Review, Tablets

Samsungက စွမ်းဆောင်ရည်မြင့် Galaxy Tab S Tabletကို ပြသ

Samsungက စွမ်းဆောင်ရည်မြင့် Galaxy Tab S Tabletကို နယူးယောက်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က ပြသလိုက်ပါတယ်။ အရွယ်အစားနှစ်မျိုး ထုတ်လုပ်ပေးထားပြီး ၈.၄ လက်မနဲ့ ၁၀.၅ လက်မတို့ ဖြစ်ပါတယ်။ Samsungက တက်ဘလက်ကို အလုပ်ကိစ္စများမှာ ကောင်းစွာ အသုံးချနိုင်ဖို့နဲ့ ဖျော်ဖြေရေးအတွက် အဓိက ဒီဇိုင်းရေးဆွဲထားတာပါ။ Samsungက တက်ဘလက်မှာ Google, Netflix, Flipboardတို့ရဲ့ ထုတ်ကုန်များကို အဓိက အသုံးပြုထားတယ်လို့ ပြောပါတယ်။

Galaxy Tab Sမှာ Resolutionမြင့်မားတဲ့ AMOLED Displayတပ်ဆင်ထားပြီး 2560×1600 Resolutionဖြစ်ပါတယ်။ မျက်နှာပြင်ဟာ iPadရဲ့ Retina Displayကိုတောင် ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။ Samsungက သူ့တက်ဘလက်ဟာ တက်ဘလက်အများစုမှာ အသုံးပြုနေတဲ့ LCD Displayများထက် အရောင်စိုပြည်မှုနဲ့ ကြည်လင်ပြတ်သားမှုမှာ သာလွန်ပေမယ့် စွမ်းအင်ကို အနည်းငယ်သာအသုံးပြုတယ်လို့ ပြောပါတယ်။ Galaxy Tab S မတိုင်ခင်အထိ Samsungက SuperAMOLED Displayများကို စမတ်ဖုန်းများမှာသာ အသုံးပြုတာဖြစ်ပါတယ်။

တက်ဘလက်ကို ရှုထောင့်မျိုးစုံမှ ကြည့်ရှုအသုံးပြုလို့ အဆင်ပြေအောင် Samsungက အလင်းရောင်ရရှိမှုအပေါ်မှာ မူတည်ပြီး အဖြူရောင်ကို ချိန်ညှိနိုင်တဲ့ Display နည်းပညာကို အသုံးပြုထားပါတယ်။ အလွန်တောက်ပတဲ့ နေရောင်အောက်မှာတောင် အလင်းပြန်မှုနည်းပါးတယ်လို့ သိရပါတယ်။

Galaxy Tab Sဟာ Galaxy S5ရဲ့ အဓိကစွမ်းဆောင်ချက်ဖြစ်တဲ့ Fingerprint Scannerကို ထည့်သွင်းထားပါတယ်။ လူရှစ်ယောက်အထိ Fingerprintကို အသုံးပြုပြီး ကိုယ်ပိုင် Profileများကို အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာက ၀င်းဒိုးကွန်ပြူတာမှာလို User Accountများပြုလုပ်နိုင်ပြီး အကောင့်တစ်ခုချင်းစီအလိုက် ကိုယ်ပိုင် သတင်းအချက်အလက်များ၊ Appsများကို သီးခြား အသုံးပြုနိုင်တာကိုပြောတာပါ။ အဲဒီအတွက် တက်ဘလက်ကို လူများစွာ အသုံးပြုနိုင်ပြီး ပုဂ္ဂလိက သတင်းအချက်အလက်များကို တက်ဘလက်မှာ လုံခြုံစွာ သိမ်းဆည်းနိုင်ပါတယ်။

Tab Sမှာ Samsung Tabletsများမှာ ပါလေ့ရှိတဲ့ Magazine Modeကို အဆင့်မြှင့်ထည့်သွင်းပေးထားပါတယ်။ Magazine Modeမှာ Timelineပါရှိပြီး Calendarမှ သတင်းအချက်အလက်များနဲ့ အချက်ပေးမှု Notificationsများကို တစ်နေရာထဲမှ ကြည့်နိုင်မှာပါ။

Samsungက Tab Sမှာ ကိုယ်ပိုင် Papergardenလို့ ခေါ်တဲ့ ကိုယ်ပိုင် Magazine Platformကို ထည့်သွင်းပေးထားပါတယ်။ Samsungက Condé Nast, Marvel Comics National Geographicတို့နဲ့ ပူးပေါင်းမယ်လို့ ကြေညာထားပါတယ်။

Tab S Tabletနှစ်မျိုးစလုံးရဲ့ အထူဟာ ၆.၆ မီလီမီတာ (၀.၂၆ လက်မ)သာရှိပြီး iPad Airထက်ပါးလွှာပါတယ်။ Tab S အကြီးရဲ့ အလေးချိန်မှာ ၄၆၅ ဂရမ် (၁၆.၄ အောင်စ) နဲ့ အသေးရဲ့ အလေးချိန်မှာ ၂၉၄ ဂရမ် (၁၀.၄ အောင်စ) ဖြစ်ပါတယ်။ နှစ်မျိုးလုံးကို အဖြူနဲ့ ငွေရောင်ထုတ်လုပ်ပေးထားပြီး ကာဗာနဲ့ ကီးဘုတ်များကို သီးခြားရောင်းချပေးမှာ ဖြစ်ပါတယ်။

Tab Sမှာ SideSyncပါရှိပြီး Galaxy S5နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ချိတ်ဆက်ပြီးတာနဲ့ တက်ဘလက်မှာ ဖုန်းရဲ့ မျက်နှာပြင်ကို သေးငယ်တဲ့ ၀င်းဒိုးတစ်ခုမှာ မြင်တွေ့နိုင်ပြီး တက်ဘလက်ကနေ ဖုန်းခေါ်ဆိုနိုင်ပါတယ်။ SideSyncကို အသုံးပြုပြီး Tab Sနဲ့ S5 ကြားမှာ ဖိုင်များပေးပို့နိုင်သလို စမတ်ဖုန်းမှ Appsများကိုတောင် တက်ဘလက်မှာ အသုံးပြုနိုင်ပါသေးတယ်။

တက်ဘလက်မှာ Galaxy Noteအမျိုးအစားများမှာပါတဲ့ Multi-Windowစွမ်းဆောင်ချက်ပါရှိပြီး Appsများကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Appsများကို တက်ဘလက်မှာ ၀င်းဒိုးတစ်ခုစီအနေနဲ့ တစ်ပြိုင်နက်အသုံးပြုနိုင်တာကို ပြောတာပါ။

အမေရိကန်မှာ ၁၀.၅ လက်မ အမျိုးအစားကို ဒေါ်လာ ၄၉၉၊ ၈.၄ လက်မအမျိုးအစားကို ဒေါ်လာ ၃၉၉နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Galaxy Tab Sရဲ့ ဗီဒီယိုကို အောက်မှာလေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *