Apps, How-to

AirStream ကိုသုံးပြီး PC နဲ့ Android Device တွေကြား Files တွေကို Share သုံးကြမယ်

အရင်တုန်းကဆိုရင် သင့် PC နဲ့ Mobile Device တွေကြားမှာ Files တွေကို အပြန်အလှန် ယူဆောင်အသုံးပြုချင်တယ်ဆိုရင် USB Cable တွေမှ တစ်ဆင့် ကူးယူအသုံးပြုကြရပါတယ် ။ ခုချိန်မှာတော့ ဒီလို အလုပ်ရှုပ်ခံ စရာ မလိုတော့ပါဘူး ။ Window, Mac, Linux Computer တွေက File ၊ Music နဲ့ Videos တွေကို သင့်ရဲ့ Android ဖုန်း နဲ့ Tablet တွေက တစ်ဆင့် အင်တာနက် နဲ့ Wifi Network တွေကိုအသုံးပြုပြီး ထိန်းချုပ်အသုံးပြုလို့ရပါပြီ ။ ဒီလိုအသုံးပြုနိုင်ဖို့အတွက် သင့်ရဲ့ PC နဲ့ Android Device တွေထဲမှာ Airstream ဆိုတဲ့ Application လေးကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ် ။ Airstream ဟာ PC အတွက် Software သီးသန့်တစ်ခု ၊ ဖုန်း နဲ့ Tablet အတွက်က Application သီးသန့်တစ်ခုဖြစ်ပါတယ် ။

Airstream ကို အသုံးပြုမယ်ဆိုရင်တော့ သင့်ရဲ့ PC ပေါ်မှာ Airstream ကို အရင်ဆုံး Install လုပ်ရမှာ ဖြစ်ပါတယ် ။ Install လုပ်ပြီးတာနဲ့ Software ကို Launch လုပ်လိုက်ပါ ။ ပထမဆုံးအနေနဲ့ Login လုပ်ခိုင်းတဲ့ Screen ကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ သင့်အနေနဲ့ Airstream Account တစ်ခုပြုလုပ်အသုံးပြုရမှာ ဖြစ်ပါတယ် ။ ဒါမှမဟုတ် သင်ဟာ Account တစ်ခုလုပ်ပြီး မသုံးချင်ရင်တော့ သင့်ရဲ့ Android ဖုန်း နဲ့ PC ကို Local Network (WiFi-Network) တစ်ခုထဲမှာ အသုံးပြုရမှာ ဖြစ်ပါတယ် ။

Windows-Security-Alert

Window PC မှာ ဆိုရင် Window Firewall က Airstream ကို Network ဆီ Access လုပ်မလား မေးတဲ့ Alert လေးပေါ်လာရင် Allow Access လုပ်ပေးလိုက်ပါ ။

Android ဖုန်းမှာလည်း အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း Airstream Account နဲ့ Login လုပ်ပြီး သုံးမလား ၊ ဒါမှမဟုတ် Local Network တစ်ခုထဲမှာပဲ သုံးမလား ဆိုပြီး မေးပါလိမ့်မယ် ။ Login မ၀င်ဘဲ အသုံးပြုမှာ ဖြစ်တဲ့ အတွက် “Try without Login” ဆိုတာကို ရွေးလိုက်ပါ ။ ဒါဆိုရင် Airstream ဟာ သူရဲ့ Wifi-Network ထဲမှာ ရှိတဲ့ PC တွေအကုန်လုံးကို Scan ဖတ်ပြီး ဖော်ပြပါ့လိမ့်မယ် ။ ပြီးတာနဲ့ သင်ချိတ်ဆက် ချင်တဲ့ PC ကိုရွေးပြီး Tap လုပ်လိုက်ပါ ။

AirStream_Login

AirStream_Without-Login

AirStream_No-Login

အထက်မှာဖော်ပြခဲ့တဲ့ အတိုင်း PC နဲ့ ဖုန်း နှစ်ခုလုံးမှာ Setting လုပ်ပြီးတာနဲ့ သူတို့ ချိတ်ဆက်ထားတဲ့ Interface တစ်ခုရလာပါလိမ့်မယ် ။ အဲ့ဒီ ကနေမှ သင်ရှာ ချင်တဲ့ Video, Audio, Images, Document နဲ့ Text Files တွေအကုန်လုံးကို ရှာဖွေပြီး Access လုပ်လို့ရပါပြီ ။

AirStream_Main

AirStream_Main-2

Airstream ရဲ့ နောက်ထပ် စိတ်၀င်စားဖို့ကောင်းတဲ့ Feature တစ်ခုကတော့ သင် Access မလုပ်ခံချင်တဲ့ Items တွေကို သင့်ရဲ့ Computer ကနေ Block လုပ်ထားလို့ရပါတယ် ။ သင့်ရဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေနဲ့ Airstream Network ကိုမျှဝေ သုံးစွဲ တဲ့အခါ မှာ သင်ရဲ့ PC မှာရှိတဲ့ ကိုယ်ရေးကိုယ်တာ တွေကို မမြင်စေချင်တဲ့ အခါမျိုးမှာ အသုံး၀င်လှပါတယ် ။ System Tray ထဲမှာ Run နေတဲ့ Airstream Icon ကို ကလစ်နှိပ်ပြီးတော့ “Block Files And Folders” ဆိုတာကို နှိပ်လိုက်ပါ ။ New Window တစ်ခု တက်လာပါလိမ့်မယ် ။အဲဒီ့ ထဲကို မှ ကိုယ် Access အလုပ်မခံစေချင်တဲ့ Files တွေကို ထည့်သွင်းပြီးတော့ Confirm လုပ်လိုက်ပါ ။

Notification-Icon

AirStream-PC-Suite

Airstream ကို အသုံးပြုပြီး သင့်ရဲ့ Computer ထဲမှာရှိတဲ့ Built-In Media Player တွေနဲ့ သီချင်းဖွင့်ခိုင်းလို့လည်း ရပါသေးတယ် ။ Airstream ကို အသုံးပြုပြီး Shuffle, Repeat နဲ့ Skip Songs စသည့် Features တွေကိုလည်း အသုံးပြုလို့ရပါတယ် ။ ဒါ့အပြင် Side Bar Menu မှာရှိတဲ့ My Device ကို နှိပ်ပြီး သင့်ရဲ့ ဖုန်း နဲ့ Tablet ထဲမှာရှိတဲ့ နောက်ထပ် Files တွေကိုလည်း ရှာဖွေလို့ရပါတယ် ။

AirStream_Sidebar

AirStream_Music

ဒီလိုမျိုး စိတ်၀င်စားစရာကောင်းပြီး အသုံး၀င်တဲ့ Feature တွေနဲ့ စုံလင်လှတဲ့ Airstream ဟာ Free ဖြစ်တာမို့လို့ အခုပဲ သုံးစွဲကြည့်လိုက်ပါ ။

Install Airstream for Android

Download Airstream Suit for Desktop

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *