Mobile, Review

အလန်းစား Xiaomi Mi 10 Pro

Xiaomi Mi 10 Pro ဆိုတာ အလန်းစား စွမ်းဆောင်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ Flagship အဆင့် 5G စမတ်ဖုန်းသစ် ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားကို 6.67” နဲ့ ထုတ်လုပ်ပေးထားပြီး 2340×1080 FHD+ Resolution ရရှိမှာ ဖြစ်ပါတယ်။

HDR10+ ကို ပြသပေးနိုင်တဲ့ Super AMOLED Touchscreen မျက်နှာပြင်က Refresh Rate – 90Hz အထိရရှိမှာဖြစ်ပြီး အရောင်အသွေးတောက်ပတဲ့ Display မျက်နှာပြင်ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ပေးထားပါတယ်။

မျက်စိထိခိုက်စေတဲ့ အပြာရောင်အလင်း ထုတ်လွှင့်မှုကို လျှော့ချပေးထားတာကြောင့် အချိန်အကြာကြီးအသုံးပြုတဲ့အခါမှာ မျက်စိညောင်းညာတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ကျောဘက်မှာ 108MP (ultra-clear primary sensor) + 8MP (10x hybrid zoom lens) + 12MP (portrait camera) + 20MP (ultra wide-angle camera) စုစုပေါင်းကင်မရာလေးလုံးကို တပ်ဆင်ပေးထားပါတယ်။

AI Pixel Optimization က ပုံရိပ်တွေရဲ့ အရောင်စိုပြည်မှုကို ကောင်းကောင်းမြှင့်တင်ပေးနိုင်ပြီး Panorama နဲ့ Portrait Mode တွေအပြင် အခြား Photography Feature တွေလည်း ပါဝင်မှာဖြစ်သလို 4K နှင့် 8K ဗီဒီယိုတွေအထိ ရိုက်ကူးနိုင်ပါတယ်။

ရှေ့ဘက်မှာတော့ 20MP ရှိ Ultra-clear Selfie ကင်မရာတပ်ဆင်ပေးထားပါတယ်။ Panorama Selfie နဲ့ AI Portrait အပြင် တခြား အမိုက်စား Feature တွေနဲ့လည်း ရိုက်ကူးနိုင်မှာပါ။

System ပိုင်းမှာ 5G စမတ်ဖုန်းတွေအတွက် သီးသန့်ထုတ်လုပ်ထားပြီး AI ပါဝင်တဲ့ ထိပ်တန်း Chipset – Qualcomm SM8250 Snapdragon 865 (7 nm+) ကို တပ်ဆင်ပေးထားပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် တပ်ဆင်ထားတဲ့ Adreno 650 (GPU) က ဂိမ်းကစားဖို့အတွက်တင်သာမက အခြားသော Editing လုပ်ဆောင်ချက်တွေကိုပါ အဆင်ပြေပြေ ဆောင်ရွက်နိုင်စေမှာပါ။

Apps တွေကို တပြိုင်နက်အသုံးပြုနိုင်ဖို့နဲ့ လျင်မြန်သွက်လက်တဲ့ စွမ်းဆောင်ရည် ရရှိစေဖို့ RAM 12GB ကို ထည့်သွင်းပေးထားပြီး Internal Storage – 256 GB ဖြစ်တဲ့အတွက် ဖိုင်အရွယ်အစားကြီးတဲ့ 4K နဲ့ 8K ဗီဒီယိုတွေကို လုံလုံလောက်လောက် သိမ်းဆည်းထားပေးနိုင်ပါတယ်။

4,500 mAh ဘက်ထရီ တပ်ဆင်ထားပြီး 50W Fast Charging Adapter နဲ့ အားအမြန်သွင်းလို့ရပါတယ်။ OS အဖြစ် Android 10.0 နဲ့ မောင်းနှင်ပေးထားပြီး User Interface အဖြစ် MIUI 11 နဲ့ စတင်အသုံးပြုရမှာ ဖြစ်ပါတယ်။

ရောင်းဈေးက K1,018,000 နဲ့ ICT.com.mm မှာ ရပြီနော်။

https://www.ict.com.mm/…/xiaomi-mi-10-pro-5g-starry-blue-1…/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *