How-to

Windows 8.1ကို Upgrade ပြုလုပ်ဖို့ နည်းလမ်းများ

Windows 8.1 Stable Version ဟာဆိုရင် အောက်တိုဘာလ (၁၈) ရက်မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ Windows 8.1 မှာဆိုရင် Windows 8 မှာ လိုအပ်တဲ့ အချက်တွေကို ပြုပြင်မွန်းမံထားတဲ့အတွက် Windows 8 အသုံးပြုသူတွေအတွက်တော့ မဖြစ်မနေ Upgrade လုပ်သင့်ပါတယ်။ ဒီဆောင်းပါးမှာ Windows 8.1 ကို Upgrade လုပ်ဖို့နည်းလမ်းတွေကို ရေးပါမယ်။

Windows 7 နဲ့ သူ့အရင်က Version တွေကနေ Upgrade လုပ်မယ်ဆိုရင်

Windows 7 ကနေ 8.1 ကို Upgrade လုပ်ဖို့ နည်းနှစ်နည်း ရှိပါတယ်။ ပထမနည်းက Windows 7 ကနေ 8 ကို Upgrade လုပ်ပါ။ ပြီးမှ 8 ကနေ 8.1 ကို Upgrade လုပ်ပါ။ ဒါဆိုရင် Windows 7 က Programs တွေ 8.1ကို ပါလာမှာ ဖြစ်ပါတယ်။ ဒုတိယနည်းက Windows 8.1 ကို Clean Install လုပ်ပြီး Upgrade လုပ်တာဖြစ်ပါတယ်။ Windows 7 က Programs တွေကို သင်ဆုံးရှုံးမှာပါ။

* Windows 7 ကနေ Windows 8.1 ကို Upgrade Install လုပ်မယ်ဆိုရင် အရင်ဆုံး Windows 8ကို Upgrade လုပ်ရပါမယ်။ Windows 8 ကနေမှ Windows 8.1 ကို Upgrade လုပ်ရမှာပါ။ 8 ကနေ 8.1 ကို Upgrade လုပ်တဲ့အခါမှာ Windows Store ကိုအသုံးပြုရမှာပါ။

* Windows 7 ကနေ Windows 8.1 ကို Clean Install လုပ်ပြီး Upgrade လုပ်မယ်ဆိုရင် တော့ သင့်ဖိုင်တွေကို Backup လုပ်ထားရမှာဖြစ်ပြီး Upgrade လုပ်ရင်ဖိုင်တွေ၊ Programs တွေအားလုံးကိုဖျက်ပစ်မှာပါ။ Windows 8.1 မှာသုံးမယ့် Programs တွေကို စုစည်း ထားသင့်ပါတယ်။ ဒါမှသာ Upgrade Processက မြန်ဆန်မှာဖြစ်ပါတယ်။

Windows Vista, XP တွေကနေ 8.1 ကို Upgrade လုပ်ရင် Clean Install ပဲလုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ တစ်ဆင့်ချင်း Upgrade လုပ်ရမှာ ဖြစ်ပါတယ်။ Windows Vista, XP ကနေ 7 ကို အရင် Upgrade လုပ်ရပါမယ်။ပြီးရင် 7 ကနေ 8 ၊  8 ကနေ မှ 8.1 ကို Upgrade လုပ်ရမှာ ဖြစ်ပါတယ်။

Windows 8 ကနေ Upgrade လုပ်မယ်ဆိုရင်

Windows 8 User တွေကတော့ Windows Store ကနေ 8.1 ကို လွယ်လွယ်ကူကူ Upgrade လုပ်နိုင်ပါတယ်။Installation Media တွေလည်း မလို ဘဲ လွယ်လွယ်ကူကူ Upgrade လုပ်နိုင်တဲ့အတွက် တော်တော် အဆင်ပြေပါတယ်။ Local Account ကို တော့သုံးလို ့မရဘဲ Microsoft Account ကိုသုံးရမှာပါ။ Local Accountကို သုံးတဲ့သူတွေအတွက်တော့ Settings ထဲမှာ  Microsoft Accountကို ပြောင်းနိုင်ပါတယ်။ Upgrade လုပ်ပြီးတော့မှ Local Accountကို ပြန်သုံးနိုင်ပါတယ်။

Windows 8.1 Preview ကနေ Upgrade လုပ်မယ်ဆိုရင်

Windows 8.1 Preview ကိုသုံးနေတဲ့သူတွေဆိုရင်တော့ Windows 8.1 ကို Upgrade လုပ်မယ်ဆိုရင်တော့ Desktop Programs တွေကို ဆုံးရှုံးလိမ့်မယ်လို့ Microsoft က ပြောထားပါတယ်။ Windows 8.1 က Refresh လုပ်မှာဖြစ်လို ့ဖြစ်ပါတယ်။ အဲဒီအတွက် Preview သုံးသူတွေ က Programs တွေကို စုစည်းထားသင့်ပါတယ်။

ဘာ၀င်းဒိုးကို သုံးနေသည်ဖြစ်စေ Windows 8.1 ကို Clean Install လုပ်ပြီး Upgrade လုပ်နိုင်ပါတယ်။ သင့်ရဲ့ အရေးကြီးဖိုင်တွေကိုတော့ Backup လုပ်ထားရမှာပါ။ အသုံးပြုနေကျ Programs တွေကိုလည်းစုစည်းထားခြင်းဖြင့် Upgrade လုပ်ပြီးတဲ့အခါ လျှင်လျှင်မြန်မြန် အသုံးပြုနိုင်မှာပါ။

စာဖတ်သူရော Windows 8.1 ထွက်ရှိလာရင် Upgrade လုပ်မှာလား?  ဘယ်လို Windows Version ကနေ Upgrade လုပ်မလဲဆိုတာ ကွန်းမန့်မှာရေးခဲ့ပါအုံး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *