Gaming

Zack Zero

ပေါ့ပေါ့ ပါးပါး ဆော့လို့ရတဲ့ ဂိမ်းတစ်မျိူး ထွက်လာပါပြီ။ Zack Zero လို့ ခေါ်ပါတယ်။ 29.4.13ရက်နေ့က USမှာ ထွက်ထား ပါတယ်။ ဒီမှာတော့ Review အဆင့် ဖြစ်သွား ပါပြီ။ Zack Zeroကို Crocodile Entertainmentက ထုတ်ထား ပါတယ်။ Publisherလဲ သူတို့ ပါဘဲ။ ဂိမ်းရဲ့ ပုံစံက ကလေး ဆန်တယ်လို့ ထင်ရပေမဲ့ လူကြီး ဆန်ဆန် ကစားရမဲ့ အနေအထားတွေလဲ ပါ၀င် ပါတယ်။ Zack Zero ဆိုတာ ဂိမ်းထဲမှာ မြင်တွေ့ရမဲ့ ဇာတ်လိုက်ကြီး နာမည်ပါ။ ကားတွန်း ဆန်ဆန် ရုပ်ထွက် ဆိုပေမဲ့ 2D ပုံစံမျိူး ရုပ်ထွက်တွေလဲ မဟုတ်ပါဘူး။ Zack Zeroက လူသားတစ်ယောက်၊ ဒါပေမဲ့ စွမ်းအားတွေ အသုံးပြုလို့ရအောင် Crocodile Entertainmentက စီစဉ်ပေးထားတယ်။ Zack Zeroရဲ့ပုံစံက ဘယ်လိုမျိူးလဲဆိုတော့ Iron Manတို့လို ၀တ်စုံ ၀တ်ထားတဲ့ လူသား တစ်ယောက်ဆို ပိုမှန် ပါလိမ့်မယ်။ သူရဲ့ တာ၀န်က ဂြိုလ်သားတွေကို နှိမ်နှင်းရတဲ့ စွမ်းအားရှင် လူသား တစ်ယောက်ပါ။ ဒီဂိမ်းထဲမှာလဲ Zack Zeroကို ဂြိုလ်သားတွေနဲ့အတူ တိုက်ခိုက် နေတာကို တွေ့ရ ပါလိမ့်မယ်။ ဒီလို ဂိမ်းမျိူးကို PCပေါ်မှာ တစ်ယောက်ထဲ ဆော့ချင်တဲ့ ကလေး ဂိမ်းမာတွေရော၊ လူကြီး ဂိမ်းမားတွေအတွက် ဆော့လို့ကောင်းတဲ့ ဂိ်မ်းတစ်မျိူး ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Zack Zeroက ဂြိုလ်သားတွေကို နှိမ်နှင်းရတဲ့ စွမ်းအားရှင် လူသား တစ်ယောက် ဖြစ်တဲ့အတွက် ဂြိုလ်သားတွေကို နှိမ်နှင်းပြီး ကမ်ဘာမြေပေါ် ပြန်လာတဲ့အခါ စိတ်မကျေနပ်မှု တစ်ချို့ စဖြစ်လာ ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုရင် ကမ်ဘာမြေပေါ် ပြန်ရောက် လာတဲ့အခါ Zack Zeroရဲ့ ချစ်သူ ဖမ်းခံထားရတဲ့ ဆိုတာ သူသိ သွားပါတယ်။ ဂြိုလ်သားတွေ ဖမ်းသွားတယ် ဆိုတာ သိသွားတယ် မင်းသားကြီးက ဒေါသများစွာနဲ့ အချစ် စစ်ပွဲ တစ်ပွဲ ကမ်ဘာမြေပေါ်မှာ ဆက်လက် ဆင်နွှဲ ရပါတော့တယ်။ ကစားသူက Zack Zero အနေနဲ့ ပါ၀င် ကစားသွားမှာပါ။ Zack Zeroကို ဂိမ်းမာ တစ်ယောက်ဘဲ ကစားလို့ရမှာပါ။ ဒီ့အပြင် PC, PS 3မှာဘဲ ကစားလို့ရဦးမှာပါ။ Zack Zeroရဲ့ ချစ်သူကို ဖမ်းထားတဲ့ ဂြိုလ်သားနဲ့ တိုက်ခိုက်ရမဲ့ ပုံစံတွေက မြင်တွေ့နေကျ ပုံစံတွေ အတိုင်း ဆိုပေမဲ့ သူ့ဂိမ်းနဲ့ သူကတော့ အခက်အခဲလေးတွေ ပါနေ ပါတယ်။ Zack Zeroအတွက် လက်နက်တွေ ပေးထားပါတယ်။ သူ့ချစ်သူကို ကယ်တင်ဖို့အတွက် ဂြိုလ်သားတွေ ကို တိုက်ခိုက်ပြီး နောက်ဆုံး အဆင့်ထိ ရောက်အောင် သွားရမှာ ဖြစ်တဲ့ အတွက် အခန်း တော်တော် များများကို ကျော်ဖြတ် ရမှာပါ။ ဒီလို Levelတွေကို တစ်ဆင့်ချင်း တက်သွားတိုင်း Zack Zeroရဲ့ ပါဝါတွေက တဖြည်းဖြည်း တက်လာပြီး လက်နက် အသစ်တွေလဲ အသုံးချလို့ ရမှာပါ။

ဘာဘဲပြောပြော ဆော့ရတာ သိပ်အပန်းမကြီးတဲ့ ဂိမ်းမျိူး ဖြစ်တဲ့အတွက် ဂိမ်းမာကြီးတွေရော ဂိမ်းမာလေးတွေပါ အကြိုက် တွေ့နိုင်ပါတယ်။ PC, PS 3 အတွွက်ဘဲ ထွက်ထားတာ
ဖြစ်တဲ့အတွက် ဒီPlatfprm ပေါ်မှာ ရှိတဲ့ ဂိမ်းမာတွေ အတွက် ဆော့စရာဂိမ်း တစ်ခု တိုးအောင် ထွက်ပြီးသား Zack Zeroကို Review လုပ်ပေးလိုက်ရပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *