How-to

ကျောင်းသားတိုင်းသိထားသင့်တဲ့ Google Tips and Tricks

အထက်တန်းကျောင်းသားတွေပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသားတွေပဲဖြစ်ဖြစ် Google က အဓိကကျတဲ့ သင်ကြားရေး အထောက်အကူတစ်ခု ဖြစ်လာပါပြီ။ ကျောင်းသားတွေအတွက် အသုံး၀င်တဲ့ Google Tips and Tricks များကို မျှဝေလိုက်ပါတယ်။

သင်သိချင်တဲ့ အကြောင်းအရာ အတိအကျကို လျှင်မြန်စွာရှာပါ။

လူတိုင်းက Google Search ကို အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် Google Search ကို ထိရောက်စွာ အသုံးပြုတတ်သူရှားပါး ပါတယ်။

၁. တိကျပါ။
၀က်ဆိုက်တစ်ခုထဲက ဆောင်းပါးတစ်ခုကိုရှာမယ်ဆိုရင် site: “ website URL” ရှာဖွေသည့်စကားစုကို အသုံးပြုပါ။ စာရေးဆရာနာမည်နဲ့ ရှာနိုင်ဖို့ author: “name” လို့ရိုက်ရှာနိုင်ပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစီး ကို ရှာဖွေချင်ရင် intitle: “word” လို့ရှာဖွေပါ။

၂.ဖော်မက်
Filetype: “jpg or other extension” လို့ရိုက်ပြီး ဖိုင်ဖော်မက် အလိုက် ရှာဖွေပါ။

၃.ရှာဖွေမှုကို တိုးချဲ့ပါ။
(*) Asterisk ကို Wildcard Search Operator လိုအသုံးပြုပြီး Google ကို ကွက်လပ်ဖြည့်ခိုင်းလို့ရပါတယ်။ ဥပမာအားဖြင့် Thomas Edison invented * လို့ရိုက်လိုက်ရင် Thomas Edison တီထွင်ခဲ့တာတွေကို Google က ပြသပေးပါလိမ့်မယ်။

Site operator ကို အသုံးပြုတဲ့နေရာမှာ အခြားအသုံးပြုနည်းတွေရှိပါတယ်။ site:edu လို့ရိုက်ရှာရင် ပညာရေးနဲ့ သက်ဆိုင်တဲ့ ၀က်ဆိုက်တွေကိုပဲပြပေးပါလိမ့်မယ်။ site:edu advanced chemistry exams လို့ရိုက်ရှာခြင်းဖြင့် chemistry စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပညာရေး ၀က်ဆိုက်တွေမှာ ရှာဖွေပေးပါလိမ့်မယ်။ Site Operator နဲ့ Filetype Operator တို့ကို ပေါင်းစည်းပြီးတော့ စာမေးပွဲအတွက်လိုအပ်တဲ့ eBook တွေရှာဖွေနိုင်ပါတယ်။ Google Search Operator တွေကို Google Help Page မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Google က Advanced Operators တွေကို ပြုလုပ်ပေးထား ပါတယ်။ History / Politics ကျောင်းသားတွေက site:gov ကို အသုံးပြုနိုင်ပါတယ်။

Related: operator ကို အသုံးပြုပြီး ဆင်တူတဲ့ ၀က်ဆိုက်တွေကို ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် related:www.myanmarict.wpengine.com လို့ရှာရင် အိုင်စီတီ ၀က်ဆိုက် နဲ့ ဆင်တူတဲ့ ၀က်ဆိုက်တွေကို ပြပေးပါလိမ့်မယ်။

သင့်ရဲ့ ဆရာ က အချို့သော ၀က်ဆိုက်တွေကို အသုံးပြုခွင့်မပေးဘူးဆိုရင် minus sign ကို အသုံးပြုပြီး အဲဒီ၀က်ဆိုက်တွေကို ရှောင်ရှားနိုင်ပါတယ်။ ဥပမာအားဖြင့် encryption – site:Wikipedia.org လို့ရိုက်ရှာရင် encryption နဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တွေကို ရှာပေးမှာဖြစ်ပေမယ့် Wikipedia ၀က်ဆိုက်ကိုတော့ ပြသပေးမှာမဟုတ်ပါဘူး။ အဓိပ္ပါယ် နှစ်မျိုးရှိတဲ့ စကားလုံးတစ်ခုကိုရှာဖွေတဲ့အခါမှာ တစ်မျိုးကိုရှောင်ရှားချင်ရင်လည်း အသုံး၀င်ပါတယ်။ ဥပမာ jaguar – car လို့ရှာခြင်းဖြင့် ကားတွေကို ရှာဖွေခြင်းမပြုတော့ဘဲ အခြားအဓိပ္ပါယ် များကိုသာရှာဖွေပေးပါလိမ့်မယ်။

အထက်ပါ Operators တွေကို ပေါင်းစပ်ပြီးအသုံးပြုနိုင်ပါတယ်။

စကားလုံးတစ်ခုရဲ့ Definition ကို သိနိုင်ဖို့ define “word” လို့ ရိုက်ရှာပါ။

Google ကို သင်္ချာတွက်ခိုင်းလို့ရပါသေးတယ်။ Google Search မှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား စတဲ့ Operator တွေကို အသုံးပြုနိုင်ပါတယ်။ 7% of 1543 , 2*3*7 စတာတွေအပြင် Advanced Opetators တွေများစွာရှိပါတယ်။ ဒါ့အပြင် ယူနစ် ပြောင်းလဲမှု တွေကို လည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် 50 feet လို့ရိုက်လိုက်တာနဲ့ အခြားယူနစ် တွေကို Google က ပြပေးပါလိမ့်မယ်။

Google ကို ကွက်လပ် ဖြည့်ခိုင်းလို့ရပါသေးတယ်။ Martin Luther King Jr. was born on လို့ရိုက်လိုက်ရင် January 15 1929 လို့ ပြပေးပါလိမ့်မယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *