Featured, News, Review

Leonardo DiCaprioနှင့် အတူ အာကာသသို့ ခရီးသွားခွင့် ဒေါ်လာ ၁.၅ သန်းဖြင့် လေလံတင် ရောင်းချပြီး

Leonardo DiCaprioနှင့်အတူ အာကာသသို့ ခရီးသွားခွင့်ကို ဒေါ်လာ ၁.၅သန်း (ယူရို ၁.၂ သန်း)ဖြင့် ပြင်သစ်နိုင်ငံ ကိန်းမြို့မှာ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။ အေအိုင်ဒီအက်စ် သုတေသနအတွက် ဖောင်ဒေးရှင်းဖြစ်တဲ့ amfARက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။

မင်းသမီးကြီး Sharon Stoneက “လေလံနိုင်သူဟာ အာကာသသို့ မသွားမီမှာ New Mexicoမှာရှိတဲ့ လေ့ကျင့်ရေးသင်တန်းမှာ မင်းသားချောနဲ့အတူ သုံးရက်ကြာ လေ့ကျင့်ရမှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

လေလံဈေးနှုန်းကို ယူရိုတစ်သန်း (ဒေါ်လာ ၁.၂၉ သန်း)နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

အနိုင်ရရှိသွားသူကတော့ မိုနာကိုမှာနေတဲ့ ရုရှားလူမျိုး Vasily Klyukin( ၃၇ နှစ်) ဖြစ်ပါတယ်။ သူဟာ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူဖြစ်ပါတယ်။ အာကာသကို ခရီးသွားဖို့ ဆေးလိပ်ဖြတ်ရတော့မယ်လို့ သူကပြောပါတယ်။

ကံထူးသူဟာ မင်းသားနဲ့အတူ Virgin Galatic အာကာသ ခရီးသွား၀န်ဆောင်မှု ကုမ္ပဏီရဲ့ SpaceShip Twoအာကာသယာဉ်ကို စီးနင်းပြီး ၂၀၁၅ ခုနှစ်မှာ အာကာသသို့ ခရီးသွားရမှာဖြစ်ပါတယ်။ SpaceShip Twoကို မိခင်အာကာသယာဉ် WhiteKnightTwoက အမြင့်ပေ ငါးသောင်းအထိ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီအမြင့်ရောက်ရှိရင်တော့ မိခင်အာကာသယာဉ်က SpaceShip Twoကို လွှတ်ချပေးမှာ ဖြစ်ပြီး SpaceShip Two က သူ့ဘာသာ အာကာသသို့ ဆက်လက်မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

Virgin Galacticရဲ့ တည်ထောင်သူ Sir Richard Bransonက သူနဲ့ သူ့ရဲ့ မိသားစုဟာ ပထမဆုံး အာကာသခရီးစဉ်မှာ မင်းသား Leonardo DiCaprioနဲ့ အတူ လိုက်ပါမယ်လို့ ပြောပါတယ်။ SpaceShip Twoကို အကြိမ်များစွာ စမ်းသပ်မောင်းနှင်ပြီးဖြစ်ပါတယ်။

SpaceShip Twoဟာ SpaceShip Oneရဲ့ မျိုးဆက်ဖြစ်ပြီး Oneဟာ နှစ်ပတ်အတွင်းမှာ အာကာသနဲ့ ကမ္ဘာမြေကို အသွားအပြန်နှစ်ခေါက် ပြုလုပ်ခဲ့နိုင်တဲ့အတွက် ၂၀၀၄ ခုနှစ်မှာ Ansari X Prizeဖြစ်တဲ့ ဒေါ်လာဆယ်သန်းကို ရရှိခဲ့ပါတယ်။

Virgin Galacticဟာ တစ်ခုတည်းသော အာကာသခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီ မဟုတ်ဘဲ XCOR Aerospaceကလည်း သူ့ရဲ့ အာကာသယာဉ် Lynxနဲ့ အတူ အာကာသသို့ ခရီးသွားဖို့ နေရာတစ်နေရာကို ဒေါ်လာ ၉၅၀၀၀နဲ့ ရောင်းချပေးနေပါတယ်။ Lynxရဲ့ ခရီးစဉ်ဟာလည်း SpaceShip Twoလိုပဲ ၂၀၁၅ ခုနှစ်မှာ စတင်မှာ ဖြစ်ပါတယ်။

မိခင်အာကာသယာဉ်က SpaceShip Twoကို မြေပြင်မှ သယ်ဆောင်သွားပုံနဲ့ SpaceShip Twoက အာကာသသို့ ဆက်လက် မောင်းနှင်သွားပုံကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *