ပြည်တွင်းမှာရှိတဲ့ တယ်လီဖုန်းနံပါတ်တွေ အလွယ်တကူ ရှာဖွေကြည့် ရှုနိုင်မယ့် တယ်လီဖုန်း လမ်းညွှန် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။ နေပြည်တော်၊ ရန်ကုန်နဲ့ တခြားမြို့တွေမှာရှိတဲ့ အစိုးရဌာနဆိုင်ရာ ရုံးဖုန်း တွေ၊ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း၀န်ကြီးဌာနဆိုင်ရာ ရုံးဖုန်းတွေ အပြင် လေကြောင်း၊ ဆေးရုံ၊ စက်မှုဇုန်၊ အင်တာနက် ဆားဗစ်၊ စား သောက်ဆိုင်၊ Export/ Import၊ ကွန်ပျူဆားဗစ်နဲ့ အရောင်းဌာန၊ ရေကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ သစ်တောထွက် ပစ္စည်းစတဲ့ လုပ်ငန်း ကဏ္႑အဖြာအဖြာ ပါ၀င်ပြီး သိရှိလိုတဲ့ လုပ်ငန်းနာမည်ကို ရိုက်ထည့်ကာ လုပ်ငန်းဖုန်းနံပါတ် ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အင်တာနက် အသုံးပြုသူတွေအနေနဲ့လည်း အွန်လိုင်းမှာရှိတဲ့ မိမိတို့ရဲ့ မိတ်ဆွေသစ်၊ သူငယ်ချင်းသစ်တွေရဲ့ ဖုန်းနံပါတ်ကို ခြေရာခံကာ ယင်းတို့ရဲ့ နေရပ် လိပ်စာကိုလည်း ဒီ၀က်ဘ်ဆိုက်မှာ ဖော်ထုတ်ကြည့်ရှုနိုင်မှာ ဖြစ်လို့ ဖုန်းနံပါတ်ပေးပြီး လိပ်စာမပေးတဲ့ သူငယ်ချင်းတွေ အံ့သြသွားအောင် ကူညီပေးနိုင်မှာလည်း ဖြစ်ပါတယ်။
http://www.myanmarteldir.com.mm