Featured, How-to, Lifestyle

ဖုန်းနဲ့ အတူ အိပ်စက်ခြင်းကို ရပ်တန်နိုင်မယ့် နည်းများ

ဖုန်းနဲ့ အတူ အိပ်စက်ခြင်းကို ရပ်တန့်နိုင်မယ့် နည်းများ

ညစဉ်ညတိုင်း သင်ဟာ ဖုန်းနဲ့ အတူ အိပ်စက်နေတယ်ဆိုရင်တော့ ဒါကို ရပ်တန်းက ရပ်သင့်ပါပြီ။

ဘာလို့လဲလို့ မေးချင်နေမှာပါ။ အိပ်ယာမ၀င်ခင် မိုဘိုင်းဖုန်း အသုံးပြုတာဟာ သင့်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတယ်လို့ စစ်တမ်းတွေက ပြောပြနေပါတယ်။ ဖုန်းတွေသာမကဘဲ တက်ဘလက်နဲ့ ကွန်ပျူ တာတွေလည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကိရိယာတွေထဲမှာတော့ အရွယ်သေးတဲ့ ဖုန်းကိုပဲ အိပ်ယာထဲယူသွားတတ်ကြတာပါ။

နောက်တစ်ခုက ဆဲလ်ဖုန်းက ထုတ်လွှတ်တဲ့ လှိုင်းတွေဟာ စိုးရိမ်စရာတွေရှိပါတယ်။ ဆဲလ်ဖုန်း၊ စမတ်ဖုန်းတွေက ထုတ်လွှတ်တဲ့ လှိုင်းတွေဟာ ကင်ဆာနဲ့ အခြားရောဂါတွေဖြစ်စေတယ်ဆိုတဲ့ တိကျတဲ့ အဖြေတော့ မရရှိသေးပါဘူး။ ဒါပေမယ့် စစ်တမ်းအချို့အရ ဆဲလ်ဖုန်း လှိုင်းတွေဟာ သင့်ရဲ့ အိပ်စက်မှုကို နှောင့်ယှက်နေတယ်လို့ ပြောပါတယ်။ ကောင်းစွာ အိပ်စက်ချင်ရင်တော့ ဖုန်းတွေကို အိပ်နေစဉ်မှာ ဝေးဝေးမှာ ထားရမယ့်ပုံပါပဲ။

အများစုကတော့ ညအိပ်ချိန်မှာ ဖုန်ုးတွေကို Standမှာ ထားရှိတာနဲ့ ခေါင်းအုံးအောက်မှာ ထားရှိတာကို ပြုလုပ်စရာမလိုလောက်ပါဘူး။ ဒါပေမယ့် ညအိပ်စဉ်မှာ ဖုန်းကို အနီးအနားမှာ ထားမှဖြစ်မယ်ဆိုတဲ့ လူတွေအတွက်တော့ ဒီအမူအကျင့်ကို ဖျောက်ဖျက်ဖို့ ကူညီပါရစေ။ အောက်မှာတော့ ဖုန်းကို အနားမှာ ထားအိပ်ရတဲ့ အကြောင်းအရင်းတွေထဲက အဓိက အချက်တွေနဲ့ တစ်ခုချင်းစီအတွက် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ရေးပေးလိုက်ပါတယ်။

အကြောင်းအရာ တစ်။ ။ ဖုန်းကို Alarmအဖြစ် အသုံးပြုခြင်း။

လူတော်တော်များများလိုပဲ ကျွန်တော်လည်း ဆဲလ်ဖုန်း စကိုင်ကတည်းက Alarm Clockကို အိပ်ယာဘေးနား ထားမအိပ်တော့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သင့်ဖုန်းကို Alarm Clockအဖြစ် အသုံးပြုမယ်ဆိုရင် ပိုကောင်းတဲ့ နည်းလမ်းရှိပါတယ်။

အရိုးရှင်းဆုံးနည်းက သင့်ဖုန်းကို အိပ်ယာထဲကနေ အ၀တ်ဘီရို ဒါမှမဟုတ် အခြား မျက်နှာပြင်တစ်ခုခုပေါ် နေရာပြောင်းလိုက်ပါ။ သင်နဲ့ ဖုန်းရဲ့ အကွာအဝေးက နည်းနည်းလှမ်းသွားတဲ့အတွက် အိပ်ယာမ၀င်ခင်မှာ ဖုန်းကို အသုံးပြုလို့ ရသလို လှိုင်းတွေရဲ့ သက်ရောက်မှုကို လျှော့ချနိုင်မှာပါ။ အကျိုးကျေးဇူးတစ်ခုအနေနဲ့ အိပ်ယာက မထဘဲ ဖုန်းကို Snoozeလုပ်လို့ မရဘဲ အိပ်ယာကထပြီးမှ အလန်းကို ပိတ်လို့ရမှာမို့ ဆက်လက်အိပ်နေတာမျိုး မဖြစ်တော့ပါဘူး။

အကြောင်းအရာ နှစ်။ ။ အရေးကြီးတဲ့ ဖုန်းနဲ့ စာများကို သိနိုင်ဖို့။

ဒါကတော့ ဖုန်ုးကို အိပ်ယာထဲ ခေါ်ထားရတဲ့ ဒုတိယ အကြောင်းပြချက်ပါပဲ။ ညအချိန် အရေးကြီးဖုန်း၀င်လာရင် လက်မလွတ်ချင်ကြပါဘူး။ ဒါပေမယ့်လည်း သင်ဟာ ဖုန်းကို ကျန်းမာရေးအတွက် သင့်တော်မယ့်အနေအထားမှာ ထားရှိပြီး အရေးကြီး ဖုန်းတွေကို လက်ခံနိုင်ပါတယ်။

Do Not Disturb Modeက အကောင်းဆုံး ဖြေရှင်းနည်းပါ။ iOS, Android အများစုနဲ့ Version 8.1မောင်းနှင်တဲ့ ၀င်းဒိုးဖုန်းတွေမှာ ဒီစွမ်းဆောင်ချက်ပါရှိပြီး သင်သတ်မှတ်ထားတဲ့ အရေးကြီး အဆက်အသွယ်တွေကလွဲပြီး Phone Call, Messages, Emailsမှ အချက်ပေးမှုအားလုံးကို ပိတ်ထားပေးနိုင်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။

iOS Deviceတွေမှာ ဆိုရင် Settings> Do Not Disturbထဲသွားပြီး ဖွင့်ပေးထားရမှာပါ။ နေ့တိုင်း ည အိပ်ယာ၀င်ချိန်ရောက်ရင် အလိုလိုဖွင့်ပေးဖို့လည်း သတ်မှတ်နိုင်ပါတယ်။ ဖုန်းအများစုမှာတော့ ဘယ်သူ့ဆီက ဘယ်လို အချက်ပေးမှုတွေကို ရယူမလဲဆိုတာ ထိန်းချုပ်နိုင်ပါတယ်။ Android 5.0မှာတော့ Volumeခလုတ်ကို နှိပ်ပြီး Priority Modeကိုဖွင့်ပါ။ ဒါမှမဟုတ် Notificationအားလုံးကို ပိတ်ပါ။

၀င်းဒိုးဖုန်းတွေမှာ Cortanaဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကနေ ဖွင့်နိုင်တဲ့ Quiet Hours Modeကို သုံးနိုင်ပါတယ်။ Cortanaကို ဖွင့်ပြီး Menuကိုနှိပ်၊ Quiet Hoursကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ System Settingsထဲကနေလည်း အသုံးပြုနိုင်ပါတယ်။

အရေးကြီး အဆက်အသွယ်တွေဆီက ဖုန်းနဲ့ စာများ၀င်လာရင် သိနိုင်ဖို့ ဖုန်းမှ Volume ခလုတ်ကို မြှင့်ထားဖို့ လိုပါတယ်။

အကြောင်းအရာ သုံး။ ။ အိပ်တဲ့အခါ သီချင်းနားထောင်ခြင်း။

အိပ်တဲ့အခါမှာ Audiobook, Musicစတာတွ နားထောင်ရင်းအိပ်ကြသူတွေက ဖုန်းကို ဘေးနားထား၊ Headphoneနဲ့ ဖုန်းကို ချိတ်ဆက်ပြီး အသုံးပြုကြတာပါ။ အချို့ Bluetooth Headphoneတွေရဲ့ အကူအညီနဲ့ သင့်ရဲ့ ဖုန်းကို အဝေးတစ်နေရာမှာ ထားပြီးတောင် ညအိပ်ချိန်မှာ သီချင်းနားထောင်နိုင်ပါတယ်။ Bluetoothကို အသုံးပြုတဲ့ ဖုန်းနဲ့ အပိုကိရိယာအများစုဟာ တစ်ဆယ် မီတာ ( ၃၃ ပေ) အကွာအဝေးအတွင်း အသုံးပြုနိုင်တာကို သတိပြုပါ။

အဲဒီ Bluetooth Headphoneတွေကတော့ အများကြီးပါပဲ။ SleepPhonesလို ညအိပ်စဉ်မှာ အသုံးပြုနိင်အောင် ဒီဇိုင်းလုပ်ထား တာတွေလည်း ရှိပါတယ်။ ကြိုးတွေပါတဲ့ Headphoneတွေကတော့ ပိုဈေးပေါပါတယ်။ ဒါပေမယ့်လည်း ဖုန်းမှ ထုတ်လွှတ်တဲ့ လှိုင်းတွေကို စိတ်ပူရင် ဒါမှမဟုတ် သင့်ဖုန်းရဲ့ မျက်နှာပြင်မှ အလင်းထုတ်လွှတ်မှုဟာ အိပ်တာကို အနှောင့်အယှက်ဖြစ်စေတာကို စိတ်ပူရင်တော့ ကြိုးမဲ့ နည်းလမ်းကို ရွေးချယ်သင့်ပါတယ်။

အကြောင်းအရာ လေး။ ။ အီးမေး၊ ဂိမ်း၊ Facebook အသုံးပြုခြင်း။

ဖုန်းနဲ့ အတူ အိပ်တာကို ရပ်တန့်ဖို့အတွက် အရိုးရှင်းဆုံးနည်းကတော့ ကန့်သတ်ချက်ထားတာပါ။ ညနက်အထိ ဂိမ်းကစားတာ၊ အီးမေး Facebookကနေ အလုပ်မှ သူဌေးနဲ့ စကားပြောတာတွေဟာ သင့်ရဲ့ အိပ်စက်မှု ကျန်းမာရေးကို ထိခိုက်စေပါတယ်။

သင့်အိမ်ထဲမှ တစ်နေရာ ဒါမှမဟုတ် သင့်အိပ်ခန်းထဲက တစ်နေရာပဲ ဖြစ်ဖြစ် အိပ်ယာနဲ့ အလှမ်းဝေးတဲ့ နေရာတစ်ခုကို ဖုန်းထားဖို့ သတ်မှတ်ပါ။ အားသွင်းကြိုးနဲ့ Standလို တွဲဖက် ပစ္စည်းတွေကိုလည်း အဲမှာ ထားပါ။

နောက်တစ်ခုက ဖုန်းအတွက် နေ့စဉ်အလုပ်တွေကို ပြုလုပ်ပါ။ အိမ်ရောက်တာနဲ့ ဖုန်းကို အားသွင်းတာလို ဖုန်းကို အနားပေးလိုက်တာလိုမျိုး ပြုလုပ်ပါ။ ညတိုင်း အချိန်တစ်ခုမှာ ဖုန်းကို အားသွင်းပြီးရင် နောက်နေ့ မနက်မိုးလင်းချိန်အထိ ဖုန်းကို အသုံးမပြုတာတို့လို စည်းကမ်းတွေ သတ်မှတ်ပါ။ ဒီလို စည်းကမ်းတွေ သတ်မှတ်ခြင်းဖြင့် ဖုန်းဟာ သင်နဲ့ အတူ အချိန်ပြည့် ရှိနေရမယ်ဆိုတဲ့ အတွေးကို တော်လှန်နိုင်မှာပါ။ Candy Crush ကစားမယ့်အစား စာအုပ်တစ်အုပ် ဖတ်ပြီး အိပ်လိုက်တာက သင့်ကို အနှောင့်အယှက် ကင်းစေမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *