How-to

Windows 8 ရဲ့ Settings တွေကို Sync ပြုလုပ်ခြင်း

Windows 8 မှာအသစ်ပါရှိလာတဲ့ အလွန်ကောင်းတဲ့ Feature တစ်ခုကတော့ Settings တွေကို Sync ပြုလုပ်လို့ရလာတာဖြစ်ပါတယ်။အဲဒီ Feature ကိုသုံးဖို့အတွက် Microsoft အကောင့်ကိုအသုံးပြုဖို့လိုပါတယ်။ Settings တွေကို Sync လုပ်ပေးနိုင်တဲ့အတွက် သင့် အိမ်က Window 8 PC ရဲ့  Settings တွေကို တစ်ခြား Windows 8 PC တွေမှာသုံးနိုင်တာပါပဲ။ Synced Data တွေကို Microsoft ကသင့်ရဲ့  SkyDrive အကောင့်မှာသိမ်းပေးထားမှာပါ။

Sync ကို Enable / Disable ပြုလုပ်ခြင်း။

PC Settings ထဲက Sync Your Settings မှာ Sync ပြုလုပ်မယ့် အရာတွေကိုရွေးချယ်နိုင်ပါတယ်။ Sync လုပ်မယ့် အရာတွေကိုရွေးချယ်နိုင်ပါတယ်။ Sync မလုပ်ချင်ရင်တော့ Sync Settings on this PC မှာ Off လုပ်ပေးပါ။တစ်ခုသတိထားရမှာက Microsoft အကောင့်ကိုပြောင်းလိုက်တာနဲ့  Sync ကို On လုပ်ပေးမှာဖြစ်ပါတယ်။

1

ဘာတွေကို Sync လုပ်ပေးမလဲ

Sync လုပ်ပေးမယ့် အရာတွေကတော့

  • Personalization Settings တွေဖြစ်တဲ့ Start Screen Tiles, Layouts, Desktop Theme, Taskbar, Background, Account, Lock Screen Pictures, Color Scheme
  • Application List တွေအပါအ၀င် App Settings , ၀ယ်ထားတဲ့ Apps
  • Internet Explorer ရဲ့ ဒေတာတွေဖြစ်တဲ့ Passwords, Favorites, Open Tabs, Home Page, Browsing History
  • Keyboard Layout, Display Language, Personal Dictionaries
  • Accessibility aids
  • Mouse, Printer , File Explorer Configurations

တို့ဖြစ်ပါတယ်။

 

Synced Data တွေကို SkyDrive ကနေ ဖျက်ခြင်း။

သင့် PC ရဲ့  Settings တွေကို SkyDrive မှာသိမ်းထားတာဖြစ်လို့ Privacy အရဖျက်ပစ်ချင်ရင်ဖျက်နိုင်ပါတယ်။ဖျက်ပစ်ဖို့အတွက် SkyDrive Page ကိုသွားပါ။ မဖျက်မီ သင့် PC Settings မှာ Sync ကို Off လုပ်ထားဖို့တော့လိုပါတယ်။ ပြီးရင် SkyDrive Page ကိုသွားပြီး Remove Button ကိုနှိပ်ပါ။

 

delete-settings-from-skydrive

Windows 8.1 မှာဆိုရင်တော့ PC Settings တွေကို Backup လုပ်ထားလို့ရတဲ့ Feature တစ်ခုအသစ်ပါရှိလာပါတယ်။ PC Settings ထဲမှာပြုလုပ်ရမှာဖြစ်ပြီး အဲဒီ Feature ကိုအသုံးပြုတယ်ဆိုရင် Cloud က Backup Data တွေကိုပါဖျက်ပစ်ရမှာပါ။ဖျက်ဖို့အတွက် SkyDrive Website ကိုသွားပြီး Delete လုပ်ပါ။

 

delete-backed-up-settings

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *