Mobile, Review

HTCရဲ့ နောက်ဆုံးထုတ် Zoe

HTC ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ HTC Zoeဟာ မကြာခင် မြန်မာနိုင်ငံ ဈေးကွက် အတွင်းကို ၀င်ရောက်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှ်ိ ဈေးကွက်မှာ ကြေညာချက် များအရ လာမယ့် ဇူလိုင်လ ၄ရက်နဲ့ ၅ ရက်များ မှာ မြန်မာပြည် ဈေးကွက် အတွင်း စတင်ရောင်းချ ပေးသွားမယ်လို့ သိရပြီး ဈေးနှုန်းကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။

အားသာချက်

Zoeရဲ့ အားသာချက်တွေကတော့ ပထမဆုံး အနေနဲ့ ကင်မရာ အပိုင်းကို ပြောချင်ပါတယ်။ 5.0 MPရှိတဲ့ ကင်မရာ တပ်ဆင်ထားပြီး Resolutionနှုန်းက ၂၅၉၂×၁၉၄၄ Pixelတောင် ရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ထူးခြားတာက Featureအသစ် သုံးခု ပါ၀င်တာ ဖြစ်ပြီး လှုပ်ရှားမှု ပုံရိပ်တွေကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် Sequence Shot၊ ဓါတ်ပုံရိုက်ကူးစဉ် လွဲမှားမှုများ (ဥပမာ – တစ်စုံတစ်ယောက်က မျက်လုံးမှိတ်သွားခြင်း)ကို ပြင်ဆင်ပေးနိုင်မယ့် Always Smile၊ မလိုချင်တဲ့ ဓါတ်ပုံအပိုင်းတွေကို ဖြတ်ထုတ်ပစ်နိုင်မယ့် Object Removalတို့ ဖြစ်ကြောင်း သိရပါတယ်။ နောက်ပြီး 2 MP ရှိမယ့် ရှေ့ဖက် ကင်မရာလည်း ပါ၀င်ဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Wifiနဲ့ Internetတွေ မလိုအပ်ပဲ Universal Remoteအဖြစ်နဲ့ TVနဲ့ အခြား ဖျော်ဖြေရေး ပစ္စည်းတွေကို အမိန့်ပေး လုပ်ကိုင် သုံးစွဲနိုင်မယ့် စနစ်တစ်ခု ဖြစ်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ အခြားသော SmartPhoneတွေနဲ့ မတူပဲ Ampliferကို နှစ်လုံးထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်သလို Speakerကိုလည်း နှစ်လုံး ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ BoomSoundလို့ အမည်ပေးထားတဲ့ HD Stereoအသံကို ရရှိအောင် Speakerကို နှစ်လုံး တည်ဆောက်ထားသလို Ampကိုလည်း Speakerနဲ့ Headphoneအတွက် သီးသန့်စီခွဲပြီး နှစ်လုံး တည်ဆောက်ထားတာ တွေ့ရပါတယ်။

သုံးစွဲနိုင်မယ့်စနစ်

3G နဲ့4Gစနစ်တွေ အားလုံးမှာ သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် နောက်ပိုင်း စနစ် တိုးတက်ပြောင်းလဲမှုတွေ အတွက်ပါ အဆင်ပြေစေမှာပါ။ လက်ရှိ အတွက်ကိုတော့ GSM, WCDMAနဲ့ CDMAစနစ်တွေ အားလုံးကို အကောင်းဆုံး ချိတ်ဆက် သုံးစွဲနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

CPU

Processorအပိုင်းမှာတော့ Qualcomm အမျိုးအစား Quad-core SnapDragon 600ကို အသုံးပြုထားတာ တွေ့ရပြီး အမြန်နှုန်းက 1.7 GHzရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Memoryအပိုင်းမှာတော့ 32 GBနဲ့ 64 GBတွေကို ရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်သလို RAMအပိုင်းက 2GBရှိမှာ ဖြစ်တာကြောင့် စိတ်ကြိုက်ပါပဲ။ အသုံးပြုထားတဲ့ Android Versionက 4.1.2ဖြစ်ပါတယ်။

ချိတ်ဆက်သုံးစွဲနိုင်မှု

Headphoneကို ချိတ်ဆက်နိုင်ဖို့ 3.5 mm Portတစ်ခု ပါ၀င်မှာ ဖြစ်ပြီး ကြိုးမဲ့ စနစ်အတွက်ကိုတော့ Bluetooth 4.0ထည့်သွင်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ပြီး Wifiအတွက်ကိုလည်း 802.11 a/ac/b/g/nကို တပ်ဆင်ထားလို့ ၂၀၁၄ခုနှစ်အစောပိုင်းမှာ အသုံးပြုနိုင်တော့မယ့် 802.11 acစနစ်ကိုပါ လက်တွေ့ အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ နောက်ပြီး micro-USB 2.0 Portတစ်ခုလည်း ပါ၀င်ဦးမှာ ဖြစ်ပါတယ်။

ပြသပေးနိုင်မှု

Screenရဲ့ စုစုပေါင်း အကျယ်က ၄.၇ လက်မဖြစ်ပြီးတော့ Resolutionစုစုပေါင်းက 1920x 1080 Pixelနှုန်း ဖြစ်ပြီး ပျမ်းမျှ 1080 Pixelနှုန်းနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ ရုပ်ထွက် အရည်အသွေးက Full HDဖြစ်ပြီး အရောင် ပေါင်း ၁၆ သန်းကို ပြသပေးနိုင်မှာပါ။ Screen အမျိုးအစားက LCDဖြစ်ပါတယ်။

Features

Featureတွေ အဖြစ်နဲ့ SMS, MMS, Emailနဲ့ Internet Browserတွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် FM Radioနဲ့ Audio Playerတွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

Memory Slot မပါ၀င်တာ တစ်ခုကတော့ အားနည်းချက် ဖြစ်နေစေပါတယ်။

ကိုယ်ထည်ပိုင်း

ထူးခြားချက် အဖြစ်နဲ့ ဖုန်းရဲ့ ကို်ယ်ထည် တစ်ခုလုံးကို အပေါ့စား အရည်အသွေးကောင်းမွန်တဲ့ သတ္တု တစ်ခုတည်းကိုပဲ အသုံးပြု ထုတ်လုပ်ထားတာကြောင့် ပေါ့ပါးပြီး အကြမ်းခံနိုင်မှု အကောင်းဆုံး ဖြစ်မှာပါ။ အရွယ်အစားက အမြင့် ၁၃၇.၄ မီလီမီတာ၊ အကျယ် ၆၈.၂ မီလီမီတာနဲ့ အထူ ၉.၃မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၄၃ ဂရမ်သာ ရှိမှာ ဖြစ်ပြီး အရောင် အနေနဲ့ အနက်ရောင်နဲ့ ငွေရောင် နှစ်မျိုးတည်းကိုပဲ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ဘက်ထရီ

အသုံးပြုထားတဲ့ Batteryအမျိုးအစားက Li-Polymer အမျိုးအစား ဖြစ်ပြီးတော့ ပုံမှန် Li-ionတွေထက် စွမ်းဆောင်ရည်နဲ့ သိုလှောင်နိုင်မှု အပိုင်းတွေ ပိုမို ကောင်းမွန်တာ တွေ့ရပါတယ်။ သူ့ရဲ့ သိုလှောင်နိုင်မှု ပမာဏက 2300 mAhဖြစ်ပြီး Talktimeအဖြစ်နဲ့ ၁၆.၈ နာရီလောက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

2 thoughts on “HTCရဲ့ နောက်ဆုံးထုတ် Zoe

  1. thwethweaye says:

    HTC brand ကိုတော့ သုံးကြည့်ချင်ပါတယ်…

  2. Myo Thiha says:

    Htc ကိုလက်ရှိသုံးနေတော့ ကြိုက်ပါတယ်။အခုလို အားနည်းချက်အားသာချက်တွေ ရှင်းပြထားတော့ ကောင်းတဲ့အချက်တွေနဲ့ ဝယ်မယ်ဆိုရင်ကောင်း သလို မကောင်းတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် တော့ လက်လွှတ်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *