News

RVi Institute နှင့် Republic Polytechnic တို့၏ Diploma in Electrical & Electronics Engineering 1+2 Program အတွက် Bridging Program ကို ဒီဇင်ဘာလ (၃၀) ရက်နေ့ တွင် စတင်ဖွင့်လှစ်မည်

၂၀၁၄ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်မည့် Republic Polytechnic ၏ Diploma in Electrical & Electronics Engineering (1+2 Program) ပထမနှစ် ဒီပလိုမာသင်တန်းအတွက် ကြိုတင်ပြင်ဆင်ပေးမည့် ပေါင်းကူးသင်တန်း (Bridging Program) ကို RVi Institute (Centre for Higher Education) မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

ယခုဖွင့်လှစ်မည့် ပေါင်းကူးသင်တန်း (Bridging Program) သည် မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များကိုRepublic Polytechnic ၏ ပြဿနာအခြေပြုသင်ကြားမှုပုံစံဖြင့် သင်ကြားရေးစနစ် (Problem-based Learning Methodology) ကို ကြိုတင်နားလည်ကျွမ်းဝင်စေရန်၊ နိုင်ငံတကာသင်ကြားရေးစနစ်တွင် လိုအပ်လာမည်ဖြစ်သော Report Writing၊ Note Taking၊ Communication အစရှိသော Soft skill များကိုတက်မြောက်စေရန်၊ နိုင်ငံရပ်ခြားတွင် နေထိုင်စဉ် သိထားရမည့် ဆောင်ရန် ရှောင်ရန်အချက်များကိုသိရှိစေရန်အတွက်အကြိုလေ့ကျင့် ပြင်ဆင်သင်ကြားပေးခြင်းဖြစ်သည်။

သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီးသင်တန်းနောက်ဆုံးပတ်တွင် စင်္ကာပူနိုင်ငံ Republic Polytechnic သို့လေ့လာရေးခရီး (Study Tour) သွားရောက်ရမည်ဖြစ်သည့်အတွက် သင်တန်းတွင် လေ့လာသင်ယူခဲ့သည်များကို လက်တွေ့ပြန်လည်အသုံးချနိုင်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက RVi Institute နှင့် စင်ကာပူအစိုးရ ပိုလီကျောင်းတစ်ကျောင်းဖြစ်သော Republic Polytechnic တို့ ပူးပေါင်းဖွင့်လှစ်သည့် Diploma in Electrical & Electronics Engineering သင်တန်းကို ဧပြီလ နောက်ဆုံးအပါတ်တွင် ဆက်လက်တက်ရောက်ရမည်ဖြစ်သည်။ ပထမနှစ်ကို ရန်ကုန်မြို့တွင် တက်ရောက်ကာ ဒုတိယနှစ်နှင့် နောက်ဆုံးနှစ်ကို စင်္ကာပူနိုင်ငံတွင် သွားရောက်သင်ယူရမည်ဖြစ်သည်။

ယခုသင်တန်းကိုအခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ် တက်ရောက်ဆဲကျောင်းသား၊ ကျောင်းသူများ၊ အင်ဂျင်နီယာဘာသာရပ်ကို စိတ်၀င်စားသူများ၊ နိုင်ငံတကာတွင် အင်ဂျင်နီယာအဖြစ် ရပ်တည်လိုသူများ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ လျှောက်ထားလိုသောကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်၀င်တန်း စာမေးပွဲတွင် ဘာသာစုံပျမ်းမျှ (၇၀) ရာခိုင်နှုန်းရရှိထားရမည် ဖြစ်ပါသည်။ ထို့အတူ IGCSE အောင်မြင်ထားသော ကျောင်းသားများအနေဖြင့် ဘာသာရပ် (၅) ခုစလုံးတွင် အနည်းဆုံး Grade C  နှင့်အထက် ရရှိကြရမည် ဖြစ်ပါသည်။

ထိုအကြောင်းအရာများကိုရှင်းလင်းပြောကြားပေးမည့် ပညာရေးဆွေးနွေးပွဲကိုဒီဇင်ဘာလ ၂၁ ရက်၊ နေ့လည် ၄ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ ကြိုတင်စာရင်းသွင်း တက်ရောက်နိုင်ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်သိရှိလိုပါက RVi Institute @ The RVi Global Education Campus ဖုန်းနံပါတ် ၀၁-၅၃၆၂၆၀၊ ၀၁-၂၃၀၅၉၉၈ နှင့် ၀၉-၈၅၀၃၀၇၃တို့သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *