Gadgets, Review

သုံးရတာ ပိုအဆင်ပြေတဲ့ Wesdar

Wesdar အမှတ်တံဆိပ်ဟာ Guangzhou Wedsar Electronic ကုမ္ပဏီလီမိတက်က ထုတ်လုပ်တဲ့ အိုင်တီထုတ်ကုန်တွေရဲ့အမှတ်တံဆိပ်ဖြစ်ပြီး ကုမ္ပဏီကို ၂၀၀၄ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ ကွမ်ကျူးမှာ အခြေစိုက်ပါတယ်။

အဲဒီကုမ္ပဏီဟာ ကမ္ဘာအနှံ့အပြားက နိုင်ငံပေါင်း ၁၀၀ ကျော်ကို Xtream, Unitech, Bluetoostock နှင့် Fujicorp တို့လို ဖြန့်ချိရေးအေးဂျင့်တွေမှတစ်ဆင့် ကွန်ပျူတာနဲ့မိုဘိုင်းဆက်စပ်ပစ္စည်းများ ထုတ်လုပ်သူနှင့်တင်ပို့သူဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တွင် ၁၀၀၀၀ မီတာကျော်ရှိအကျယ်အဝန်းရှိတဲ့ ကိုယ်ပိုင်စက်ရုံတည်ဆောက်ပြီး ထုတ်လုပ်ရေးယန္တရားများ၊ ကျွမ်းကျင်ပညာရှင်များနဲ့ လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။

ထုတ်လုပ်တင်ပို့မှုဆိုင်ရာ သုတေသနနဲ့ဖွံ့ဖြိုးရေး(R&D) ဌာနကနေ selfie တုတ်တံတွေ၊ power bank တွေ၊ Bluetooth စပီကာတွေနဲ့ ကွန်ပျူတာအအေးခံကိရိယာတွေ သီးသန့်မော်ဒယ် ၂၀ ကျော်ကို ဒီဇိုင်းရေးဆွဲပြီးတီထွင်ခဲ့ပါတယ်။

အိုင်တီပံ့ပိုးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းအတွက် လုပ်သား ၂၀၀ ကျော်ရှိပြီး ထုတ်လုပ်မှုချန်နယ်ငါးခုကနေ လစဉ်ထုတ်ကုန် ၁၄၀၀၀၀၀ ကျော်ထုတ်လုပ်ပေးလျက်ရှိပါတယ်။

Wesdar အမှတ်တံဆိပ်နဲ့လာတဲ့ USB Charger, Power Bank, Keyboard, Gaming Keyboard, Mouse, Gaming Mouse, Car Holder, Car Charger, Selfie Stick, Cooler Pad, Bluetooth စပီကာ၊ နားကြပ်၊ အသေးစားလက်ကိုင်ပန်ကာ၊ ဖုန်းအားသွင်းကြိုးအမျိုးမျိုးတို့ကို ICT.com.mm မှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ကြပါပြီ။

အောက်က link ကို နှိပ်ပြီး အခုပဲ လေ့လာဝယ်ယူလိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *