News, Web

GroupOn Business Model အခြေခံထားတဲ့ Best Myanmar Deal Website

best-myanmar-deal

နိုင်ငံတကာတွင် တွယ်ကျယ်စွာ အသုံးပြုလျက်ရှိသော ခေတ်သစ် အရောင်း စင်တာများကဲ့သို့ အရောင်းမြှင့်တင်ရေး နည်းဗျူဟာ တစ်ခုဖြစ်သည့် Group on Business Modelကို အခြေခံ၍ မြန်မာနိုင်ငံအတွက် ပထမဆုံး ဖန်တီး ရေးဆွဲ ထားသော Websiteတစ်ခုဖြစ်သည်။ Best Myanmar Dealသည် အင်တာနက် ပေါ်တွင် အထူးလျှော့ဈေးဖြင့် ရောင်းချလျက်ရှိသည့် ပစ္စည်း ဝန်ဆောင်မှုများကို အလွယ်တကူ မိမိ စိတ်ကြိုက် ရွေးချယ် ဝယ်ယူ သိရှိနိုင်ပါသည်။ အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာများ၊ ကုမ္ပဏီများတွင် သာမက မိုဘိုင်းဖုန်းနှင့် အခြား Portable Devicesများဖြင့် ကြည့်ရှု၍ ကူပွန်များ အခမဲ့ ယူနိုင်သည်။ Best Myanmar Deal၏ Facebook Pageကို Likeလုပ်ထားခြင်းဖြင့် ကုန်ပစ္စည်း ဝန်ဆောင်မှုများ အသစ်အသစ်များ သိရှိနိုင်ပါသည်။

မကြာသေးမီက UMFCClရှိ ကျင်းပ ပြုလုပ်ခဲ့သော Myanmar Mobile Fairတွင် မိတ်ဆက်ပေးခဲ့သည့် အိုင်တီလုပ်ငန်းများ လုပ်ကိုင်ခဲ့သော လူငယ်များ ဦးစီးရေးဆွဲခဲ့သည့် iNnowave IT Solutionsမှ ၎င်းကို ရေးဆွဲပြုစုထား ကြောင်း သိရပါသည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ကွန်ပျူတာ၊ မိုဘိုင်း၊ စာအုပ်၊ အီလက်ထရောနစ်ပစ္စည်း၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းများ၊ ခရီးသွား လုပ်ငန်းများအပြင် တခြားကဏ္႑ စုံစုံညီညီ ပါရှိပြီး၊ အင်တာနက် မှတစ်ဆင့် အဆင်ပြေပြေ ကြည့်ရှုနိုင်ပြီး၊ မိမိ စိတ်ဝင်စားသည့် ပစ္စည်း (သို့) ဝန် ဆောင်မှုရဲ့ လျှော့ဈေး ကူပွန်တွေကို ရယူနိုင်ပါသည်။

Android ဖုန်းအသုံးပြုသူများ အတွက် Apkဖိုင်ကို ရယူနိုင်ကြောင်း သိရသည်။ Fan Pageများဖြစ်သော https://www.facebook.com/bestmyanmardealမှ Like လုပ်ထား၍ သော်လည်း ကောင်း Email Subscribe လုပ်ထားခြင်းဖြင့် ပစ္စည်းအသစ် (သို့) ဝန်ဆောင်မှု အသစ်များကို အချိန်နှင့် တစ်ပြေးညီ ဝက်ဘ်ဆိုက်မှတစ်ဆင့် Emailထဲသို့ ပို့ဆောင် ပေးသွားမည်ဟု သိရသည်။ Best Myanmar Dealမှ မိမိရောင်းချချင်သည့် ပစ္စည်း (သို့) ဝန်ဆောင်မှုများ ရှိပါက [email protected] (သို့) 09-430-974-54ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *