Business, Lifestyle, News

စင်ကာပူနိုင်ငံBlibros မှ ဒုတိယအကြိမ်မြောက် ရင်းနှီးမြုပ်နှံမှုငွေ ရရှိခဲ့တဲ့ မြန်မာ့ဒီဂျစ်တယ် စီးပွားရေးလောကမှ NEX ကုမ္ပဏီ

စင်ကာပူနိုင်ငံBlibrosမှဒုတိယအကြိမ်မြောက်ရင်းနှီးမြုပ်နှံမှုငွေရရှိခဲ့တဲ့မြန်မာ့ဒီဂျစ်တယ်စီးပွားရေးလောကမှ NEX ကုမ္ပဏီ

မြန်မာ့ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းမှာ နှစ်အနည်းငယ်အတွင်း အခြားဒီဂျစ်တယ်စီးပွားရေး ကုမ္ပဏီကြီးများနှင့်ယှဉ်ကာ ဈေးကွက်အတွင်း ရပ်တည်လာနိုင်ခဲ့သည့် NEX ကုမ္ပဏီသည် စင်ကာပူနိုင်ငံ Blibrosအဖွဲ့ရဲ့ ရင်းနှီးမြုပ်နှံမှု ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ 150,000 ရရှိခဲ့ကြောင်းသိရသည်။ Blibros ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းဟာ Sweden’s Böcker မိသားစုရဲ့ ပုဂ္ဂလိပိုင် ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ Sweden’s Böckerမိသားစုကုမ္ပဏီဟာ Magnus Böcker , CEO of the Singapore နှင့် CEO of Nasdaq OMX Nordic အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ NEX ကုမ္ပဏီဟာ ပထမအကြိမ် ရင်းနှီးမြုပ်နှံမှုငွေကြေး အမေရိကန်ဒေါ်လာ ၅၀,ဝ၀ဝကို စင်ကာပူနိုင်ငံရဲ့ ရင်းနှံမှုအဖွဲ့အစည်းများ ဖြစ်သည့် Ned Phillips , E*Tradeနှင့် Chi-East အဖွဲ့အစည်းများမှ ရရှိခဲ့တာဖြစ်ပါတယ်။

NEX ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ ကိုရဲမြတ်မင်းနဲ့တွေ့ဆုံတဲ့အခါမှာ NEX ကို စတင်တည်ထောင်စက ဝန်ထမ်းပေါင်း ၁၅ယောက်သာရှိခဲ့ပေမဲ့ ယခုအခါမှာတော့ NEX မှာ ဝန်ထမ်းနှစ်ဆယ်ကျော် ရှိနေပြီလို့ပြောပါတယ်။ ကုမ္ပဏီကို စတင်တည်ထောင်ချိန်မှာ သူ့အသက်ဟာ၂၃နှစ်အရွယ်သာရှိပါသေးတယ်။ကိုရဲမြတ်မင်းက ဆက်လက်ပြောကြားရာမှာ အခုရရှိလာတဲ့ ရင်းနှီးမြုပ်နှံမှုငွေကြောင့် ကုမ္ပဏီရဲ့ Software တစ်ခုဖြစ်တဲ့Fyre Software ကို မေလလောက်မှာ ထုတ်လုပ် ပြသပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါFyre Software ဟာ website ကိုအခြေခံတဲ့ software တစ်မျိုးလည်းဖြစ်ပါတယ်။Fyre Software ကို ပထမဦးဆုံးအကြိမ် မှာယူထားတဲ့ ဝယ်ယူသူကတော့ Apple အမှတ်တံဆိပ် Electronic ပစ္စည်းများ မြန်မာနိုင်ငံမှာ တရားဝင်ရောင်းခွင့်ရရှိထားတဲ့ TAC ကုမ္ပဏီပဲဖြစ်ပါတယ်။

စီးပွားရေးလုပ်နေကြတဲ့ အသေးစားဆိုင်အများစုဟာ သူတို့ရဲ့လုပ်ငန်းအတွက် ကိုယ်ပိုင် application တွေကို လိုအပ်ကြပါတယ်။ဒါပေမဲ့ဒီ applicationကို ဝယ်ယူမယ်ဆိုရင် ကုန်ကျငွေက များပြားလွန်းတာကြောင့် အသေးစား စီးပွားရေးဆိုင် လေးတွေ ကငွေကြေးမတတ်နိုင်ကြပါဘူး။ဒီအတွက်ကြောင့်အသေးစားဆိုင်ခန်းလေးတွေအတွက်သီးသန့် application ကို ငွေကြေးများစွာ ပေးပြီး ဝယ်ယူမဲ့အစား ကျွန်တော်တို့ရဲ့ Fyre Software ကို တစ်လ၂၅ဒေါ်လာပေးရုံးနဲ့ သင့်အတွက် Softwrae တစ်ခုကို ရရှိမှာဖြစ်ပါတယ်။

NEX ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Apple product ဖြစ်တဲ့ iPhone တွင်အသုံးပြုထားတဲ့ iOS 8 Operation System အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး iOSမြန်မာ Keyboard ဖြစ်တဲ့Nexy Keyboard နှင့်တည်နေရာကို အခြေခံ၍ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ဆက်သွယ် message ပေးပို့နိုင်တဲ့ Social Network application တစ်မျိုးဖြစ်တဲ့ Hush application ကိုလည်း ထုတ်လုပ်ထားပါတယ်။အဆိုပါ Hush application ကို မိမိရဲ့မိုဘိုင်းလ်ဖုန်းနံပါတ်ဖြင့် Sign up ပြုလုပ်၍ အသုံးပြုရမှာ ဖြစ်ပါတယ်။

ထို့အပြင်Kabyar application ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။အသုံးပြုသူအချင်းချင်း ပြန်လည်မျှဝေနိုင်သည့် အပြင်Kabyar application ကို ထုတ်လုပ်လာထားတာဟာ တစ်နှစ်ကြာသွားပြီ ဖြစ်ကြောင်းဖော်ပြထားပါတယ်။ NEX ကုမ္ပဏီဟာ Mobile application ကို အဓိကထားထုတ်လုပ်ဖို့ သတ်မှတ်ထားတာဖြစ်ပေမဲ့ လက်ရှိအချိန်အထိ NEX ကုမ္ပဏီ အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးထားတဲ့ Website နဲ့ Mobile application အားလုံးပေါင်း သုံးဆယ်ကျော်ရှိနေပြီလို့ သိရပါတယ်။

ကိုရဲမြတ်မင်းဟာအရမ်းငယ်ပါသေးတယ်။ဒါပေမဲ့ အရွယ်နဲ့မလိုက်အောင်ပဲ လုပ်ငန်းအတွေ့အကြုံနဲ့ အဆက်သွယ်တွေ များပြားလွန်းပါတယ်။ စာရေးသူစဉ်းစားကြည့်တယ်။ ရင်းနှီးမြုပ်နှံသူတွေဟာ ဘာကြောင့် သူ့ရဲ့အတွေးအခေါ်တွေပေါ်မှာ ယုံကြည်ချက်ရှိရှိနဲ့ ရင်းနှီးမြုပ်နှံရတာလဲ။ သူဟာ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့သူဟာစင်ကာပူနိုင်ငံ Republic Polytechnic မှာသုံးနှစ်ကျောင်းတက်ပြီး ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ကိုရဲမြတ်မင်းဟာ စင်ကာပူနိုင်ငံရဲ့ Website လောကမှာ အလုပ်လုပ်ဖို့အတွက် စင်ကာပူနိုင်ငံရဲ့ စီမံခန့်ခွဲ့ရေးတက္ကသိုလ်ကနေ ကျောင်းထွက်ခဲ့ပါတယ်။

သူရဲ့အစီအစဉ်က သူ့နဲ့အလုပ်တူတွဲလုပ်မဲ့သူ (clients) တွေကို မြန်မာနိုင်ငံမှာ ရှာဖို့မဟုတ်ပါဘူး။ ကိုရဲမြတ်မင်းရဲ့ Clients တွေဟာ စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်များသာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှ ကုမ္ပဏီများက mobile app များကို မှာယူတဲ့အခါ အမေရိကန်ဒေါ်လာ 10,000 ရရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ဒေါ်လာ 3,000 သာ ရရှိပါသည်။အလားတူပဲ Website တည်ဆောက် ရာမှာလဲ စင်ကာပူနိုင်ငံမှမှာ ယူမယ်ဆိုရင် အမေရိကန်ဒေါ်လာ 4000 မှ 6000 ကြားရှိသော်လည်း မြန်မာနိုင်ငံမှာတော့ဒေါ်လာ 1,500 မှ 2,000 ကြားသာရရှိပါသည်။ ပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက Website တွေ application တွေကို ဖန်တီးတဲ့လူတွေကလည်း စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံအတွက်ဆိုပြီး ခွဲခြားပြီးဖန်တီးပေးထားခြင်းမဟုတ်ပဲ ထိုလူတွေကပဲ တူညီတဲ့ ဖန်တီးမှုတွေနဲ့ ဖန်တီးပေးထားခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ထပ်မံပြီး ကိုရဲမြတ်မင်း ကပြောကြားရာမှာ သူ့လိုနိုင်ငံအသီးသီးမှ ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းရှင်လူငယ်တွေဟာ စင်ကာပူနိုင်ငံရဲ့ Polytechincလို ကျောင်းကြီးမှာ ဒါမှမဟုတ် စင်ကာပူအစိုးရမှ ပညာသင်ဆုကြေးအဖြစ် သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ပြုဖို့အတွက် အလုပ်ကြိုးစားကြရပါတယ်။ ဒီကျောင်းသားတွေကတော့ မြန်မာ၊တရုတ်၊ဖိလစ်ပိုင်၊မလေးရှားနှင့် အိန္ဒိယစတဲ့ နိုင်ငံအသီးသီးမှာ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီကျောင်းသားတွေဟာ စင်ကာပူ နိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် စင်ကာပူနိုင်ငံမှာ နှစ်အနည်းငယ်နေထိုင်နိုင်ရမှာ ဖြစ်သလို တစ်သက်လုံးလည်း နေထိုင်သွားနိုင် ရမဲ့ အရည်ချင်းသတ်မှတ်ချက်တွေ ရှိတော့မှပဲ အလုပ်လုပ်ခွင့်ရရှိမယ်ဆိုတဲ့ အပြန်အလှန် သဘောတူညီမှုတွေ ထားရှိရပါတယ်။

စင်ကာပူမှာ တရုတ်လူမျိုးအများစုဟာ မှီခိုနေထိုင်ခွင့်လမ်းကြောင်း အသီးသီးပေါ်မူတည်ပြီး နေထိုင်ခွင့် ရရှိကြတယ်ဆိုပေမဲ့ ဒါဟာ တကယ်တော့ လက်တွေ့မကျပါဘူး။ဘာကြောင့်လဲဆိုရင် နိုင်ငံအသီးသီးမှ လူမျိုးအများစုဟာ သူတို့ရဲ့ ပညာရေး အစီအစဉ်နဲ့ နေထိုင်ဖို့သင့်တော်တဲ့ လူတွေပဲဆိုတာကို ကျွန်တော်သိခဲ့ရပါတယ်။စင်ကာပူနိုင်ငံမှာ နေထိုင်ကြတဲ့လူအများစုဟာ နိုင်ငံရပ်ခြားမှာ လာရောက်ကြတဲ့ အလုပ်သမားအများစု ဖြစ်ပေမဲ့ အများစုကတော့ အဆုံးသတ်မြင့်မားတဲ့ အလုပ်သမားတွေ ဖြစ်ကြတယ်။တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ဘဏ္ဍာရေးကဏ္ဍအသီးသီးအတွက် အလုပ်အရမ်းကြိုးစားကြတဲ့ ဝန်ထမ်းတွေလည်း ဖြစ်ပါတယ်။

ပြီးတော့ စင်ကာပူနိုင်ငံရဲ့ နည်းပညာပေး အကျိုးတူ မြို့တော်တည်ဆောက်ရေးအတွက် အစိုးရအနေနဲ့ တီထွင်ဆန်းသစ်မှုများနဲ့ ပါဝင်သူများကိုလည်း အမြဲတမ်းတူညီမျှတတဲ့ အခွင့်အရေးတွေပေးပါတယ်။ဒီအချက်ကိုတော့ ကျွန်တော်တို့ပိုပြီး လေ့လာသင်ယူ သင့်ပါတယ်။ ဒီလိုအစီအစဉ် သစ်တွေအတွက် အစိုးရအနေနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ လိုအပ် ပါတယ်။ အဆိုပါအကျိုးတူဖက်စပ်ကုမ္ပဏီတွေကိုမြို့တော်တွင်းမှကုမ္ပဏီသစ်များဆီမှရရှိပါတယ်။

ဒီကုမ္ပဏီအသစ်တွေကလည်း အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့အတွက် ဒေသခံဝန်ထမ်းတွေကို ခေါ်ကြရပါတယ်။ဒီအချက်တွေကို အခြေခံပြီး ကျွန်တော်မြန်မာနိုင်ငံကိုပြန်လာပြီးတော့ NEX ကို မြန်မာလူငယ်တွေနဲ့ တည်ထောင်ပြီး နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုငွေကြေးရရှိအောင် ကြိုးစားခဲ့တယ်။ ဒီလိုတွေကြောင့်လဲ NEX ဟာ ဒီဂျစ်တယ်စီးပွားရေးလောကမှာ ရပ်တည်လာနိုင်တာ ဖြစ်ပါတယ်လို့ ကိုရဲမြတ်မင်းမှ ပြောကြားချက်များကို ကောက်နုတ်၍ မြန်မာလူငယ်များအတွက် ဒီဆောင်းပါးကို ရည်ရွယ်ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။