How-to

Android စနစ်သုံး Mobile ဖုန်းအများစုကို V ROOTနဲ့ Root ဖောက်ကြည့်မယ်

www.androidauthority.com

V ROOT ဆိုတာ Android စနစ်သုံး Mobileဖုန်းအများစုကို Rootလုပ်လို့ရတဲ့ Root Toolတစ်ခုပါ။ V ROOTက Root Accessရဖို့ အလွန်လွယ်ကူပါတယ်။ China ဖုန်းတွေကို Rootလုပ်ပေးနိုင်ပါတယ်။ အခု V ROOT နဲ့ China ဖုန်းတစ်လုံးကို Root Accessရယူဖို့နည်းလေး ပြောကြည့်ပါမယ်။ V ROOTကို အရင်ဆုံး အင်တာနက်ကနေ Downloadရယူလိုက်ပါ။ ပြီးရင် V ROOT Install Fileကို Computerပေါ်မှာ Run ပေးပါ။ V ROOTကို Runပြီးရင် Rootလုပ်မဲ့ဖုန်းကို Computerနဲ့ USB ချိတ်ပေးပါ။ ထုံးစံအတိုင်း USB Debugging Onထားပေးပါ။ ဒါမှ Rootလုပ်ရတာ အဆင်ပြေမှာပါ။ V ROOTကို အသုံးပြုမယ်ဆိုရင် တရုတ်စာနဲ့ ရေးထားတဲ့အတွက် သေချာမှတ်ထားပြီး Rootလုပ်သင့်ပါတယ်။

ကယ်အခု Computerနဲ့ဖုန်း သိနေပြီးဆိုရင် V ROOTမှာ ဖုန်းရဲ့ Model ပေါ်နေပါလိမ့်မယ်။ ဒါဆို ပထမဆုံး မြင်ရတဲ့ Rootလို့်ရေးထားတဲ့ Pattern လေးကို နှိပ်ပေးပါ။
နောက်တဆင့် တရုတ်စာနဲ့ Rootလို့ ရေးထားတဲ့ Pattern နှိပ်လိုက်ရင် ဖုန်းက Auto Reboot ဖြစ်သွားပါလိမ့်မယ်။ Reboot ဖြစ်ပြီး ပြန်တက်လာရင် Super User
လေးလိုက်ရှာလိုက်ပါ။

Super Userက ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူနိုင်ပေမဲ့ စာသားတော့တူနိုင်ပါတယ်။ Super User မြင်ရရင် Rootလုပ်တာအောင်မြင်သွားပါပြီ။ V ROOTက ဖုန်းတော်တော်များများကို Rootလုပ်ပေးနိုင်တဲ့ အတွက် လွယ်ကူရိုးရှင်းနဲ့ Root Toolကို ကိုယ်တိုင်စမ်းသပ်နိုင်စေရန် ဖေါ်ပြပေးလိုက်ရပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *