News

British Council website ၏ user testing sessions အတွက် volunteer များခေါ်ယူခြင်း

British Council website ၏ user testing sessions အတွက် volunteer များခေါ်ယူခြင်း

ဗြိတိသျှကောင်စီ၏ website အား သုံးစွဲသူများ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ အသုံးပြုသူအား လက်တွေ့အသုံးပြုစေ၍ စမ်းသပ်ခြင်း (user testing) အစီအစဉ်တစ်ရပ်ကို ၂၀၁၅ ဇန်နဝါရီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) နှင့် ၂၉ ရက် (ကြာသပတေးနေ့) တို့တွင် ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ ပြုလုပ်မည်ဖြစ်ပါသည်။

User testing session တစ်ခုလျှင် (၁) နာရီခွဲခန့်သာ ကြာမည်ဖြစ်ပြီး ပါဝင်ရန် ရွေးချယ်ခံရသူ volunteer များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် တစ်နှစ်တာ အခမဲ့ အသင်းဝင်ခွင့် (အသင်းဝင်ဖြစ်ပြီးဆိုပါက အခမဲ့ အသင်းဝင်သက်တမ်းတိုးခွင့်) နှင့် သွားလာစရိတ် USD 10 တို့ပေးပါမည်။

ပါဝင်လိုသူများသည် အောက်ပါအချက်အလက်များနှင့် ပြည့်စုံရပါမည်။
– အင်္ဂလိပ်ဘာသာသင်ယူရေးတွင် စိတ်ပါဝင်စားသူ
– အင်တာနက်အသုံးပြုမှုနှင့် အကျွမ်းတဝင်ရှိသူ
– Market Research ကုမ္ပဏီများမှ ဝန်ထမ်းများ၊ အင်္ဂလိပ်ဘာသာ သင်ကြားသော ဆရာ/ဆရာမများ၊ website ဒီဇိုင်း ရေးဆွဲသူများ မဖြစ်ရပါ။
– အင်္ဂလိပ်ဘာသာ အနည်းငယ်ပြောဆိုတတ်သူ

စိတ်ပါဝင်စားသူများသည် ဤlink (https://docs.google.com/…/1LLbt–GhMIHN2qnDDvUd_yh…/viewform) တွင် ဝင်ရောက်ကြည့်ရှု၍ ကိုယ်ရေးအချက်အလက်များကို ၂၀၁၅ ဇန်နဝါရီလ ၂၃ ရက် သောကြာနေ့ နောက်ဆုံးထားပြီး online form မှတဆင့် ပေးပို့နိုင်ပါသည်။ ရွေးချယ်ခံရသူများကို online မှ တဆင့် အကြောင်းပြန်ပါမည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *