News

Windows 8.1 အသုံးပြုသူ ၃.၉၅ ရာခိုင်နှုန်း ရှိပြီ

Microsoft က Windows 8.1 ကို ၂၀၁၃ ခုနှစ်အောက်တိုဘာလမှာ ဖြန့်ချီ ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာတော့ သုံးလပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ Windows Vista ရဲ့ ဈေးကွက်ဝေစုကို ကျော်လွန်ဖို့ လုံလောက်တဲ့ အချိန်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Windows 8.1 ကို အသုံးပြုသူတစ်ဖြည်းဖြည်း များပြားလာခဲ့ပြီး Windows 8 ရဲ့ ဈေးကွက်ဝေစုကိုပါရယူ နေပါတယ်။

Net Applications ရဲ့ နောက်ဆုံးကောက်ယူခဲ့တဲ့ စစ်တမ်းအရ Windows 8 နဲ့ Windows 8.1 တို့ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မှာ အသုံးပြုသူ နည်းပါးခဲ့ပါတယ်။ OS နှစ်ခုပေါင်း အသုံးပြုသူဟာ ၁၀.၄၉ ရာခိုင်နှုန်း ကနေ ၁၀.၅၈ ရာခိုင်နှုန်းသာ ရှိပြီး ၀.၀၉ ရာခိုင်နှုန်းသာ တိုးတက်လာတာဖြစ်ပါတယ်။ Widnows 8 ဆိုရင် တိုးတက်မလာတဲ့အပြင် ၆.၈၉ ရာခိုင်နှုန်း ကနေ ၆.၆၃ ရာခိုင်နှုန်း အထိ ရောက်ရှိသွားပြီး ၀.၂၆ ရာခိုင်နှုန်း ကျဆင်းသွားတာဖြစ်ပါတယ်။ Windows 8.1 က ၃.၆ ရာခိုင်နှုန်း ကနေ ၃.၉၅ ရာခိုင်နှုန်း ဖြစ်လာပြီး ၀.၃၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Windows 7 က ၀.၀၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၄၇.၅၂ ရာခိုင်နှုန်း ကနေ ၄၇.၄၉ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ နို၀င်ဘာလ မှာလိုမဟုတ်ဘဲ ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလများမှာ Windows 8 နဲ့ Windows 8.1 နှစ်ခုပေါင်း အသုံးပြုသူဟာ Windows 7 အသုံးပြုသူထက် ပိုမိုများပြားလာပါတယ်။

Windows 8 အသုံးပြုသူအရေအတွက်ဟာ ဩဂုတ်လမှာ ၂.၀၁ ရာခိုင်နှုန်း ဖြစ်လာပြီး နို၀င်ဘာလ မှာ ၀.၈၇ ရာခိုင်နှုန်း ဖြစ်လာပြီး နည်းပါးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ Microsoft က Windows 8 ကနေ Windows 8.1 ကို အဆင့်မြှင့်တင်နိုင်ဖို့ကို အခမဲ့ ပြုလုပ်ပေးလိုက်တာဖြစ်လို့လည်း Windows 8 အသုံးပြုသူအရေအတွက် ကျဆင်းခဲ့ပြီး Windows 8.1 အသုံးပြုသူအရေအတွက် တိုးတက်လာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အရင်၀င်းဒိုး အဟောင်းတွေကနေ Windows 8.1 ကို Upgrade ပြုလုပ်နိုင်တဲ့နည်းတွေလည်း ရှိပါတယ်။

အရင်၀င်းဒိုးအဟောင်းတွေကိုလေ့လာကြည့်တဲ့အခါမှာ Windows Vista ဟာ ၃.၆၁ ရာခိုင်နှုန်း ကနေ ၃.၃၀ ရာခိုင်နှုန်း ကို ရောက်ရှိသွားပြီး ၀.၃၁ ရာခိုင်နှုန်း ကျဆင်းသွားတာဖြစ်ပါတယ်။ Windows 8.1 က Vista ကိုကျော်လွှားသွားနိုင်ခဲ့ပါတယ်။ Windows XP က ၂၀၁၃ ခုနှစ်အကုန်မှာ ၃၀ ရာခိုင်နှုန်း အောက်ကို ရောက်ရှိသွားပေမယ့် ပြန်တက်လာခဲ့ပါတယ်။ ၀.၂၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၈.၉၈ ရာခိုင်နှုန်း ကနေ ၂၉.၂၃ ရာခိုင်နှုန်း ဖြစ်လာပါတယ်။

၂၀၁၃ ခုနှစ်မှာ ၀င်းဒိုး အသုံးပြုသူဟာ မတ်လ၊ ဇူလိုင်လ နဲ့ နို၀င်ဘာလ မှ လွဲပြီး ကျန်တဲ့လတွေမှာ ကျဆင်းခဲ့ပါတယ်။ ဇန်နဝါရီလမှာ ၉၀.၇၃ ရာခိုင်နှုန်း ကနေ ၉၀.၇၂ ရာခိုင်နှုန်း ဖြစ်လာပြီး ၀.၀၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ OS X က ၀.၁၄ ရာခိုင်နှုန်း တိုးတက်လာပြီး ၇.၆၈ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ Linux က ၀.၁၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၁.၆၀ ရာခိုင်နှုန်း ဖြစ်လာပါတယ်။

Net Applications က ၀က်ဆိုက်လေးသောင်းကို အသုံးပြုသူသန်း (၁၆၀) ရဲ့ စက်တွေကို စောင့်ကြည့်စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *