Gadgets, Review

နှစ်သုံးဆယ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ A4TECH

A4Tech ကုမ္ပဏီလီမိတက်ဟာ ထိုင်ဝမ်၊ နယူးတိုင်ပေမှာ အခြေစိုက်တဲ့ ထိုင်ဝမ်ကွန်ပျူတာစက်ပစ္စည်းနှင့်အီလက်ထရောနစ်ကုမ္ပဏီဖြစ်ပါတယ်။

A4Tech ကို ၁၉၈၇ ခုနှစ်မှာ အမှုဆောင်အရာရှိချုပ် Robert Cheng က စတင်တည်ထောင်ခဲ့ပါတယ်။ အဓိကထုတ်ကုန်တွေကတော့ ကွန်ပျူတာ၊ ကီးဘုတ်၊ မောက်စ်၊ PC ကင်မရာ နဲ့ နားကြပ်အမျိုးမျိုးတို့ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ A4Tech ဟာ PC Bloody Gaming အမှတ်တံဆိပ်ကို စတင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် A4Tech ဟာ မြောက်အမေရိကစျေးကွက်ထဲကို Bloody အမည်ရှိ ဂိမ်းပစ္စည်း(Gaming)လုပ်ငန်းနဲ့ အမှတ်တံဆိပ်အသစ်ပြောင်းလဲပြီး ထုတ်ကုန်တွေ ဖြန့်ဖြူးခဲ့ပါတယ်။

A4Tech ထုတ်ကုန်တွေအနေနဲ့ optical switches တွေနဲ့ ကွန်ပျူတာဂိမ်း ပံ့ပိုးပစ္စည်းတွေကို ဦးတည်ထုတ်လုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့အဆင့်မီ ကီးဘုတ်တွေနဲ့ ဂိမ်းမောက်စ်တွေ ထုတ်လုပ်နေခဲ့ပါတယ်။

Las Vegas မှာ ကျင်းပပြီးစီးခဲ့တဲ့ CES 2018 ပြပွဲမှာ Bloody အမှတ်တံဆိပ်ဟာ Light Strike နည်းပညာ (LK Libra) တတိယမျိုးဆက်ကို မိတ်ဆက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အဆင့်မြှင့်ထားတဲ့ ကီးဘုတ်အမျိုးမျိုးကို ဈေးကွက်ထဲ စတင်ရောင်းချခဲ့ပါတယ်။

A4Tech အမှတ်တံဆိပ် ကီးဘုတ်နဲ့မောက်စ်အမျိုးမျိုးတို့ကို ICT.com.mm မှာ ရနိုင်ပါတယ်။

ဝယ်မယ်ဆိုရင် အောက်က link လေးကို နှိပ်လိုက်ပါခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *