News

စွန့်ဦးတီထွင် မီလျံနာသုံးဦးအကြောင်း

စွန့်ဦးတီထွင် မီလျံနာသုံးဦးအကြောင်း

စွန့်ဦးတီထွင် မီလျံနာသုံးဦးအကြောင်း

အခုချိန်မှာဆိုရင်တော့ ကျွန်တော်တို့ တွေအနေနဲ့ စွန့်ဦးတီထွင် မီလျံနာတွေကို အရင်ကထက် အများအပြားကိုသိ လာကြရပါတယ်။ စွန့်ဦးတီထွင် မီလျံနာများလို့ ကြားလိုက်တာနဲ့ စာဖတ်သူတို့အနေနဲ့ စတင်တွေးမိမှာကတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ Bill Gates ၊ Steve Jobs ၊ Mark Zuckerbergနဲ့ Richard Branson ဆိုတဲ့ သူတွေကို စတင်သတိထားမိကြမှာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေရဲ့ အကြောင်းကိုစိတ်ဝင်စားရင်တော့ သူတို့တွေ ဒီလိုအခြေနေမျိုးတွေ ရရှိလာအောင် ဘယ်လိုတွေ ကြိုးစားခဲ့ကြသလဲဆိုတာကို သိချင်ကြမှာပါပဲ။ သို့ပေမဲ့ ဒီဆောင်းပါးမှာတော့ ဒီလူတွေရဲ့ အကြောင်းတွေကို မပြောပြတော့ပါဘူး။ သူတို့လိုပဲ စွန့်ဦးတီထွင် မီလျံနာတွေ ဖြစ်လာခဲ့ကြတဲ့ လူသုံးဦးရဲ့ အကြောင်းကိုရေးသား ဖော်ပြပေးလိုက်ရပါတယ်။

၁။ Adwaysရဲ့ CEO နှင့် တည်ထောင်သူဖြစ်တဲ့ Haruhisa Okamura

သူမဟာဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးနည်းပညာ ကုမ္ပဏီAdwaysကို တည်ထောင်သူဖြစ်သလို CEO လည်းဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ 2013 ခုနှစ်မှာအွန်လိုင်းကြော်ငြာဝန်ဆောင်မှုအတွက်အကောက်ခွန်

ငွေဒေါ်လာ 221 မီလီယံရရှိထားတဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းတင်ခြင်းခံထားရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Okamuraဟာ သူမအသက် ၁၆ နှစ်အရွယ်မှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ဖို့အတွက် ကျောင်းထွက် ခဲ့ပါတယ်။  ဒီအချိန်မှာ သူနဲ့ရွယ်တူသူငယ်ချင်းတွေနဲ့ သူ့လိုပဲကျောင်းထွက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ လူတွေ နဲ့မိတ်ဆွေအပေါင်းအသင်း ဖြစ်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီအလုပ်က သူမနဲ့ပိုပြီး ကိုက်ညီမှုရှိတယ် ဆိုတာကို သိရှိလာခဲ့ပါတယ်။  2000 ခုနှစ်မှာတော့ အင်တာနက်ဟာ ကမ္ဘာအနှံ့အသုံးပြုလာတဲ့ အရာတစ်ခု ဖြစ်ခဲ့တဲ့အချိန်မှာတော့ Okamura ဟာအွန်လိုင်း ကုမ္ပဏီအများစုနဲ့ ကုမ္ပဏီငယ်လေးတွေရဲ့ အာရုံထားခံခဲ့ရတဲ့ သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဖေဖော်ဝါရီ 2001 ခုနှစ်မှာတော့  Adwaysကုမ္ပဏီကို  ဒေါ်လာတစ်သောင်း ($10,000) နဲ့စတင် တည်ထောင်ခဲ့ပါ တယ်။  သို့ပေမဲ့ သူ့ကုမ္ပဏီဟာဒေါ်လာ 5,000 အရှုံးပေါ်ခဲ့ပါတယ်။  ဒီအရှုံးဟာလဲ Email marketing software နဲ့ ကြိုးစားလုပ်ကိုင်ဖို့ အတွက်ရရှိခဲ့တဲ့ အရှုံးငွေလည်းဖြစ်ပါတယ်။  နောက်ပိုင်းမှာ သူဟာအွန်လိုင်း ဈေးကွက်ကိုစစ် တမ်းကောက်ယူပြီး ဈေးကွက်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ ဝန်ထမ်းတစ်ယောက်ကို ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလူကတော့ Sanki Nishiguchi ဖြစ်ပြီး သူဟာကုမ္ပဏီရဲ့ CTO ဖြစ်လာခဲ့တဲ့  သူလည်းဖြစ်ပါတယ်။

အစပိုင်းမှာတော့  သူမရဲ့Adways  ကုမ္ပဏီဟာသူမရဲ့  ကြိုးစားအားထုတ်မှုကြောင့် လျင်မြန်စွာကြီးထွားလာခဲ့ပြီး 2006 ခုနှစ်မှာတော့ အများပိုင် ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ်။  အဲ့ဒီအချိန်မှာ Okamura ရဲ့အသက် ဟာ 25 နှစ်ပဲ ရှိပါသေးတယ်။  အများပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်ပြီးတဲ့ နောက်မှာတော့  Adways ကုမ္ပဏီဟာ mobile technologies တွေကို  ဦးတည်ချက်ထားပြီး လုပ်ကိုင်ခဲ့ကြပါတယ်။  အခုချိန်မှာတော့ Adways ကုမ္ပဏီ ဟာ ကမ္ဘာအနှံ့အပြားမှာ ရုံးခန်းတွေထားနိုင်ခဲ့ပြီပဲ  ဖြစ်ပါတယ်။  Adwaysရဲ့အကြောင်းကို  လေ့လာချင်ရင်တော့ Adwaysရဲ့ Website ဖြစ်တဲ့  http://adways.net/မှာ  လေ့လာနိုင်ပါတယ်။

Okamura ရဲ့  သင်ခန်းစာကတော့ ပညာရေးဟာသင့်ကို  ပြီးပြည့်စုံအောင် မလုပ်ပေးနိုင်သလို သင့်ရဲ့စီးပွားရေးနဲ့ သင့်ရဲ့ဘဝအတွက်လည်း ဆုံးဖြတ်ချက်တွေ နှေးကွေးစွာ သွားစေနိုင်ပါလိမ့်မယ်။

၂။ Natori Company ကိုတည်ထောင်သူ နှင့် CEO Josie Natori

သူမကတော့  women’s sleepwear company ရဲ့  တည်ထောင်သူ နှင့် CEO လည်း ဖြစ်ပါတယ်။  သူမရဲ့ကုမ္ပဏီ ကထုတ်လုပ်တဲ့  ထုတ်ကုန်တွေဟာ  ရေမွေးရနံ့တွေပါဝင်တဲ့  မျက်မှန်များတွေနဲ့  အိမ်သုံးမရိဘောဂပစ္စည်းတွေပါ ထုတ်လုပ်တဲ့အထိ ကျယ်ပြန့်လာခဲ့ပါတယ်။  2011 ခုနှစ်မှာတော့ သူမရဲ့ ကုမ္ပဏီဟာ ဒေါ်လာ 150 မီလီယံရှိရောင်း အားကောင်း ကုမ္ပဏီအဖြစ်  မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။

Natoriဟာ ဖိလစ်ပိုင်နိုင်ငံမှ  အမေရိကန်နိုင်ငံကို 1964 ခုနှစ်ကကောလိပ်တက် ရောက်ရန်အတွက် ပြောင်းရွေ့နေ ထိုင်ခဲ့ပါတယ်။  အမေရိကန်နိုင်ငံအရောက်မှာတော့ သူမအတွက် အရာရာတိုင်းဟာ ကွဲပြားခြားနားနေပါတယ်။ ရာသီဥတုက  အစအစားအသောက်ကအဆုံး၊ လူနေယဉ်ကျေးမှု တစ်ခုခြင်းစီတိုင်းဟာ ကွဲပြားခြားနားလွန်းနေ ပါတယ်။  သူမအတွက် အိမ်လွမ်းဝေဒနာဟာလည်း စိတ်ပျက်စရာ ကောင်းလွန်းလှပါတယ်။  ဒါပေမဲ့ သူမဟာဒီဂရီ ပြီးသွားတော့ သူမရဲ့စီးပွားရေးအတွက် အလုပ်လုပ်ဖို့  ဆုံးဖြတ်ရပါပြီ။  ဒါကြောင့် 1971 ခုနှစ်မှာတော့  Merrill Lynch  ကိုပြောင်းရွှေ့ပြီး သူမပိုင် ကုမ္ပဏီလေးတစ်ခုကို တည်ထောင်ခဲ့ပါတယ်။

1974 ခုနှစ်မှာတော့ အမေရိကန် လူမျိုးနဲ့ အိမ်ထောင်ကျပြီး အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ Natoriနဲ့ သူမရဲ့ အမျိုးသားဟာ ဆုံးဖြတ်ချက်ခြင်း မတူညီတဲ့အပြင် အမြင်ချင်းဟာလည်း ကွဲပြားခြားနားခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာသူမရဲ့ စိတ်ကူးအိပ်မက်တွေကို ကြိုးစား အကောင်ထည်ဖော်နိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ 1977 ခုနှစ်မှာတော့ သူမအတွက် အခွင့်အရေးတွေ ရရှိလာခဲ့ပါတယ်။  ဒီအခွင့်အရေးကတော့ သူမဖန်တီးထားတဲ့  ဒီဇိုင်းကို New York City ရဲ့ အကြီးမားဆုံးစတိုးဖြစ်တဲ့  Bloomingdales ကိုတင်ပြ  ရောင်းချခဲ့ပြီးသူမအတွက် ဒီဇိုင်နာအဖြစ် ရပ်တည်နိုင်ဖို့  အခွင့်အရေးတစ်ရပ်ကိုလည်း ရရှိသွားခဲ့ပါတယ်။  လက်ရှိအချိန်မှာတော့ Natoriရဲ့ ကုမ္ပဏီဟာ ဝန်ထမ်းပေါင်း 400 ကျော်ဖြင့် ဖွဲ့စည်းထားပြီးသူမရဲ့  ထုတ်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချနိုင်ဖို့အတွက်  ဦးတည်ချက်ထားပြီး ထုတ်ကုန်တွေကို ထုတ်လုပ်လျှက်ရှိပါတယ်။  Natori Companyရဲ့ အကြောင်းကို http://www.natori.com/မှာ လေ့လာနိုင်ပါတယ်။

သူမပေးတဲ့  သင်ခန်းစာကတော့  နိုင်ငံရပ်ခြားမှ လာတဲ့လူတစ်ယောက် (သို့မဟုတ်) မိမိရှေ့မှာအခက်ခဲဆူးညောင့် ခလုပ်တွေကို  ကြုံတွေ့နေရတဲ့သူတွေ ရဲ့ အောင်မြင်မှုကို တားဆီးထားလို့မရနိုင်ပါဘူး။

၃။ Camp Bow Wow ကိုတည်ထောင်သူနှင့် လှုံ့ဆော်မှု အကြောင်းအရာများပြောကြားသူ Heidi Ganahl

သူမဟာ  နေ့ခွေထိန်စခန်း Camp Bow Wow ကို တည်ထောင်သူဖြစ်ပြီး လှုံ့ဆော်ရေးအကြောင်းနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေမှာ ဟောပြောနေသူလည်း  ဖြစ်ပါတယ်။  သူမဟာ နေ့ခွေးထိန်းစခန်းကို ဖွင့်ဖို့စိတ်ကူးရသွားပုံက လည်း ဆန်းကျယ်လွန်းလှပါတယ်။  သူမနဲ့သူမရဲ့အမျိုးသား BionFlammangဟာ ခရီးသွားမလို့ စီစဉ်ကြချိန်မှာ သူမတို့ရဲ့  ခွေးလေးကို ထိန်းကျောင်းသူဆီအပ်ဖို့အတွက် ခွေးထိန်းသူကို လိုက်ရှာရာကနေ  စိတ်ကူးရရှိ သွားကြပါတယ်။  ဒါကြောင့် သူမတို့ လင်မယားနှစ်ယောက်ဟာ နေ့ခွေးထိန်းစခန်း ကုမ္ပဏီကိုဖွင့်ဖို့သဘော တူညီခဲ့ကြပါတယ်။  1994 ခုနှစ်မှာတော့  သူမတို့ရဲ့စိတ်ကူး အိပ်မက်လေးဟာ ကံဆိုးမှုတွေနဲ့  ကြုံတွေခဲ့ပါတယ်။ သူမရဲ့  ယောင်္ကျားဟာ  အလုပ်ကိစ္စနဲ့ ခရီးသွားစဉ်မှာ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။  ယောင်္ကျား မရှိတော့တဲ့  Ganahlဟာ သူမရဲ့ကလေးတွေအတွက်  ဘဝကိုအရှုံးမပေးတဲ့  မိခင်တစ်ယောက်အနေနဲ့ ထိန်းကျောင်း ရင်း နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပါတယ်။

ဒီဇင်ဘာလ 2000 ပြည့်နှစ်မှာတော့  ရှည်လျားလှတဲ့ ဘဝကို အရှုံးမပေးပဲ ကျော်ဖြတ်နေတဲ့ Ganahlရဲ့ကံကြမ္မာ အလှည့်အပြောင်းအဖြစ်  ပထမဦးဆုံးနေ့  ခွေးထိန်းစခန်းဖြစ်တဲ့  Camp Bow Wow ကို  Denver ပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။  နောက်ထပ်နှစ်နှစ်ကြာတဲ့  အချိန် 2002 ခုနှစ်မှာတော့  သူမထံလာ ရောက်အပ်နှံတဲ့ခွေးပိုင် ရှင်တွေရဲ့  အကြံပေးချက်အရ  ဒုတိယမြောက် Camp Bow Wow ကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။  ဒါ့အပြင်သူမ ဟာဒီလုပ်ငန်းကို စီးပွားရေးတစ်ခုအနေနဲ့ လုပ်ကိုင်ဖို့အတွက်  စိတ်ကူးရပြီး U.S နဲ့ Canada အပြင် အရင်က Denver မှာပါ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။  သူမကုမ္ပဏီတွေ အားလုံးရဲ့ ဝင်ငွေဟာဒေါ်လာ ၈၀ မီလီယံကျော်ကို ရောက်ရှိနေပါပြီ။  Camp Bow Wow ရဲ့အကြောင်းကို http://www.campbowwow.com/မှာ လေ့လာနိုင်ပါတယ်။

ဒါကြောင့်  စာဖတ်သူတို့ဆီမှာ  ကြီးကျယ်ခန်းနားတဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ အကြံကောင်းတွေ ရှိနေလား ? ရှိတယ်ဆိုရင် ဒီလုပ်ငန်းကို လုပ်ဖို့အတွက် မဖြစ်နိုင်လောက်ဘူးဆိုပြီး အကြောင်းပြချက် တွေပေးမနေပါနဲ့။ Okamura ၊ Natori နှင့် Ganahlကို သင်ခန်းစာယူပြီး သင်အနေနဲ့ ကြိုးစားပြီး လုပ်ကိုင်မယ်ဆိုရင် သင်ဖြစ်ချင်တာ ဘာမဆို  ဖြစ်လာနိုင်မှာ  ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *