Featured, News, Review

Forbesရဲ့ ကမ္ဘာ့အမျိုးသမီးစွမ်းဆောင်ရှင် တစ်ရာတွင် နည်းပညာနယ်ပယ်မှ အမျိုးသမီးများ ဦးဆောင်နေ

Forbesရဲ့ ကမ္ဘာ့အမျိုးသမီးစွမ်းဆောင်ရှင် တစ်ရာတွင် နည်းပညာနယ်ပယ်မှ အမျိုးသမီးများ ဦးဆောင်နေ

အမျိုးသမီး နည်းပညာရှင်တွေဟာ အမျိုးသားတွေပဲ သိမ်းပိုက်ထားတဲ့ Silicon Valleyတောင်ကြားကို ထိုးဖောက်၀င်ရောက်လာပါပြီ။ Forbesရဲ့ ၂၀၁၄ခုနှစ်အတွက် ကမ္ဘာ့အမျိုးသမီး စွမ်းဆောင်ရှင် အယောက်တစ်ရာ စာရင်းမှာ နည်းပညာနယ်ပယ်မှ အမျိုးသမီးနှစ်ယောက် အသစ်ပါရှိလာပါတယ်။ ဒီနှစ်မှာတော့ Facebook COO Sheryl Sandbergက အဆင့်ကိုး၊ IBMရဲ့ ပထမဆုံးအမျိုးသမီး Chairman and CEO Ginni Romettyက အဆင့်တစ်ဆယ်၊ Yahooရဲ့ Marissa Mayerက အဆင့် ၁၈ နေရာ၊ Hewlett Packard(HP)ရဲ့ Meg Whitmanက အဆင့် ၁၉ နေရာ စတာတွေအပါအ၀င် ထိပ်ဆုံး ၂၅ ယောက်ထဲမှာ နည်းပညာနယ်ပယ်မှ အမျိုးသမီး ခုနစ်ယောက် ပါ၀င်လာပါတယ်။ ထိပ်ဆုံးတစ်ရာစာရင်းမှာ နည်းပညာနယ်ပယ်မှ စုစုပေါင်း အမျိုးသမီး ၁၈ ယောက်ပါ၀င်လာပြီး မျက်နှာသစ်တွေလည်း ပါ၀င်လာပါတယ်။ မျက်နှာသစ်တွေက အဆင့် ၁၂ သတ်မှတ်ခံရတဲ့ YouTube CEOအသစ် Susan Wojcicki၊ ထိုင်၀မ်စမတ်ဖုန်း ထုတ်လုပ်သူ၊ HTCရဲ့ ပူးတွဲတည်ထောင်သူ Cher Wang၊ Ciscoရဲ့ နည်းပညာနဲ့ မဟာဗျူဟာအရာရှိ Padmasreee Warriorတို့ ဖြစ်ပါတယ်။

ဂျာမန် ၀န်ကြီးချုပ် Angela Merkelက အဆင့်တစ်နေရာကို ကိုးကြိမ်မြောက် ရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးနယ်ပယ်ထဲမှာတော့ အရင် နိုင်ငံခြားရေး၀န်ကြီး Hilary Clintonက အရင်နှစ် အဆင့်လေးနေရာကနေ ဒီနှစ်မှာ အဆင့်ခြောက်နေရာကို ကျဆင်းသွားပါတယ်။ အသက် ၆၆ နှစ်အရွယ် Hilary Clintonဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မှာ ဖြစ်သလို ကမ္ဘာ့စောင့်ကြည့်အခံရဆုံး အမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်တယ်လို့ Forbesက ဖော်ပြထားပါတယ်။

အခုလက်ရှိ အမေရိကန်ရဲ့ First Ladyဖြစ်သူ Michelle Obamaက အဆင့်ရှစ်နေရာရောက်ရှိသွားပြီး အရင်နှစ်ကထက် တစ်နေရာ လျော့ကျသွားတာဖြစ်ပါတယ်။ အဆင့်နှစ်နေရာကို ခုန်ပျံရောက်ရှိလာတာကတော့ အမေရိကန် အစိုးရရဲ့ Federal Reserveမှ Janet Yellenဖြစ်ပါတယ်။ Bill and Melinda Gates Foundationကို ခင်ပွန်းသည် Bill Gatesနဲ့ ပူးတွဲတည်ထောင်သူ Melinda Gatesကတော့ အဆင့်သုံးနေရာမှာဖြစ်ပါတယ်။ Melinda Gatesဟာ Hilary Clinton, မီဒီယာမှ ကျော်ကြားသူ Oprah Winfrey, အဲလိဇဘက် ဘုရင်မကြီး(၂)တို့လိုပဲ Forbesရဲ့ ရွေးချယ်မှုမှာ ၂၀၀၄ ခုနှစ်မှာရော ဒီနှစ်မှာပါ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ဒီနှစ် စွမ်းဆောင်ရှင်အမျိုးသမီး တစ်ရာစာရင်းမှာ မျက်နှာသစ် ၁၈ယောက် ပါရှိလာပါတယ်။ Forbesက နိုင်ငံတကာမှ အမျိုးသမီးများကို ရွေးချယ်တာဖြစ်ပေမယ့် ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ အမေရိကန်မှ ဖြစ်တာကို တွေ့ရပါတယ်။

အဆိုတော် Beyonceက အဆင့် ၁၇ နေရာမှာရောက်ရှိနေပြီး အနုပညာနယ်ပယ်မှ အမျိုးသမီးများထဲမှာတော့ ထိပ်ဆုံးနေရာဖြစ်ပါတယ်။ Modern Familyရုပ်သံစီးရီးမှ Sofia Vergaraက အဆင့် ၃၂ ဖြစ်ပြီး မင်းသမီး Angelina Jolieက အဆင့် ၅၀ နေရာမှာဖြစ်ပါတယ်။ အဲဒီသုံးယောက်သာ အနုပညာနယ်ပယ်မှ စွမ်းဆောင်ရှင်တစ်ရာ စာရင်းမှာ ပါတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ရဲ့ အမျိုးသမီးစွမ်းဆောင်ရှင် တစ်ရာမှ ထိပ်ဆုံး ၂၅ ယောက်ကို အောက်မှာ အစဉ်လိုက်ဖော်ပြလိုက်ပါတယ်။

TOP 25 MOST POWERFUL WOMEN IN THE WORLD
1 – Angela Merkel, Chancellor, Germany
2 – Janet Yellen, Chair, Federal Reserve, U.S.
3 – Melinda Gates, Co-chairman of Bill & Melinda Gates Foundation, U.S.
4 – Dilma Rousseff, President, Brazil
5 – Christine Lagarde, managing director of the International Monetary Fund, U.S.
6 – Hillary Clinton, former secretary of state, U.S.
7 – Mary Barra, CEO, General Motors, U.S.
8 – Michelle Obama, First Lady, U.S.
9 – Sheryl Sandberg, chief operating officer of Facebook, U.S.
10 – Virginia Rometty, CEO, IBM, U.S.
11 – Geun-hye Park, President, South Korea, South Korea
12 – Susan Wojcicki, CEO, YouTube, U.S.
13 – Indra Nooyi, chief executive of PepsiCo, U.S.
14 – Oprah Winfrey, Entrepreneur, Personality, U.S.
15 – Irene Rosenfeld, CEO, Mondelez International, U.S.
16 – Maria das Graças Silva Foster. CEO, Petrobras, Brazil
17 – Beyonce Knowles, Actress, Entrepreneur, Musician, U.S.
18 – Marissa Mayer, CEO, Yahoo, U.S.
19 – Cristina Kirchner, President, Argentina
20 – Meg Whitman, CEO, Hewlett-Packard, U.S.
21 – Marillyn Hewson, CEO, Lockheed Martin, U.S.
22 – Ursula Burns, Chairman and CEO, Xerox, U.S.
23 – Helen Clark, Administrator, United Nations Development Programme, New Zealand
24 – Safra Catz, CFO, Oracle Corp, U.S.
25 – Michelle Bachelet, President, Chile

IBM's first-ever female chairman and CEO Ginni Rometty

IBM’s first-ever female chairman and CEO Ginni Rometty

CEO of YouTube Susan Wojcicki

CEO of YouTube Susan Wojcicki

Hewlett Packard's long-time Meg Whitman

Hewlett Packard’s long-time Meg Whitman

Yahoo's Marissa Mayer

Yahoo’s Marissa Mayer

Cisco's Chief Technology and Strategy Officer Padmasreee Warrior Read more: http://www.dailymail.co.uk/news/article-2641853/Americas-female-techies-Silicon-Valley-Forbes-Most-Powerful-Women-list.html#ixzz335z2GNKF Follow us: @MailOnline on Twitter | DailyMail on Facebook

Cisco’s Chief Technology and Strategy Officer Padmasreee Warrior

German Federal Chancellor Angela Merkel

German Federal Chancellor Angela Merkel

 Beyonce Knowles

Beyonce Knowles

Angelina Jolie

Angelina Jolie

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *