Phones, Review

OPPO X 2021 မျက်နှာပြင် လိပ်ထားနိုင်တဲ့ concept ဖုန်း

OPPO ဟာ စမတ်ဖုန်း ဒီဇိုင်းအသစ်တွေ မိတ်ဆက်နေတာ ကြာပါပြီ။ အခုအခါမှာလည်း OPPO X 2021 မျက်နှာပြင် လိပ်ထားနိုင်တဲ့ concept ဖုန်းကို မိတ်ဆက်လိုက်ပါပြီ။
ဖုန်းရဲ့ အဓိက လုပ်ဆောင်ချက်က display အရွယ်အစားကို ၆.၇ လက်မ နဲ့ ၇.၄ လက်မအကြား ပြောင်းလဲနိုင်တာပါ။

ဖုန်းရဲ့ အခြေခံပုံစံက ၆.၇ လက်မ ဖြစ်ပြီး Warp Track ပါဝင်တဲ့ OLED panel က မာကျောတဲ့ မျက်နှာပြင်ဖြစ်ကာ အထူကလည်း ၀.၁ မီလီမီတာပဲ ရှိပါတယ်။ OPPO X 2021 မှာပါဝင်တဲ့ မျက်နှာခေါက်မော်တာ ၂ လုံးကြောင့် မျက်နှာပြင်ခေါက်ရာ မပေါ်ဘဲ လိပ်ထားလို့ ရမှာပါ။ မော်တာတွေက ၂ ဖက်စလုံးကနေ အညီအမျှ ထုတ်နိုင်ဖြန့်နိုင်တာကို တွေ့ရပါတယ်။

OPPO X 2021 မှာတော့ dynamic feature ပါဝင်ပြီး ထိပ်ဘက်မှာ တစ်ခုက လှုပ်ရှားနေကာ နောက်တစ်ခုကတော့ frame အသေပါ။ 2-in-1 plate ဒီဇိုင်းကြောင့် အပိုင်းအစ တစ်ခုနဲ့တစ်ခုအကြား ဟနေတာ မရှိပါဘူး။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *