲ့နိုင်သော အလင်း၀င်ပေါက်မှန်ပြောင်းဟာ အခြားသော ဖုန်းမှ ကင်မရာတွေထက် အလင်းကို ၄၄% ပိုပြီး ၀င်စေနိုင်ပါတယ်။ အနောက်ဘက်တွင် ပါရှိသော အလင်း စနစ်သည်အလင်းမညီမျှမှုကို HDR စနစ်ရဲ့အကူအညီမပါဘဲ ပြုပြင်ပေးနိုင်ပါတယ်။ အဆင့်မြင့် HTC ပုံရိပ်် Chip ပြားဟာ မလိုအပ်တဲ့အရိပ်တွေကို ဖယ်ရှားပေးခြင်းဖြင့် ကြည်လင်ပြတ်သားတဲ့ ဆေးရောင်စုံသော ပုံများ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မပြည့်စုံတဲ့အချိန်မှာတောင် ပြည့်စုံကောင်းမွန်သော ပုံရိပ်များကို သင်အလိုရှိသလို ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။

လစ်ဟာမှုမရှိစေသော လုပ်ဆောင်ချက်၊ရိုက်ချက်

၈မစ်ဂါပစ်ဆာ (MP) ကင်မရာရဲ့စွမ်းအားကို ၀.၇ စက္ကန့်အတွင်းမှာဖွင့်နိုင်ပြီး တစ်ချက်အဆက်မပြတ် နိုပ်ရုံဖြင့် ဓာတ်ပုံလေးပုံကို တစ်စက္ကန့်အတွင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ မျက်စိတစ်ချက်မှိတ်ထက်ပင် မြန်ဆန်ပြီး (၉၉)ပုံအထိဆက်တိုက် ရိုက်ကူးနိုင်ပါတယ်။ ပြည့်စုံတဲ့အချိန်လေးကို အမိအရ ရိုက်ယူနိုင်ဖို့ အတွက် အများကြီးလွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။

ရှေ့ပြေးအသိဉာဏ်ရှိတဲ့ ကင်မရာ

ရှေ့ဘက်ကင်မရာဟာ အနောက်ဘက်ရဲ့ အလင်းရောင်ကို ထည့်သွင်းစဉ်းစားထားတဲ့အတွက် ပုံထွက် အားကောင်းဖို့အတွက် (၃၀) ရာခိုင်နှုန်း ပို၍အလင်းကို တုံ့ပြန်လွယ်ပါတယ်။ Portrait Mode က အလို အလျှောက် လူတို့ရဲ့မျက်နှာများကို ရှာဖွေနိုင်ပြီး အသားရောင်နှင့်မျက်လုံးကို ပိုမိုကောင်းစေပါတယ်။ အချိန်တိုင်းစက်ဖြင့် ရေတွက်၍ တစ်နေရာရာကို ထိလိုက်လျှင် ပြတင်းကာ (Shutter) ဖွင့်လှစ်၍ သင့်ရဲ့ အကောင်းဆုံးပုံနှင့် အုပ်စုလိုက်ပုံတို့ကို လွယ်ကူစွာရိုက်ကူးနိုင်ပါပြီ။

ဖုန်းရဲ့အသေးစိတ်အချက်အလက်များ

မော်ဒယ်လ်: အက်စ်၇၂၈အီး
CPU ရဲ့မြန်ဆန်မှုနှုန်း: ၁.၇ဂီဂါဟာ့စ် Quad-Core
ဆော့ဒ်၀ဲလ်: Android ကို အခြေခံထားတဲ့ HTC Sense ဆော့ဒ်၀ဲလ်
မမ်မိုရီ: ၁ဂျီဘီရှိတဲ့ RAM (စက်ရဲ့ခေတ္တယာယီသိမ်းဆည်းဖို့နေရာ)
ဖိုင်တွေသိမ်းဆည်းဖို့ နေရာစုစုပေါင်း ၆၄ဂျီဘီ*နေရာသိမ်းဆည်းနိုင်ပြီး၊ Dropbox ထဲမှာ ၂၅ဂျီဘီကို၂နှစ်အလကား အသုံးပြုနိုင်ပါတယ်
အရွယ်အစား၊အလေးချိန် : ၁၃၄.၃၆ မီလီမီတာ(အလျား)၊ ၆၉.၉ မီလီမီတာ (အနံ)၊၈.၉ မီလီမီတာ(အထူ)၊ ၁၃၅ဂရမ်အလေးချိန်(ဘက်ထရီ အပါအ၀င်)
ဖုန်းရဲ့အသွင်အပြင် : ၄.၇လက်မအရွယ်ရှိပြီး ၇၂၀၀ ပီHD စူပါ LCD အမှတ် ၂ကို သုံးထားတဲ့မှန်၊ ၁၂၈၀×၇၂၀ ပစ်ဆာ(အစက်တွေပေါင်းစည်းထား)တဲ့ရုပ်ထွက်စွမ်းရည်
အသံ : Beats Audio ရဲ့ နည်းစနစ်နှင့်ပေါင်းစပ်ထားပြီး အသံကို ပိုပြီးကျယ်ကျယ်ကြားရအောင် အထူးပြုလုပ်သော အသံဖွင့်စက်
နက်ေဝါ့က်ဒါ : HSPA/UMTS Quad-Band (၈၅၀/၉၀၀/၁၉၀၀/၂၁၀၀ မီဂါဟာ့စ်ဒ်) GSM/GPRS/EDGE Quad-Band(၈၅၀/၉၀၀/၁၈၀၀/၁၉၀၀ မီဂါဟာ့စ်ဒ်)
ဆက်သွယ်မှု : ၃.၅ မီလီမီတာ စတူဒီယိုနားကြပ်နှင့်ဆက်သွယ်ရန်အပေါက် aptx® ပါ၀င်သောBluetooth Wi-Fi® DLNA ® Micro-USB Port NFC)
ကင်မရာ : ၈ မီဂါပစ်ဆာရှိသော ကင်မရာဖြင့် HTC ထုတ်၊ ImageChip f2.0၊ BSI၊ ၂၈ မီလီမီတာမှန်ပြောင်း ။ အလိုအလျှောက်ချိန်စနစ်ဖြင့် LED Smart Flash ၁၀၈၀ ပီ HD ဗီဒီယိုဖမ်းစက်၊ ၁.၆ မီဂါပစ်ဆာရှိပြီး f2.2BSI မှန်ပြောင်းကို အသုံးပြုထားသော အရှေ့မျက်နှာစာမှန်ထိပ်မှ ကင်မရာ
ဘက်ထရီ : ဖုန်းနဲ့အတူပါရှိသော ပြန်လည်အားသွင်းနိုင်တဲ့ Li-Polymer ဘက်ထရီအမျိုးအစား

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *