Featured, Gadgets, Health, Review

Samsungက ကျန်းမာရေး အထောက်အကူပြု Simband စမတ်လက်ပတ်ကို ပြသ

Samsungက ကျန်းမာရေး အထောက်အကူပြု Simband စမတ်လက်ပတ်ကို ပြသ

Samsungက ၀တ်ဆင်သူရဲ့ ကျန်းမာရေးကို တိုင်းတာပေးနိုင်တဲ့ Simbandလို့ အမည်ရတဲ့ စမတ်လက်ပတ်ကို မေလ ၂၈ရက်နေ့က ပြသလိုက်ပါတယ်။ Simbandက ၀တ်ဆင်သူရဲ့ သွေးဖိအား၊ အသက်ရှုမှု၊ နှလုံးခုန်နှုန်း၊ ရေဓါတ်ရရှိမှုနဲ့ သွေးတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပမဏများကို စဉ်ဆက်မပြတ် တိုင်းတာပြသပေးနိုင်ပါတယ်။

Simbandကို ဆန်ဖရန်စစ္စကိုမှာပြုလုပ်တဲ့ Samsung’s “Voice of the Body”ပွဲမှာ သရုပ်ပြခဲ့တာဖြစ်ပြီး ဆေးရုံများမှာ အသုံးပြုတဲ့ ECGစက်မှာ ပြသသလိုပဲ နှလုံးခုန်နှုန်းကို ဂရပ်ဖ်များနဲ့ စဉ်ဆက်မပြတ်ပြသပေးနေတာကိုတွေ့ရပါတယ်။ စမတ်လက်ပတ်မှာ တစ်ရက်တာ အသုံးခံတဲ့ ဘက်ထရီ တပ်ဆင်ထားပါတယ်။ စမတ်လက်ပတ်ဟာ အိပ်စက်နေစဉ်မှာ အလိုအလျှောက်အားသွင်းပေးမှာ ဖြစ်ပြီး ကြိုးများချိတ်ဆက်ပြီး အားသွင်းဖို့မလိုပါဘူး။

Simbandကို Samsung Architecture Multimodal Interactionsအတွက် ထုတ်လုပ်ထားတဲ့ SAMIလို့ ခေါ်တဲ့ Open Software Operating Systemအသစ် ထည့်သွင်း အသုံးပြုထားပါတယ်။ Samsungက အဲဒီ OSဟာ အခြားထုတ်လုပ်သူများရဲ့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများမှ သတင်းအချက်အလက်များကိုတောင် ရယူပေးနိုင်တဲ့ ဘုံသုံးကျန်းမာရေး အထောက်အကူပြု OSလို့ ညွှန်းဆိုထားပါတယ်။ Samsungဟာ Developerများက သူ့ရဲ့ OSအတွက် Appsများ ရေးသားပေးနိုင်အောင် APIsကို ဒီနှစ်ကုန်မှာ ဖြန့်ချီပေးမယ်လို့ပြောပါတယ်။

ဘုံသုံးနိုင်တဲ့ Platformတစ်ခုဖြစ်အောင် ပြုလုပ်နိုင်ပြီဆိုတာနဲ့ Sensorတွေကလည်း ပိုမိုတိကျလာမှာ ဖြစ်ပါတယ်လို့ Samsungရဲ့ ကျန်းမာရေး ထုတ်ကုန်ဌာနမှ အကြီးအကဲ Ram Fishက ပြောပါတယ်။ SAMIဟာ လက်ရှိထုတ်လုပ်ပေးထားတဲ့ S Health Platformအတွက် အားဖြည့်ပေးမယ့်အရာတစ်ခုဖြစ်ပါတယ်လို့ သူကဖြည့်စွက်ပြောပါတယ်။

Simbandကို ရောင်းချမယ့်နေ့ရက်နဲ့ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပါဘူး။ Appleကလည်း ကျန်းမာရေး စောင့်ကြည့်ပေးနိုင်တဲ့ HealthBookကို နောက်တစ်ပတ်မှာ ကြေညာတော့မယ်လို့ ပြောနေကြတဲ့အတွက် Samsungရဲ့ အခုကြေညာမှုဟာ Appleကို နှာတစ်ဖျားသာအောင် ပြုလုပ်တာလို့ သုံးသပ်မိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *