News

ကွန်ပျူတာပညာရှင်အသင်းမှ Web Developer Foundation [Batch-3] သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Web Developer Foundation [Batch-3] သင်တန်း တစ်ခုကို ဇန်နဝါရီလ (၁၃) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပြောင်းလဲနေသောနည်းပညာခေတ်အတွက် လိုက်လျောညီထွေမှုဖြစ်စေရန် Web Technology များသည် အရေးပါလှပါသည်။ နည်းပညာခေတ်တွင် တက်လှမ်းကြမည့်သူများအတွက် အခြေခံအုတ်မြစ်သည် အသက်ပမာ လိုအပ်ပါသည်။ အုတ်မြစ်ခိုင်မှ ရေရှည်တည်တံ့ခိုင်မြဲမည် တိုးတက်စည်ပင်နိုင်မည်လည်းဖြစ်ပါသည်။ နည်းပညာခေတ်တွင် Web Developer တစ်ယောက်အနေနှင့်ရပ်တည်နိုင်ရန် ဤသင်တန်းအားအစပြိုးအနေဖြင့် မတက်မဖြစ် တက်ရောက်ရမည်ဖြစ်ပါသည်။ နိင်ငံရပ်ခြားသို့သွားရောက်မည့် ကျောင်းသားများ၊ ကွန်ပျူတာကျောင်းဆင်းများ၊ မကြာခင် လုပ်ငန်းခွင်ဝင်မည့်သူများ၊ ဘလော့ခ်များပိုင်ဆိုင်ပြီး ပြင်ဆင်မွမ်းမံလိုသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းလည်းဖြစ်ပါသည်။ သမာရိုးကျနည်းလမ်းများထက် Problem Solving, Mind Mapping and Project Planning အစရှိသော နည်းလမ်းများဖြင့် အတွေ့အကြုံရှိသော၊ ပြည်တွင်း နှင့် နိုင်ငံတကာ ပရောဂျက်များလက်တွေ့ရေးသားနေသော ကိုဝိန်း@ကိုဝေလင်းထွန်း မှ သင်ကြားမည် ဖြစ်ပါသည်။

လက်ရှိတွင် Web Technology များဖြင့်လုပ်ကိုင်နေပြီး မိမိကိုယ်မိမိအားမရနေသူများလည်း အခြေခံခိုင်မာစေရန် တက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံးပါက ခေတ်စားနေသောPHP, ASP.Net, J2EE အစရှိသော နည်းပညာများကို ဆက်လက်လေ့လာရာတွင် ထောက်ကူပေးနိုင်မည် ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရန် အလေ့အကျင့်ကောင်းများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

အခြေခံလိုအပ်ချက် :      တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) GCE-O Level အောင်မြင်ပြီးသူများ

ပါဝင်မည့်အကြောင်းအရာများ…..

css

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဇန်နဝါရီလ (၁၂) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *