Apps, Review

Android Phone မှာ ဖိုင်တွေကို Compress & Extract လုပ်ပေးမယ့် B1 Free Archiver

ဖိုင်တွေကို Archive လုပ်နိုင်တဲ့ စွမ်းရည်ဟာ ES, Astro ad Dual File Manager တို့မှာပါရှိပြီး နာမည်ကြီး ဖိုင်အမျိုးအစားတွေ ဖြစ်တဲ့ ZIP, RAR, 7Z တို့ကို Compress လုပ်ပေးနိုင်သလို Extract လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နာမည်မကြီးတဲ့ ဖိုင်အမျိုးအစားတွေကို ဖြည်ဖို့ နဲ့ ချုံ့ ဖို့အတွက်တော့ အဲဒီ File Manager တွေက မပြုလုပ်ပေးနိုင်ပါဘူး။ အဲဒါကြောင့်လည်း B1 Free Archiver လို App ဟာ Google Play Store မှာ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ B1 Archiver က 7Z, APK, TAR, LZMA, TGZ, LZH, MTZ, RPM, XAR, XZ, ZIPX, GZ, TBZ စတဲ့ဖိုင်အမျိုးအစားတွေအပြင် အခြားဖိုင်အမျိုးအစားတွေကို Compress, Extract, View စတာတွေပြုလုပ်ပေးနိုင်ပါတယ်။

B1 Free Archiver ရဲ့ အကောင်းဆုံးအချက်က အသုံးပြုရတာလွယ်ကူတာဖြစ်ပါတယ်။ သာမာန် အသုံးပြုသူတွေတောင် အသုံးပြုနိုင်ပါတယ်။ App ကို ဖွင့်ရင် သင့်ဖုန်းမှာ ရှိတဲ့ ဖိုင်၊ ဖိုဒါတွေကို ပြပေးမှာဖြစ်ပါတယ်။ Archive လုပ်ထားတဲ့ ဖိုင်တွေကို လည်း အလွယ်တကူ ပြပေးနိုင်ပါတယ်။

Archive ဖိုင်တစ်ခုပေါ်ကို လက်နဲ့ ဖိထားရင် Menu တစ်ခုပေါ်လာမှာဖြစ်ပြီး အောက်က အလုပ်တွေကို လုပ်နိုင်မှာဖြစ်ပါတယ်။
• View archive (Archive ထဲက ဖိုင်တွေကို Extract လုပ်စရာမလိုဘဲ ကြည့်ခြင်း။)
• Extract here (လက်ရှိဖိုဒါထဲမှာ ပဲ ဖိုင်တွေကို Extract ပြုလုပ်ခြင်း။)
• Extract to folder “directory name” (ဖိုင်နာမည် နဲ့ ဖိုဒါတစ်ခုပြုလုပ်ပြီး အဲဒီဖိုဒါထဲမှာ ဖိုင်တွေကို Extract ပြုလုပ်ခြင်း။)
• Extract to another folder (လက်ရှိဖိုဒါတွေထဲမှာ Extract ပြုလုပ်ခြင်း။)
• Open with (အခြား App တစ်ခုဖြင့် Archive ဖိုင် ကို ဖွင့်ခြင်း။)

B1 Free Archiver က ဖိုင်၊ ဖိုဒါ အများအပြားကို တစ်ပြိုင်နက် Compress, Extract, Delete လုပ်ပေးနိုင်ပါသေးတယ်။

Ashampoo_Snap_01

Archive ဖိုင်တွေကို ဖြည်တာအပြင် ဖိုင်၊ ဖိုဒါတွေကို Compress လုပ်ဖို့လည်း B1 က ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဖိုင်တစ်ခု၊ ဖိုဒါတစ်ခု အပေါ်မှာ ဖိထားပြီး Menu ပေါ်လာရင် Compress ကို နှိပ်ပါ။ ပြီးရင် Archive Format Type ကို ရွေးပေးပြီး Password ခတ်ထားချင်ရင် Protect with password မှာ အမှန်ခြစ်ပေးပြီး Password သတ်မှတ်ပေးပါ။

B1 ရဲ့ Settings ဟာ ရိုးရှင်းပြီး ရွေးချယ်စရာ သိပ်မရှိပါဘူး။ Sort Order ပြောင်းတာ၊ မီဒီယာ ဖိုင်တွေကို Scan လုပ်တဲ့ အခါမှာ ဖိုင်တွေကို ချွင်းချက်အနေနဲ့ သတ်မှတ်တာ၊ အချက်ပေးမှု တွေပြုလုပ်တာ၊ ဖွက်ထားတဲ့ဖိုင်တွေကို ပြသပေးတာ စတာတွေကို အပိတ်အဖွင့်ပြုလုပ်နိုင်ပါတယ်။

Ashampoo_Snap_02

Android Phone မှာ ဖိုင်တွေကို ဖြည်ဖို့၊ ချုံ့ ဖို့ အသုံးပြုနေရတယ်ဆိုရင်တော့ B1 Free Archiver ကို စမ်းသပ် သုံးစွဲကြည့်ပါ။

https://play.google.com/store/apps/details?id=org.b1.android.archiver

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *