News

LGက White Nexus 4ကို မေ (၂၉)ရက်က စတင်ရောင်းချခဲ့

White-Nexus-4

LGက ယခုနှစ် အစောပိုင်းအတွင်းက မိတ်ဆက်ကြေညာထားခဲ့သော White Nexus4ကို မေလ (၂၉)ရက်နေ့က ဟောင်ကောင်တွင် ပထမဦးဆုံး ဈေးကွက်တွင် ရောင်းချခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ ထို့အပြင် LGက အဆိုပါ white Nexus4အား အာရှတလွှားအပါအဝင် မြောက်အမေရိကနှင့် ဥရောပတစ်၀ှမ်းအား လာမည့် သီတင်းပတ်အတွင်း ဖြန့်ချိရောင်းချသွားမှာဖြစ်ကြောင်းလည်းသိရပါသည်။ အဆိုပါ Nexus4တွင် Screen အရွယ်အစား ၄.၇လက်မ အရွယ်ရှိမှာဖြစ်ပြီး၊ Screen Typeမှာ IPSစနစ်ဖြစ်ကာ HDအရည်အသွေး ပုံရိပ်များအား ပြသပေးနိုင်မှာဖြစ်ကြောင်းသိရပါသည်။

Resolutionအပိုင်းတွင် 1280 x 768Pixelဖြင့် ပြသပေးနိုင်မှာဖြစ်ပြီး၊ RAMမှာလည်း 2GBပါရှိမှာဖြစ်ကြောင်းနှင့် Internal Storage အဖြစ် 8GB နှင့် 16GB နှစ်မျိုး ရွေးချယ်၀ယ်ယူရရှိနိုင်မှာဖြစ်ကြောင်း သိရပါသည်။ ကင်မရာအပိုင်းတွင် 8MP စွမ်းအားရှိ ကင်မရာပါ၀င်ပြီး၊ Processorအပိုင်းတွင် Snapdragon S4 Proကို အသုံးပြုထားကြောင်းလည်း သိရပါသည်။

အဆိုပါ Snapdragon S4 Proမှာ Google၏ နောက်ဆုံးထုတ် Mobileသုံး Operating Systemတစ်ခုဖြစ်ပါသည်။ Nexus 4ကို ၂၀၁၂ အောက်တိုဘာလမှာ စတင်ကြေညာခဲ့ပြီး နိုဝင်ဘာလ၌ ပထမ ဆုံးရောင်းချခဲ့ကာ အနက်ရောင်မော်ဒယ်တစ်မျိုးသာ ထွက်ရှိခဲ့ပါတယ်။ တပ်ဆင် ထားသည့် Batteryအမျိုးအစားမှာ Li-ionဖြစ်ပြီး၊ စွမ်းအင်သိမ်းဆည်းနိုင်မှု ပမာဏ မှာ 2100 mAh ဖြစ်ကာ Talktimeအဖြစ် (၁၅)နာရီအထိ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *