News

၂၀၁၃ ခုနှစ်၏ ပထမဆုံးအကြိမ် တောင်ကြီးမြို့၏ ဆန်းကြယ်ခမ်းနား လှသော ကုန်စည်ပြပွဲကြီး

myanmar-exhibition-in-taung-gyi

2013 ခုနှစ်၏ ပထမဆုံးအကြိမ် တောင်ကြီးမြို့၏ ဆန်းကြယ် ခမ်းနား လှသော ကုန်စည်ပြပွဲကြီး (Amazing Taung Gyi Expo 2013) ကို တောင်ကြီးမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ ၄င်းပြပွဲကြီးကို တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ၂၇.၂.၂၀၁၃ ရက်နေ့မှ ၃.၃.၂၀၁၃ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သတင်းရရှိသည်။

ပြပွဲအတွင်း ပြသမည့် ကုန်ပစ္စည်းများမှာ – အီလက်ထရောနစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ပြည်တွင်းပြည်ပဆေးဝါးများ၊ အ၀တ်အထည်များနှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်များ၊ စိုက်ပျိုးမွေးမြူရေးသုံးပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်ဆောက် ပစ္စည်းများ၊ ဆက်သွယ်ရေးနှင့် လုံခြုံရေးသုံးပစ္စည်းများ၊ ကားဘက်ထရီနှင့် တာယာများ၊ စက်ဆီချောဆီများ ဖြစ်ကြပြီး၊ ပြည်ပမှ မော်တော်ယာဉ်တင်သွင်း ရောင်းချသူများနှင့် ကုမ္ပဏီများ၊ ကားအရောင်းပြခန်းများ ပါ၀င်ပြသမှာ ဖြစ်သည့်အပြင် အိမ်ရာ အရောင်းပြခန်းများလည်း ပါ၀င်မှာ ဖြစ်ကြောင်း သိရှိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *