News

PC ထုတ်လုပ်သူ အားလုံးကို အရှက်ခွဲခဲ့တဲ့ Microsoft

Steve Ballmer (စတိဘောလ်မာ) ဦးဆောင်တဲ့ အမေရိကန် ကော်ပိုရေးရှင်းဖြစ်သည့် Microsoft ကုမ္ပဏီမှ Surfaceလို့ခေါ်တဲ့ Tablet အသစ်တစ်ခုကို မီဒီယာသမားများနှင့် Hollywood နာမည်ကျော် မင်းသား၊ မင်းသမီးများကို ဖိတ်ခေါ်၍ ဇွန် (၁၈) ရက်နေ့တွင် ကမ်ဘာသို့ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါပွဲ၌ Microsoftမှ ရိုးရာအစဉ်အလာများနှင့် ဆန့်ကျင်၍ Product အသစ်မိတ်ဆက်ပွဲကို စီစဉ်ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာသတင်းများအရ Microsoftမှာ Apple၏ အောင်မြင်မှုကို အားကျပြီး အတုခိုးကာ စီစဉ်ကျင်းပထားပုံပေါ်ကြောင်းလည်း ရေးသားထားကြပါတယ်။

မိတ်ဆက်ပွဲတက်ရောက်သူများ၏ အဆိုအရ Microsoftသည် Apple၏ စီးပွားရေးပုံစံအတိုင်း Surface Tabletအတွက် ထုံးစံအတိုင်း Windows OSတင် မဟုတ်ပဲ Hardwareကိုပါ ထုတ်လုပ်သွားမည်ဖြစ်သည်ဟု ကြေညာခဲ့ကြောင်း ပြောသည်။ ဤအချက်သည် Microsoftက PC ထုတ်လုပ်သူများကို အပျင်းကြီးခြင်းကြောင့် အလုပ်မအပ်ခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြပါတယ်။ Microsoftသည် အရင် Tabletများက HTCနှင့် လက်တွဲခဲ့ပြီး ကုမ္ပဏီမှ OS အတွက် Hardwareများကို ထုတ်လုပ်စေခဲ့ဖူးသည်။ ယခုအခါ Tabletများကို ကမ်ဘာပေါ်ရှိ ထုတ်လုပ်သူ ကုမ္ပဏီအားလုံးမှ အပြိုင်အဆိုင် ထုတ်လုပ်လျှက်ရှိသော်လည်း တစ်ဦးကိုမှ မရွေးချယ်ခဲ့ပေ။

PC လောက၌ ရေပန်းစား အသုံးများသည့် Lenovo, Dell, HP, Asus, Acer, MSIစသည့်တို့၏ ထုတ်လုပ်သူများသည်လည်း Laptop, Desktop, Tabletတို့၏ အခွံဖြစ်သည့် Hardwareများကိုသာ ထုတ်လုပ်၍ ကြီးပွားချမ်းသာနေခဲ့သည်မှာ ရာစုနှစ်တစ်ခုရှိခဲ့ပြီ ဖြစ်ပါတယ်။ သုံးစွဲသူများအတွက်မူကား Software ရှိမှသာ လုပ်ငန်းဆောက်တာများကို ကွန်ပျူတာအသုံးပြု၍ လုပ်ဆောင်နိုင်မှာ ဖြစ်သည်။ ထို့ကြောင့် ဖော်ပြပါ PC Manufactureများသည် ကမ်ဘာမှာ မရှိမဖြစ် Softwareများဖြစ်သည့် Word, Excel, Power Powintအစရှိသည်တို့ ထုတ်လုပ်သည့် Microsoft ကုမ္ပဏီမှ Operation Systemကို License ကြေးပေး၍ သူတို့၏ Hardwareများနှင့် ပူးပေါင်း တင်သွင်းကာ ကွန်ပျူတာတစ်လုံးအဖြစ် ကမ်ဘာ့ဈေးကွက်ထဲတွင် ရောင်း၀ယ်ဖောက်ကားလာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါသည်။ လူအမျာစုမှလည်း Brandမျိုးစုံမှ Designမျိုးစုံကို Microsoftမှ Operation Systemဖြင့် ရွေးချယ်အသုံးပြုခဲ့သည်မှာ ရာစုနှစ် ချီခဲ့ပေပြီ။

ထို့ကြောင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုရိုးစကားလို Microsoftမှလည်း Hardware ထုတ်လုပ်သူတို့၏ တောင်းဆိုချက်အတိုင်း သူတို့၏ Softwareကို လို်က်လံပြင်ဆင်ရသလို Hardware ကုမ္ပဏီများမှလည်း Microsoft၏ တင်းကြပ်သော ရာဇသံများအလိုက် လိုက်လံထုတ်လုပ်ခဲ့ရသည်များလည်း ရှိနေခဲ့သည်။ အခြားတစ်ဖက်မှ ကြည့်လျှင် Appleမှာတော့ ၎င်းကုမ္ပဏီမှ ထုတ်သည့် Softwareများကို အသုံးပြုမည့် Hardwareကို ၎င်းကိုယ်တိုင် ဒီဇိုင်းဆွဲပြီး မည်သူ့ကိုမှ ထုတ်လုပ်ခွင့် မပေးပဲ ကုမ္ပဏီ စတင်တည်ထောင်ကတည်းက ထုတ်လုပ်ခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါသည်။ Appleရဲ့ အောင်မြင်မှုများကို ကြည့်လျှင်လည်း Softwareသာလျှင်မဟုတ်ဘဲ Hardwareများလည်းပါသည်ဆိုသည်ကို အသုံးပြုဖူးသူတိုင်း ငြင်းနိုင်မည် မဟုတ်ပေ။ ဥပမာ – iTuneကဲ့သို့ Media Software, iPhone, iPadကဲ့သို့သော Hardwareမျိုးမှာ Microsoft၏ အိပ်မက်ပင် ဖြစ်ပေမည်။

ယခုအခါတော့ Microsoft ကော်ပိုရေးရှင်းကြီးသည် ဟန်မဆောင်နိုင်တော့ပဲ နှစ်ပေါင်းများစွာ အိ်ပ်စက်နေခဲ့ချိန်များမှ လန့်နိုးလာသည့် ဟန်ရှိသည်။ အမျိုးမျိုး အဖုံဖုံပြောင်းလဲဖို့ ကြိုးစားခဲ့ပုံရှိသည့် ယခု Surface Tablet ပစ္စည်းသစ်မိတ်ဆက်ပွဲသည်ကား အချိ်န်ကုန် လူပန်း နောက်ကျနေသည်ဟု သုံးသပ်မိပြီး အသစ်မဖြစ်သည်ဟု ခံစား၍ မဆုံးဖြစ်ရသည်ဟု ဆိုရပေမည်။ တစ်ဘက်မှလည်း Apple ပုံစံ – Softwareနှင့် Hardwareကို ၎င်းကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ထုတ်လုပ်မည်ဟု ကြေညာခဲ့သဖြင့် သူ၏ Softwareကို ကမ်ဘာတစ်၀ှမ်းမှာ ပိုမိုအောင်မြင် လူသိများလာအောင် ပံ့ပိုးကူညီထုတ်လုပ်ပေးခဲ့ကြသည့် PC ထုတ်လုပ်သူများကို မတီထွင်နိုင်သူများ (သို့) လက်တွဲအလုပ် လုပ်၍ မကောင်းသူများအဖြစ် အရှက်ခွဲခဲ့သည်ဟု အဆိုပါ Surface မိတ်ဆက်ပွဲ၌ သက်သေပြခဲ့ကြောင်း တင်ပြလိုက်ရသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *