News

Anonymous တွေ လူသား ကောင်းကျိုးအတွက် Hack

Hack အဖွဲ့အစည်းတစ်ခုဖြစ်သည့် Anonymousသည် စီးပွားရေးနှင့် အစိုးရ ၀က်ဘ်ဆိုဒ်များကို မနှောင့်ယှက်တော့ဘဲ ရန်သူအသစ် တွေ့သွားပြီဟု ကြေညာလိုက်သည်။ ယခုအခါ ထိုအဖွဲ့မှ Operation Pedo Chatဟု အမည်ပေး၍ ပြီးခဲ့သည့်အပတ်မှ စတင် တိုက်စစ်ဆင်နေပြီး Twitterမှာလည်း #OpPedoChat အမည်ဖြင့် လှုပ်ရှားမှုများကို ဖော်ပြထားသည်ဟု သိရသည်။

Pastebinဆိုတဲ့ File Sharing ဆိုဒ်တစ်ခုမှာ ကြေညာထားချက်အရတော့ အင်တာနက်ပေါ်မှာရှိတဲ့ ကလေးဓာတ်ပုံ၊ ရုပ်ရှင်နှင့်ပတ်သက်ပြီး တရားမ၀င်သည့် လူ့အဖွဲ့အစည်းက လက်မခံနိုင်သည့် ၀က်ဘ်ဆိုဒ်များကို အပြီးသတ် ချေမှုန်းပစ်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အချိန်အတွင်းမှာတော့ ဖော်ပြပါ အကြောင်းအရာနှင့်သက်ဆိုင်သည့် ၀က်ဘ်ဆိုဒ်မျိုး 85ဆိုဒ်ကို စစ်ဆင်ပြီးခဲ့သည်ဟု သတင်းများက ဆိုသည်။ နေ့စဉ်နှင့်အမျှ ဆက်လက်တိုက်မည်ဟုလညး် ဖော်ပြထားသည်။

ထိုအဖွဲ့မှ သူ့ရဲ့ နောက်လိုက်နှင့် ပရိသတ်များကို ကတိပေးထားသည့်အတိုင်း ဖော်ပြပါ တရားမ၀င် ၀က်ဘ်ဆိုဒ်ပေါ်တွင် ဈေးရောင်း ဈေး၀ယ်လုပ်သူများ၊ ဆိုဒ်ကို တည်ဆောက်သူများ၏ ကိုယ်ရေးရာဇ၀င် အချက်အလက်များကို Hack လုပ်ပြီး အများပြည်သူသိအောင် Onllineမှာ ဖော်ပြမည်ဟု ဆိုသည်။ ထိုအချက်အလက်များထဲတွင် နာမည်အရင်း၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် Windows Live IDတို့ ပါ၀င်သည်ဟု သိရသည်။

ဒီတစ်ခေါက်က ပထမဆုံး မဟုတ်ဘဲ Operation Dovknetဟု ရှေ့နှစ် အောက်တိုဘာလက လုပ်ဆောင်ခဲ့ကြောင်း၊ ဖော်ပြပါဆိုဒ်မျိုး အခုရေ 1500အထိ တိုက်စစ်ဆင်နိိုင်ခဲ့ကြောင်းလည်း ထပ်မံ ပြောကြားသည်။ သုံးသပ်သူများအရ အခုတိုက်သည့် စစ်ပွဲက မနှစ်ကထက် ပိုတိုးတက်လာကြောင်းနှင့် အကြောင်းအရာများကိုလည်း ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်နှင့် ဂရိနိုင်ငံတို့အတွက် ဘာသာပြန်ပြီး ဖြစ်ကြောင်း သိရသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *