News

Japan Brand NEC ရဲ့ 2015 ခုနှစ် The Product Tour (Yangon) အစီအစဉ်

သတ်မှတ်ရက်နှင့် သတ်မှတ်အရောင်းဆိုင်ကြီးများတွင် NEC Product ဝယ်ယူသူတိုင်းအား ငွေသား ကျပ် ၅,ဝ၀ဝ မှ ကျပ် ၃၀,ဝ၀ဝ အထိ လက်ငင်းပြန်အမ်းပေးမည့် Cash Back အစီအစဉ်အပြင် မေတ္တာလက်ဆောင်များပါ ပေးအပ်သွားမည့် NEC 2015 The Product Tour ( Yangon ) အစီအစဉ်ကို၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ မှ မတ်လ ၁ ရက်နေ့အတွင်း ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လပြည့်ဝန်းပလာဇာရှိ EvoStore တွင်လည်းကောင်း ၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ၈ ရက်နေ့တွင် ၃၆ လမ်းရှိ Technoland တွင်လည်းကောင်း ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့တွင် မဟာဗန္ဓုလ ပန်းခြံလမ်းရှိ Citicom တွင်လည်းကောင်း ၊ ဖေဖော်ဝါရီလ ၂၀ ရက် မှ ၂၂ ရက်နေ့ တွင်ပန်းဆိုးတန်းလမ်းရှိ KMD တွင်လည်းကောင်း ၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၁ ရက်နေ့အထိတွင် Junction Square ရှိ Citicom Banana တွင်လည်းကောင်း အလည့်ကျ NEC Product Tour အစီအစဉ်ကို ပြုလုပ်သွားမည် ဖြစ်ပါတယ်။ ဖော်ပြပါ သတ်မှတ်ရက် နှင့် သတ်မှတ် အရောင်းဆိုင်ကြီးများတွင် အနည်းဆုံး Warranty ၁ နှစ် ပါဝင်ပြီး အရည်အသွေးစိတ်ချရတဲ့ NEC Japan Product များဖြစ်တဲ့ Express R120f 2-ways Server, High Performance T71f Server, Windows PC Tablet, Global business use MB Desktop set, Multimedia Projectors, Wide LED Monitor အပြင် အခြား NEC Product များကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ငွေသား Cash Back နှင့် မေတ္တာ လက်ဆောင်များကို ရယူနိုင်မှာဖြစ်ပါတယ် ။ NEC 2015 The Product Tour အစီအစဉ် နှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါ က ဖုန်း KMD 01-381-129, 381-035 ,evo store 01-373-631, technoland 09-730-417-34, Citicom 01-376-564, Citicom Banana 09-300-963-77 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *