News, Review

Data သိမ်းဆည်းခြင်းထက်မက ပိုမို စွမ်းဆောင်နိုင်တဲ့ Toshiba Canvio Connect Portable Hard Disk Drive

KMD မှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Toshiba ရဲ့ Canvio Connect Portable HDD ကတော့ data သိမ်းဆည်းဖို့အတွက် အသုံးပြုရန် သက်သက်ထက်မက အသုံးပြုနိုင်မယ့် Portable HDD ပါ။ ယခု Tohshiba HDD မှာ Windows တစ်ခုလုံးကို Back Up လုပ်ပြီး, Restore လုပ်နိုင်မယ့် တန်ဖိုး ၁၆,ဝ၀ဝ ကျပ်ကျော်တန် NTI Backup Now Software အသင့်ပါဝင်ပြီးသားဖြစ်ပါတယ်။ Toshiba HDDမှာ Windows file system ဖြင့် သိမ်းဆည်းထားတဲ့ data တွေကို Apple ပစ္စည်းများဖြစ်တဲ့ Macs အသုံးပြုသူတွေ data များ ဖတ်နိုင်ရေးနိုင်ရန်အတွက် NTFS drivers လည်း ပါဝင်ပါတယ်။ ဒါ့အပြင် Toshiba HDD တပ်ဆင်ထားတဲ့ Computerကို Cloud Storage Server ကဲ့သို့ အခြားတစ်နေရာမှ Mobile Tablet/ Smartphoneဖြင့် အဝေးရောက် ထိန်းချုပ်အသုံးပြုရန် HDD ထဲမှာပါဝင်တဲ့ Pogoplug PC Software က ပြောင်းလဲပေးဖန်တီးပေးနိုင်ပါတယ်။ Windows XP, 7, 8, 8.1 OS နှင့် Mac OS တွေကို ထောက်ပံ့ထားပြီး မည်သည့် USB 3.0 နှင့် 2.0 port တွင်မဆို Driver Install လုပ်စရာမလိုတဲ့ Plug & Play အသုံးပြုနိုင်တဲ့ နည်းပညာဖြင့် ပြုလုပ်ထားပါတယ်။ Data Transfer rate 5 GB/s အထိ ရွှေ့ပြောင်းမှု မြန်ဆန်နိုင်ပါတယ်။ Data Storage ပမာဏ 500 GB/ 1 TB/ 2TB ဟုအမျိုးအစား (၃) မျိုးရရှိနိုင်ပြီး အရောင် (၅) မျိုး ရွေးချယ်နိုင်ပါတယ်။ အရွယ်အစားသေးငယ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပစ္စည်းအရည်အသွေးစိတ်ချရတဲ့အပြင် ပစ္စည်းအာမခံ ၃ နှစ်ပါဝင်ပါတယ်။Toshiba Canvio Connect HDD 500 GBကို ကျပ် ၅ သောင်း ဝန်းကျင်၊ 1 TB ကို ၇ သောင်းဝန်းကျင်၊ 2 TB ကို ၁ သိန်း ၁ သောင်းဝန်းကျင်ဖြင့် ၄၉ လမ်း အလယ်ဘလောက် ဗိုလ်တထောင်မြို့နယ်  DCD Computer အရောင်းဆိုင်တွင် ဝယ်ယူနိုင်ပါပြီ။ ဖုန်း DCD : ဝ၁-၂၉၇၃၃၂၊ ၂၉၁၈၃၀။

Related Posts