Windows 8 မှာ Start Menu Button လေး ထားသုံးချင်တယ်ဆိုရင် Windows 8 တင်လိုက်ရင် Default ပါလာတဲ့ Start Menu ပုံစံကို သုံးရတာမကြိုက်လို့ အရင် Windows 7 မှာလိုမျိုး Start Menu button လေးနဲ့ သုံးရတာ ကြိုက်တယ် သုံးချင်တယ်ဆိုတဲ့ သူတွေအတွက်ပါ။ အဲသလိုမျိုး Start Button ကို Windows 8 မှာတော့ ပါမလာပါဘူး သုံးချင်တယ်ဆိုရင် Start 8 တို့ Power 8 Software တွေကို Online မှာ Download ဆွဲရပါမယ်။
အခု Start 8 နဲ့ အသုံးပြုပုံကို ပြောပြပါမယ်။
အရင်ဆုံး Start 8 ကို Download ဆွဲပါ။
Download ဆွဲလို့ရလာတဲ့ Software ကိုစက်ထဲမှာ Install လုပ် လိုက်ပါ။ Install လုပ်ပြီးတာနဲ့
Start 8 Configuration Windows တက်လာရင် Style ထဲမှာ Windows 7 Style နဲ့ Windows 8 Style ဆိုပြီး နှစ်မျိုးရှိပါတယ်။
ကိုယ်ကြိုက်တဲ့ ပုံစံကိုရွေးပြီး Click လိုက်ပါ။
ပြီးရင် Pick Image Button ကိုနှိပ်ပြီး Start Button နေရာမှာ ကိုပေါ်စေချင်တဲ့ Logo ပုံစံကို ရွေးပေးရပါမယ်။ ပြီးရင် Open ကိုနှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ။ Windows ပြန်တက်လာရင် Desktop ရဲ့ Task Bar မှာ Start Menu လေး ပေါ်နေပါလိမ့်မယ်။