SONY၏ ရေစိုခံ Smartphone အမျိုးအစားဖြစ်သော Sony Xperia Zကို TMW Enterprise Limitedမှ စတင် ဖြန့်ဖြူးမည် ဖြစ်ပြီး ထိုသို့ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်ပြီး အသိပေး မိတ်ဆက်ခြင်း အခမ်းအနား Xperia Z Launch Partyကို Kandawgyi Palace Hotel၏ Member Clubတွင် မတ်လ ၁၆ရက် နေ့က ကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုအခမ်းအနားသို့ အနုပညာရှင်များ၊ စာနယ်ဇင်းများ၊ဖိတ်ကြားထားသောအထူးဧည့်သည်တော်ကြီးများနှင့် Mobile Phone အရောင်းဆိုင်မှ Dealerကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပြီး တက်ရောက်လာသူများကို TMW Enterprise Limitedမှ Sony Xperia Handsetများကို အမှတ်တရ လက်ဆောင်အဖြစ် ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သိရပါသည်။ ဈေးနှုန်းအားဖြင့် 599,000ခန့်ဖြင့် Showroomတွေမှာ ဝယ်ယူ ရရှိနိုင်ပါသည်။
Sony Xperia Z မိတ်ဆက်ပွဲ

25
Mar