News

၁၅ပေ အကွာအဝေးအတွင်းမှာ ကြိုးမဲ့အားသွင်းနိုင်တဲ့ နည်းပညာ

ကြိုးမဲ့အားသွင်းတဲ့ နည်းပညာဟာ အခုမှ အစပိုင်းအဆင့်ပဲ ရှိသေးပေမယ့် တိုးတက်မှုတွေ ရှိနေပါတယ်။ ကိုရီးယားအဆင့်မြင့် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်များက လက်ရှိ အသုံးပြုနေတဲ့ ကြိုးမဲ့ အားသွင်းနည်းပညာထက် သုံးဆ အကွာအဝေးမှာ ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကို တီထွင်နေကြပါတယ်။

ဒီနေ့ခေတ် ကြိုးမဲ့အားသွင်းစနစ်မှာ စမတ်ဖုန်း ဒါမှမဟုတ် Device တစ်ခုဟာ အားသွင်းပေးတဲ့ပစ္စည်းနဲ့ တစ်လက်မအကွာအဝေး လောက်မှာ ရှိရပါတယ်။ ကိုရီးယားပညာရှင်များရဲ့ စနစ်ကတော့ Device ဟာ အားသွင်းပေးတဲ့ ပစ္စည်းနဲ့ ၁၅ပေ အကွာအဝေးမှာ ထားရှိလို့ရပါတယ်။ ဒါဟာ အလွန်တိုးတက်လာတာဖြစ်ပေမယ့် လက်ရှိအချိန်မှာ တီထွင်နေဆဲဖြစ်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလို့ မရသေးပါဘူး။

MITမှ သုတေသနပညာရှင်များက ၂၀၀၇ ခုနှစ်မှာ Coupled Magnetic Resonance Systemလို့ ခေါ်တဲ့ ကြိုးမဲ့အားသွင်းတဲ့ နည်းလမ်းကို တီထွင်ခဲ့ကြပါတယ်။ အဲဒီစနစ်မှာ ကြိုးမဲ့အားသွင်းနိုင်တဲ့ အကွာအဝေးဟာ ငါးပေဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ MIT ရဲ့ နည်းပညာဟာ နောက်ဆုံးပေါ် ဖြစ်ပါတယ်။

ကိုရီးယားပညာရှင်များက သူတို့နည်းပညာကို Dipole Coil Resonant System လို့ခေါ်ပြီး MIT ရဲ့ နည်းပညာထက် သာလွန်ကောင်းမွန် ပါတယ်။ ကိုရီးယားပညာရှင်များရဲ့ နည်းပညာမှာ သံလိုက်ဆွဲအားရှိတဲ့ Dipole နှစ်ခုပါရှိတဲ့ Coil တစ်ခုပါရှိပါတယ်။ Dipole တစ်ခုက သံလိုက်စက်ကွင်းကို ထုတ်လုပ်ပေးမှာဖြစ်ပြီး အခြားတစ်ခုက လျှပ်စစ်အားကို လက်ခံမှာဖြစ်ပါတယ်။

စနစ်ရဲ့ အလုပ်လုပ်နှုန်းနဲ့ ဘယ်လောက်အားမြန်မြန် သွင်းပေးနိုင်သလဲဆိုတာကတော့ Deviceနဲ့ Coilရဲ့ အကွာအဝေးအပေါ် မူတည်ပါတယ်။ သုံးပေ အကွာအဝေးမှာ စနစ်ရဲ့ အလုပ်လုပ်နှုန်းက ၃၆.၉ ရာခိုင်နှုန်း ဖြစ်ပြီး 1400 Watts ပမာဏ အားသွင်း ပေးနိုင်ပါတယ်။ ၁၅ပေ အကွာအဝေးမှာဆိုရင် စနစ်ရဲ့ အလုပ်လုပ်နှုန်းက ၉.၂ ရာခိုင်နှုန်း ဖြစ်ပြီး 209 Watts ပမာဏ အားသွင်းပေးနိုင်ပါတယ်လို့ ဆိုထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *