News

ဗြိတိသျှကောင်စီ မြန်မာတွင် မြန်မာပရိသတ်များအတွက် ယူကေနိုင်ငံမှ ဆုရ မှတ်တမ်း ရုပ်ရှင်များကို လစဉ် (၂၀၁၄ မေလ မှ ဒီဇင်ဘာလ အထိ) ပြသမည်

Mugabe and the White African

ဗြိတိသျှကောင်စီ မြန်မာတွင် မြန်မာပရိသတ်များအတွက် ယူကေနိုင်ငံမှ ဆုရ မှတ်တမ်း ရုပ်ရှင်များကို လစဉ် (၂၀၁၄ မေလ မှ ဒီဇင်ဘာလ အထိ) ပြသမည် ဖြစ်ပါသည်။
ဩဂုတ်လ အတွက် ပြသမည့် ရုပ်ရှင်မှာ ဒါရိုက်တာ Lucy Bailey နှင့် Andrew Thompson တို့မှ ရိုက်ကူးထားသည့် Mugabe and the White African ဖြစ်ပါသည်။

နေ့ရက် – ၂၀၁၄ ဩဂုတ်လ ၂၁ ရက် (ကြာသပတေးနေ့)
အချိန် – ညနေ ၆ နာရီ မှ ၈ နာရီ အထိ
နေရာ – ဗြိတိသျှကောင်စီ စာကြည့်တိုက် (အမှတ် ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့)

မူဂါဘီနှင့် အာဖရိကသားလူဖြူ (Mugabe and the White African)
ဇင်ဘာဘွေနိုင်ငံတွင် သမ္မတ ရောဘတ်မူဂါဘီ၏ အကြမ်းဖက်သော မြေယာပြုပြင်ပြောင်းလဲရေး အစီအစဉ် ၂၀ဝ၀ ခုနှစ်တွင် စတင်ခဲ့ချိန်မှ နောက်ပိုင်း နိုင်ငံအတွင်း ကျန်ရှိနေသေးသော လူဖြူလယ်သမား ရာဂဏန်း အနည်းငယ်အနက် မိုက်ကယ်ကင်းဘဲလ်လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။
မတရားမှုနှင့် ရက်စက်ကြမ်းကြုတ်မှု ဖုံးလွှမ်းလာသည်ကို လူတစ်ယောက်နှင့် ၎င်း၏မိသားစုတို့က သတ္တိ ပြောင်မြောက်စွာ ရင်ဆိုင်ခဲ့ပုံ ဖြစ်စဉ်ကို အသေးစိတ် ရသမြောက်စွာနှင့် မကြာခဏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားပါသည်။

ဗြိတိသျှကောင်စီသည် ဂရီယာဆန် အကျိုးဆောင်ရန်ပုံငွေအဖွဲ့နှင့် ကာလကြာရှည်စွာ မိတ်ဖက်အဖြစ် ဆောင်ရွက်ခဲ့ရာ ယူကေမှ ဆုရ မှတ်တမ်းရုပ်ရှင်များ အမျိုးအစား အားလုံးကို ကမ္ဘာတစ်ဝှန်းမှ ပရိတ်သတ်များ မျက်မှောက်သို့ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

John Grierson (1898-1972) သည် Drifters and Night Mail မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအဖြစ် နာမည်ကျော်ပြီး မှတ်တမ်းရုပ်ရှင်၏ ဖခင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံရသူ ဖြစ်ပါသည်။ဂရီယာဆန် အကျိုးဆောင် ရန်ပုံငွေအဖွဲ့သည် နှစ်စဉ် ဂုဏ်သတင်းကျော်ကြားသော ဗြိတိသျှမှတ်တမ်း ရုပ်ရှင်ဆုကို ချီးမြှင့်လျက် ဗြိတိန်နိုင်ငံနှင့် အခြားနိုင်ငံများမှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ရိုက်ကူး တင်ဆက်ခြင်းကို အသိအမှတ်ပြုလျက် ရှိပါသည်။ နှစ်စဉ် အကောင်းဆုံးအဖြစ် အဆိုပြုသော မှတ်တမ်းရုပ်ရှင်များကို အထူး ကြည့်ရှုသုံးသပ်ခွင့် ရရှိခဲ့ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *