ဆီဒိုးနားဟိုတယ်၏ ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှု သတင်းကို မဟုတ်မှန်ကြောင်း ဆီဒိုးနား ဟိုတယ်မှ လုံခြုံရေး အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားလိုက်ကြောင်း သိရသည်။ ထို့ပြင် ဆီဒိုးနားဟိုတယ်ရှိ အခန်းများတွင် ပြင်ပလူများက Hiddenကင်မရာ တပ်ဆင်ကာ ရိုက်ကူးမှုမှာ ဖြစ်နိုင်ကြောင်း အဆိုပါ ဆီဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲက ဆက်လက် ပြောကြားသည်။
အင်တာနက် Facebookစာမျက်နှာ အချို့၌ ဆီဒိုးနားဟိုတယ် အခန်းတွင် လျို့၀ှက် ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းမှတ်တမ်းတွင် နာမည်ကြီး ပုဂိ္ဂုလ်များ ပါ၀င်ပြီး ဟိုတယ်၏ အင်တာနက် ၀က်ဘ်ဆိုက်မှတစ်ဆင့် ခိုး၀င်၍ ရယူသွားသည်ဟု ယူဆရကြောင်းနှင့် လျို့၀ှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်အတွင်းမှ မဟုတ်ဘဲ ပြင်ပမှ လာရောက် တပ်ဆင်သွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆီဒိုးနားဟိုတယ် Websiteဖြုတ်ချထားမှုနှင့် ပတ်သက်ပြီး ၎င်းက ”ဆီဒိုးနားရဲ့ ၀က်ဘ်ဆိုက် အဟက်ခံရတယ်။ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ www.sedonasmyanmar.com ၀က်ဘ်ဆိုက်က အစကတည်းက ပိတ်ထားတာ ကြာလှပါပြီ။ ကျွန်တော်တို့ရဲ့ ကွန်ပျူတာSystemကို Hackပြီး ဗီဒီယိုဖိုင်တွေ ယူသွားတယ် ဆိုတာ မဖြစ်နိုင်ဘူး။ Websiteနာမည် အသစ်က လောလောဆယ်မှာ အလွတ်မရလို့ပါ။ နာမည်အသစ် ဖွင့်ထားပြီးပါပြီ။ Websiteကို ပိတ်ထားတာက Updateလုပ်တဲ့အနေနဲ့ ပိတ်လိုက်တာပါ”ဟု ဆိုသည်။
ဆက်လက်ပြီး ဆီးဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲကပင် ”ပြင်ပလူက Hidden ကင်မရာတွေနဲ့ အပြင်ကနေလာပြီး တခြားနေရာမှာ တပ်ဆင်သွားတာကတော့ ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီထဲမှာပါတဲ့ ဗီဒီယိုထဲက အခန်းတွေက ကျွန်တော်တို့ဆီက ဟုတ်မဟုတ်ဆိုတာ ဗီဒီယိုကို ကြည့်ပြီးမှ ဆုံးဖြတ်လို့ ရမှာလေ။ အဲဒီဗီဒီယိုကို Downloadလုပ်တာလည်း မရဘူး” ဟု ဆိုသည်။
”Hidden ကင်မရာတွေ လာတပ်သွားတယ် ဆိုရင်လည်း လုံခြုံရေးပိုင်း အားနည်းတယ်လို့ ပြောတာ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို အခန်းတစ်ခုကို ငှားလိုက်ရင် အခန်းငှားတဲ့သူက ပိုင်သွားတာလေ။ Privacyအရ သူဘာလုပ်တယ်ဆိုတာ ကျွန်တော်တို့က ကြည့်ခွင့်မရှိဘူး။ အခန်းတွေထဲမှာ ကျွန်တော်တို့က ကင်မရာတွေ တပ်ထားတာလည်း မရှိပါဘူး။ ဒီလိုရေးသားမှုမျိုးဟာ ဘာရည်ရွယ်ချက် လဲဆိုတာ မသိသေးပါဘူး”ဟု အဆိုပါ လုံခြုံရေး အကြီးအကဲက ထပ်မံပြောကြားသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကင်းမြို့မ ရဲစခန်းမှ တာ၀န်မှူး စိုးမောင်မောင်က ”ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လာရောက် အကြောင်းကြားတာ မရှိသေးပါဘူး”ဟု ပြောကြားခဲ့သည်။
မငြင်းရင် အဗျင်းခံရမှာပေါ့
ဘာဖြစ်တာလည်းဟ
အစားမတော်တလုတ်
အပြောမတော် အပြုတ်
အပြောမကောင်းအပြောင်း
ယနေ့နှုတ်ပိတ်သည်။
Shwee die!!!
bar hman lae m thi bu