News

Windows 8.1မှာ သင်မသိသေးတဲ့ Featureသစ်များ

Microsoft may bring back start button…

မကြာသေးခင်ကမှ မိတ်ဆက်လိုက်တဲ့ Windows 8.1မှာ ပါ၀င်တဲ့ Featureအသစ်တွေကို အခုကတည်းက သိထားပြီး ဖြစ်အောင် တင်ပြပေးလိုက်ပါတယ်။

(၁) Microsoftရဲ့ ကြိုတင် အသိပေးထားချက် အရတော့ Windowsကို မသုံးတာ နည်းနည်း ကြာသွားတာနဲ့ Windowsစနစ်က အလိုအလျောက် ပိတ်ပေးသွားမှာပါ။ ဒီလို စနစ်မျိုး သင်တစ်ခါမှ အသုံးပြုဖူးမှာ မဟုတ်ဘူးလို့တောင် ဆိုထားပါသေးတယ်။

(၂) Windows 8တုန်းကတော့ Accountထဲကို ၀င်ဖို့အတွက် Sing in လုပ်ဖို့ လိုအပ်သေးပြီး နောက်မှ Emailနဲ့ အခြားအရာတွေကို ၀င်ကြည့်နိုင်တာပါ။ Multiple Accountကို အသုံးပြုချင်ရင်တော့ Start Screenကို Swipeလုပ်ပါ။ Tap Settingထဲ ထပ်၀င်ပြီး Change PC Settingsကို ရွေးချယ်ပါ။ နောက်ပြီး Accountsကနေ တစ်ဆင့် Other Accountကို ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်။

(၃) Windows 8.1မှာ Screenကို Resize အလွယ် တကူ လုပ်ဆောင်နိုင်တဲ့ စွမ်းရည် ပါ၀င်လာမှာ ဖြစ်ပါတယ်။ Tabletတွေ မှာ အသုံးပြုသလိုပဲ လက်နှစ်ချောင်းကိုပဲ အသုံးပြုပြီး Resizeလုပ်ငန်းကို အလွယ်လေး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

(၄) သင် လက်ရှိ အသုံးပြုထားတဲ့ Appတွေ Windowsတွေ အားလုံးကို အလွယ် တကူ ကြည့်ချင်တယ်ဆိုရင်တော့ Screenရဲ့ ညာဖက်ခြမ်းကို Swipeလုပ်ပြီး နောက် ဘယ်ဘက်ခြမ်းကိုပါ Swipeထပ် လုပ်လိုက်မယ် ဆိုရင် သင့်ကြည့်ချင်တဲ့ App Listတွေ အလွယ်တကူ ကြည့်နိုင်မှာပါ။

(၅) Microsoftရဲ့ Windows 8.1အပေါ်မှာ ပြန်လည် ဆန်းသစ်ထားချက်က Startခလုတ် ပြန်လည် ထည့်သွင်းထားမှာ ဖြစ်ပြီး Taskbarလည်း ပြန်လည်ပါ၀င်လာမှာ ဖြစ်တာကြောင့် Taskbarပေါ်မှာ Menuတစ်ခု ပေါ်လာသည် အထိ Touchလုပ်ထားနိုင်ပြီး နောက် Propertiesကို ရွေးချယ်ပါ။ နောက်ပြီး Use Peekကို ရွေးချယ်ပြီး Taskbarပေါ်မှာ Desktopခလုတ် ပေါ်လာအောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၆) Onshortcut Keyboardကို ထည့်သွင်းပေးထားမှာ ဖြစ်တာကြောင့် သုံးစွဲရ အဆင်ပြေမှာ ဖြစ်ပြီး သူ့ကို Pop-upအဖြစ် လုပ်ထားချိန်မှာ Controlခလုတ်ကို နှိပ်ပြီး လက်ရှိ အသုံးပြုနေတဲ့ Shortcutတွေကို ကြည့်နိုင်မှာ ဖြစ်သလို နောက်ထပ် Shortcutတွေလည်း ထပ်မံဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Ref: www.businessinsider.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *