News

၂၀၁၃ ခုနှစ်တွင် Samsung က စမတ်ဖုန်း အလုံးရေ သန်း (၃၂၀) စံချိန်တင် ရောင်းချရ

Samsung က ၂၀၁၃ ခုနှစ် တွင် စမတ်ဖုန်း အလုံးရေ သန်း (၃၂၀) နီးပါး ရောင်းချရကြောင်း စစ်တမ်း တစ်ရပ်က ဖော်ပြထားပါတယ်။ Samsung ဟာ တစ်ကမ္ဘာလုံး စမတ်ဖုန်းရောင်းချရမှုအားလုံးရဲ့ (၃၂.၃) ရာခိုင်နှုန်း ကို ရရှိခဲ့တာဖြစ်ပြီး စမတ်ဖုန်း အလုံးရေ (၃၁၉.၈) သန်း ကို ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Apple ဟာ တစ်ကမ္ဘာလုံး စမတ်ဖုန်းရောင်းချရမှုအားလုံးရဲ့ (၁၅.၅) ရာခိုင်နှုန်းသာရရှိခဲ့တာဖြစ်ပြီး နံပါတ် နှစ် နေရာမှာ ရပ်တည်ခဲ့ပါတယ်။ Apple က စမတ်ဖုန်းအလုံးရေ (၁၅၃.၄) သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းကို နှိုင်းယှဉ်ကြည့်ရင် Samsung က Apple ထက် နှစ်ဆ ပိုရောင်းကောင်းတာ တွေ့ရပါတယ်။

Apple ဟာ ၂၀၁၂ ခုနှစ်မှာ ဈေးကွက်ဝေစုရဲ့ (၁၉) ရာခိုင်နှုန်းကို ရရှိခဲ့တာဖြစ်တဲ့အတွက် ၂၀၁၃ ခုနှစ်မှာ ရောင်းအားကျဆင်းခဲ့တာဖြစ်ပါတယ်။ Apple ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဈေးကွက်မှာ ကောင်းစွာ ယှဉ်ပြိုင်နိုင်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တန်ဖိုးနည်းဖုန်းဈေးကွက်ကို တော့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါဘူး။ အဲဒီအချက်ဟာ Apple ရဲ့ ရောင်းအားကျဆင်းစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး ဖုန်းထုတ်လုပ်သူငါးဦးစာရင်းမှာ Huawei, LG, Lenovo တို့က Samsung , Apple တို့နောက်က ရပ်တည်နေပါတယ်။ Huawei က ဖုန်းအလုံးရေ (၅၀.၄) သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု (၅.၁) ရာခိုင်နှုန်း၊ LG က (၄၇.၆) သန်းရောင်းချနိုင်ခဲ့ပြီး (၄.၈) ရာခိုင်နှုန်း ၊ Lenovo က (၄၅.၅) သန်း ရောင်းချနိုင်ခဲ့ပြီး (၄.၆) ရာခိုင်နှုန်း အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။ အခြား စမတ်ဖုန်းထုတ်လုပ်သူအားလုံးရဲ့ ရောင်းချရမှု ဟာ (၃၇၃.၃) သန်း ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *